ထာဝရဘုရား မိန့်တော်မူသည်ကား၊ မြစ်ကဲ့သို့ချမ်းသာကိုလည်းကောင်း၊ စီးသောရေကဲ့သို့ တစ်ပါးအမျိုးသားတို့၏ စည်းစိမ်ကိုလည်းကောင်း ယေရုရှလင်မြို့သို့ ငါရောက်စေမည်။ သင်တို့သည် သားမြတ်ကိုစို့၍ ခါး၌ချီခြင်း၊ ဒူးပေါ်မှာ မြှူခြင်းကို ခံစားရကြလိမ့်မည်။