ကြောက်မက်ဖွယ်သော အရာတို့သည် ငါ့အပေါ်သို့ရောက်၍၊ လေတိုက်သကဲ့သို့ ငါ့ဘုန်းကို လိုက်သဖြင့်၊ ငါ့စည်းစိမ်သည် မိုးတိမ်ကဲ့သို့ လွင့်ကုန်ပြီ။
အကျွန်ုပ်ထလျှင် ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်အပေါ်သို့ ခုန်၍ ကြောက်မက်ဖွယ်သော အခြင်းအရာတို့ကို ပြတော်မူ၏။
ငါကြောက်သောအမှုသည် ငါ၌ရောက်လာပြီ။ ငါအလွန်ကြောက်သောဘေးသည် ငါ့ကိုတွေ့မိပြီ။
ကျယ်သော တွင်းပေါက်၌ ဝင်သကဲ့သို့၊ ငါ့ကိုတိုက်၍ ဖြိုဖျက်ရာကို ခိုလှုံလျက်၊ ငါ့ထံသို့ တစ်ဟုန်တည်း ပြေးလာကြ၏။
ငါသည် ဘုရားသခင် ဖျက်ဆီးတော်မူခြင်းဘေးကို ကြောက်ရွံ့၍၊ တန်ခိုးအာနုဘော်တော်ကြောင့် မပြစ်မှားဝံ့ဘဲနေပါပြီ။
အနန္တတန်ခိုးရှင် ပစ်တော်မူသော မြားတို့သည် ငါ၌စွဲ၍၊ အဆိပ်အတောက်ဖြင့် ငါ့ဝိညာဉ်ကို မွန်းစေ၏။ ဘုရားသခင်ပြတော်မူသော ကြောက်မက်ဖွယ်အရာတို့သည် ငါ့ရှေ့မှာ စီလျက်ရှိကြ၏။
ကိုယ်တော်သည် ကြောက်မက်ဖွယ်သော အိပ်မက်ကို ပေးတော်မူ၏။ ညရူပါရုံအားဖြင့် ငါ့ကို ထိတ်လန့်စေတော်မူ၏။
မိုးတိမ်သည် ပြယ်ပျောက် ကွယ်လွင့်သကဲ့သို့၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တစ်ဖန် မတက်ရ။
သူတို့သည် အကျွန်ုပ်အပေါ်၌ အပြစ်ကိုသက်ရောက်စေ၍၊ ဒေါသစိတ်နှင့် မုန်းကြပါ၏။
အကျွန်ုပ်သည် ဒုက္ခဝေဒနာကိုခံရ၍ သေဆဲရှိပါ၏။ စီရင်တော်မူသောဘေးများကို ငယ်သောအရွယ်ကပင် ခံရ၍ ပင်ပန်းပါ၏။
အမျက်တော်သည် အကျွန်ုပ်ကို လွှမ်းမိုးပါ၏။ စီရင်တော်မူသော ဘေးတို့သည် အကျွန်ုပ်၏အသက်ကို ညှဉ်းဆဲသည်တိုင်အောင်၊
သင်၏ဒုစရိုက်တို့ကို တိမ်တိုက်ကဲ့သို့လည်းကောင်း၊ သင်၏အပြစ်တို့ကို တိမ်လွှာကဲ့သို့လည်းကောင်း ငါချေပြီ။ ငါ့ထံသို့ပြန်လာလော့။ သင့်ကိုငါ ရွေးနုတ်ပြီ။
ထိုကြောင့်၊ သူတို့သည် နံနက်မိုးတိမ်ကဲ့သို့လည်းကောင်း၊ စောစောကွယ်ပျောက်တတ်သော နှင်းကဲ့သို့လည်းကောင်း၊ ကောက်နယ်တလင်းမှ လေပွေတိုက်သွားသော ဖွဲကဲ့သို့လည်းကောင်း၊ မီးဖိုထဲကထွက်သော မီးခိုးကဲ့သို့လည်းကောင်း ဖြစ်ရကြလိမ့်မည်။
အို ဧဖရိမ်၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ အို ယုဒ၊ သင်၌ အဘယ်သို့ ငါပြုရမည်နည်း။ သင်တို့ ကြည်ညိုသောစိတ်သည် နံနက်မိုးတိမ်ကဲ့သို့လည်းကောင်း၊ စောစောပျောက်တတ်သော နှင်းကဲ့သို့လည်းကောင်း ဖြစ်၏။