Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 27:21

Judson Bible

အ​ရှေ့​လေ​လွှင့်၍ သူ​သည်​မိ​မိ​နေ​ရာ၌ မ​တည်။ လေ​အ​ဟုန်​ဖြင့် ပါ​သွား​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ့​ကို​အ​လင်း​ထဲ​က မှောင်​မိုက်​ထဲ​သို့ မောင်း၍ လူ့​ပြည်​မှ​နှင်​ထုတ်​ရ၏။

သူ​သည် အိပ်​မက်​ကဲ့​သို့​လွင့်​ပြား၍ နောက်​တစ်​ဖန် မ​တွေ့​ရ။ ည​ရူ​ပါ​ရုံ​ကဲ့​သို့ ကွယ်​ပျောက်​ရ​လိမ့်​မည်။

သူ​တို့​သည် လေ​ရှေ့​မှာ​အ​မှိုက်​နှင့် မုန်​တိုင်း​တိုက်​သွား​သော ဖွဲ​ကဲ့​သို့ ဘယ်​နှစ်​ကြိမ်​ဖြစ်​ဖူး​သည်​ကို​လည်း​ကောင်း၊

အ​ကျွန်ုပ်​ကို​ချီ​သွား၍၊ လေ​ကို​စီး​စေ​သ​ဖြင့်၊ အ​ကျွန်ုပ်၏ ကိုယ်​ခ​န္ဓာ​ကို ဖြုတ်​လွှင့်​တော်​မူ၏။

မိ​မိ​အိမ်​သို့ မ​ပြန်​ရ။ သူ၏​နေ​ရင်း​အ​ရပ်​သည် နောက်​တစ်​ဖန် သူ့​ကို​မ​သိ​ရ။

အ​မျက်​ထွက်​တော်​မူ​သော​ကြောင့်၊ အ​ကျွန်ုပ်​သည်​ပြာ​ကို မုန့်​ကဲ့​သို့ စား​ရ​ပါ၏။ သောက်​သော​အ​ခါ​လည်း၊ မျက်​ရည်​ရော၍ သောက်​ရ​ပါ၏။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို ချီး​မြှောက်​ပြီး​မှ အောက်​သို့ ချ​တော်​မူ​ပြီ။

မ​တ​ရား​သော​သူ​တို့​အ​ပေါ်​မှာ တောက်​သော​မီး​ခဲ၊ ကန့်​နှင့်​ရော​သော​မီး​လျှံ၊ ပူ​လောင်​သော မုန်​တိုင်း​ကို​သက်​ရောက်​စေ၍၊ သူ​တို့​သောက်​စ​ရာ​ဖို့ စီ​ရင်​တော်​မူ​မည်။

ဆူး​ပင်​နှင့် မွေး​သော​မီး​ပူ​မှန်း​ကို အိုး​တို့​သည်​မ​သိ​မီ၊ အ​သက်​ရှင်​သော​ဆူး​ပင်​နှင့် မီး​လောင်​လျက်​ရှိ​သော ဆူး​ပင်​တို့​ကို လေ​ပွေ​တိုက်​သွား​ပါ​စေ​သော။

ထို​နည်း​တူ၊ မိုး​သက်​မုန်​တိုင်း​တော်​အား​ဖြင့် သူ​တို့​ကို​ညှဉ်း​ဆဲ၍၊ ပြင်း​စွာ​သော လေ​တော်​အား​ဖြင့် ခြောက်​လှန့်​တော်​မူ​ပါ။

ငါ​သည် အ​ရှေ့​လေ​ကဲ့​သို့ သူ​တို့​ကို ရန်​သူ​ရှေ့​မှာ လွင့်​စေ​မည်။ ဘေး​ရောက်​သော​ကာ​လ၌ သူ​တို့​အား မျက်​နှာ​ကို​မ​ပြ၊ ကျော​ကို​ပြ​မည်။

မိ​မိ​ညီ​အစ်​ကို​တို့​တွင် အ​သီး​များ​စွာ သီး​တတ်​သော်​လည်း၊ အ​ရှေ့​လေ​လာ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​လေ​သည် တော​မှ​လာ၍ သူ၏​စမ်း​ရေ​တွင်း​ကို ခန်း​ခြောက်​စေ​သ​ဖြင့် ရေ​ပြတ်​လိမ့်​မည်။ ဘ​ဏ္ဍာ​တိုက်၌ ရှိ​သ​မျှ​သော တန်​ဆာ​အ​ကောင်း​အ​မြတ်​တို့​ကို ရန်​သူ လု​ယူ​လိမ့်​မည်။

မိုး​ရွာ၍ ရေ​စီး​သည်​နှင့် လေ​လာ၍ ထို​အိမ်​ကို တိုက်​သော​အ​ခါ၊ ကြီး​စွာ​သော ပြို​လဲ​ခြင်း​သို့ ရောက်​လေ​သည်​ဟု ဟော​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ