ယောဘဝတ္တု။ 3:13Judson Bibleထိုသို့မပြုလျှင် ငါသည်အိပ်၍ ငြိမ်းပြီ။ ပျော်လျက်နေရပြီ။ အခန်းကိုကြည့်ပါ။ |
သေခြင်းအရိပ်ဖြစ်စေသော ညကဲ့သို့ တစ်ခဲနက်မိုက်သဖြင့်၊ အလင်းပင် မှောင်မိုက်သက်သက်ဖြစ်၍၊ ရှင်းလင်းခြင်း အလျှင်းမရှိသောပြည်၊ အကျွန်ုပ်တစ်ခါရောက်ပြီးမှ တစ်ဖန်ပြန်၍ မလာရသောပြည်သို့ အကျွန်ုပ်သွား၍မရောက်မီ၊ သက်သာခြင်းအနည်းငယ် ရှိပါမည်အကြောင်း နေတော်မူပါ။ အကျွန်ုပ်ကို တတ်တိုင်းရှိစေတော်မူပါဟု မြွက်ဆို၏။
သူတို့သည် ရှေးကာလ၌ လဲ၍သေသော၊ အရေဖျားလှီးခြင်းကို မခံသော လူကြီးတို့နှင့် အတူအိပ်၍ နေရကြလိမ့်မည် မဟုတ်လော။ ထိုလူကြီးတို့သည် အသက်ရှင်သောသူတို့၏နေရာ၌ လူကြီးတို့ကို ကြောက်စေတတ်သော်လည်း၊ စစ်တိုက်လက်နက်ပါလျက် မရဏနိုင်ငံထဲသို့ ဆင်းသွား၍၊ မိမိဓားကို မိမိခေါင်းအောက်မှာ ထားလျက်၊ မိမိတို့အရိုးပေါ်မှာ မိမိတို့အပြစ် တည်လျက်ရှိကြ၏။