Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 3:14

Judson Bible

မြို့​ပျက်​တို့​ကို ပြင်​ဆင်​ပြု​စု​သော လော​ကီ​ရှင်​ဘု​ရင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ဘိုး​ဘေး​တို့​နှင့်​အိပ်​ပျော်၍ ခ​မည်း​တော်​ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ရော​ဗောင်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။

ဒါ​ဝိဒ်​သည် ဘိုး​တော်​ဘေး​တော်​တို့​နှင့် အိပ်​ပျော်၍ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​တော်​မူ၏။

တိုင်​ပင်​မှူး​မတ်​တို့​ကို ဖမ်း​ဆီး​သိမ်း​သွား​တော်​မူ၏။ တ​ရား​သူ​ကြီး​တို့​ကို ရူး​သွပ်​စေ​တော်​မူ၏။

ရှင်​ဘု​ရင်​တို့​ကို အ​ရာ​မှ​ချ၍ ခါး​ကြိုး​နှင့် ချည်​တော်​မူ၏။

သို့​သော်​လည်း လူ​ဆိတ်​ညံ​သော​မြို့၊ အ​ဘယ်​သူ​မျှ​မ​နေ။ လဲ​လု​သော​အိမ်​တို့၌ သူ​သည်​နေ​ရ၏။

သေ​ခြင်း​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​ခပ်​သိမ်း​တို့​အ​ဖို့ စီ​ရင်​သော​နေ​ရာ​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​မည်​ဟု အ​ကျွန်ုပ်​သိ​ပါ၏။

ထို​သူ​တို့​ကို သိုး​များ​ကဲ့​သို့ မ​ရ​ဏ​နိုင်​ငံ၌​ချ​ထား၍ သေ​မင်း​စား​လိမ့်​မည်။ ကာ​လ​မ​ကြာ​မ​မြင့်​မီ ဖြောင့်​မတ်​သော​သူ​တို့​သည် အုပ်​စိုး​ရ​ကြ​လိမ့်​မည်။ သူ​တို့၏​ကိုယ်​ခ​န္ဓာ​သည် ဖောက်​ပြန်​ဖို့​ရာ​ဖြစ်၏။ မ​ရ​ဏနိုင်​ငံ​သည် သူ​တို့၏​နေ​ရာ​ဖြစ်၏။

သေ​ခြင်း​သို့​မ​ရောက်၊ အ​သက်​ရှင်၍ မိ​မိ​ဝိ​ညာဉ်​ကို မ​ရ​ဏာ​နိုင်​ငံ​တန်​ခိုး​မှ ကယ်​နုတ်​နိုင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။

နာမ်​ဝိ​ညာဉ်​ကို​အ​စိုး​ရ၍ ချုပ်​ထား​နိုင်​သော​လူ တစ်​ယောက်​မျှ​မ​ရှိ။ သေ​ချိန်​ရောက်​သော​အ​ခါ တန်​ခိုး​မ​ရှိ။ ထို​စစ်​မှု​ထဲ​က ထွက်​စ​ရာ​အ​ခွင့် မ​ရှိ။ ဒု​စ​ရိုက်​ကို​ပြု​သော်​လည်း၊ ဒု​စ​ရိုက်​သည် ထို​အ​မှု​ထဲ​က မ​ကယ်​မ​နုတ်​နိုင်။

အ​ပြည်​ပြည်​သော ရှင်​ဘု​ရင်​အ​ပေါင်း​တို့​သည် အ​သီး​အ​သီး မိ​မိ​တို့​စေ​တီ၌ ဘုန်း​အ​သ​ရေ​နှင့် အိပ်​ကြ၏။

မြင့်​သော​အ​ရပ်၌ ကိုယ်​သင်္ချိုင်း​တွင်း​ကို ထွင်း၍၊ ကိုယ်​နေ​ရာ​ကို ကျောက်၌​ထု​လုပ်​သော​သူ၊ သင်​သည် ဤ​အ​ရပ်၌ သင်္ချိုင်း​တွင်း​ကို ကိုယ်​အ​ဖို့​ထွင်း​စေ​ခြင်း​ငှာ၊ ဤ​အ​ရပ်​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ဤ​အ​ရပ်​သား​တို့​တွင် အ​ဘယ်​သူ​နှ​င့် ဆိုင်​သ​နည်း။

မိ​မိ​တို့​သည် မြေ၏​အ​လယ်၌ တစ်​စု​တည်း​နေ​ရာ​ကျ၍၊ လပ်​သော​အ​ရပ်​မ​ရှိ​စေ​ခြင်း​ငှာ၊ အိမ်​တစ်​ဆောင်​နှင့် တစ်​ဆောင်​ကို​လည်း​ကောင်း၊ လယ်​တစ်​ကွက်​နှင့် တစ်​ကွက်​ကို​လည်း​ကောင်း၊ ဆက်​တတ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။

သင်၏​အ​မျိုး​အ​နွယ်​သည် ရှေး​ပြို​ပျက်​ရာ​တို့​ကို ပြု​ပြင်​ကြ​လိမ့်​မည်။ ရှေး​ကာ​လ၌ တည်​ဖူး​သော တိုက်​မြစ်​များ​အ​ပေါ်​မှာ ထပ်​ဆင့်၍ တည်​ဆောက်​ကြ​လိမ့်​မည်။ သင်​သည်​လည်း၊ ပြို​ပျက်​သော မြို့​ရိုး​ကို ပြု​ပြင်​သော​သူ၊ လူ​နေ​ရာ​လမ်း​များ​ကို ပြင်​ဆင်​သော​သူ​ဟူ၍ သ​မုတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ရှေး​လူ​ဟောင်း​တို့​နေ​ရာ မြေ​တွင်း​ထဲ​သို့ ဆင်း​သော​သူ​တို့​နှင့်​အ​တူ သင့်​ကို​ငါ​နှိမ့်​ချ၍၊ သင်၌ လူ​မ​နေ​စေ​ခြင်း​ငှာ မြေ​တွင်း​ထဲ​သို့ ဆင်း​သော​သူ​တို့​နှင့်​အ​တူ၊ ရှေး​ကာ​လ​မှ​စ၍ ဆိတ်​ညံ​ရာ​အ​ရပ်၊ မြေ​အောက်​အ​ရပ်​တို့၌ ငါ​ချ​ထား​မည်။ ထို​အ​ခါ အ​သက်​ရှင်​သော​သူ​တို့၏ နေ​ရာ၌ ငါ့​ဘုန်း​ကို ငါ​ဖွင့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ