Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 27:22

Judson Bible

ဘု​ရား​သ​ခင်​သည် မ​သ​နား​ဘဲ ဒဏ်​ခတ်​တော်​မူ​သ​ဖြင့်၊ လက်​တော်​မှ လွတ်​ခြင်း​ငှာ အ​လို​ရှိ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်​သည် လူ​ဆိုး​မ​ဟုတ်​ကြောင်း​နှင့် လက်​တော်​မှ အ​ဘယ်​သူ​မျှ မ​ကယ်​မ​နုတ်​နိုင်​ကြောင်း​ကို သိ​တော်​မူ၏။

ဆိုး​သော​သူ​တို့၏​မျက်​စိ​သည် အား​လျော့​လိမ့်​မည်။ သူ​တို့​သည် ပြေး၍​မ​လွတ်​ရ​ကြ။ သူ​တို့ မျှော်​လင့်​စ​ရာ​အ​ကြောင်း​သည် အ​ခိုး​အ​ငွေ့​သက်​သက် ဖြစ်​သည်​ဟု မြွက်​ဆို၏။

သံ​လက်​နက်​ကို ရှောင်၍​ပြေး​သော်​လည်း၊ ကြေး​ဝါ​လေး​ဖြင့် ထုတ်​ချင်း​ခွင်း​လိမ့်​မည်။

မ​တ​ရား​သော​သူ​တို့​အ​ပေါ်​မှာ တောက်​သော​မီး​ခဲ၊ ကန့်​နှင့်​ရော​သော​မီး​လျှံ၊ ပူ​လောင်​သော မုန်​တိုင်း​ကို​သက်​ရောက်​စေ၍၊ သူ​တို့​သောက်​စ​ရာ​ဖို့ စီ​ရင်​တော်​မူ​မည်။

သို့​မ​ဟုတ် ယ​ခု​ကာ​လ​အ​ခါ​သင်၏​နှ​လုံး၌​လည်း​ကောင်း၊ သင်၏​ကျွန်​များ၊ လူ​များ၌​လည်း​ကောင်း၊ ငါ၏​ဘေး​ဒဏ်​အ​လုံး​စုံ​တို့​ကို သင့်​ရောက်​စေ​မည်။ မြေ​ကြီး​တစ်​လျှောက်​လုံး၌ ငါ​ကဲ့​သို့​သော​သူ​မ​ရှိ​ကြောင်း​ကို သင်​သည်​သိ​ရ​လိမ့်​မည်။

ငါ​ကြည့်​ရှု​စီ​ရင်​သည်​ကာ​လ၊ အ​ဝေး​က​ရောက်​လ​တ္တံ့​သော ဖျက်​ဆီး​ခြင်း​ဖြစ်​သည်​ကာ​လ၌၊ သင်​တို့​သည် ချမ်း​သာ​ရ​အံ့​သော​ငှာ၊ အ​ဘယ်​သူ​ထံ​သို့ ပြေး​ကြ​လိမ့်​မည်​နည်း။ သင်​တို့​စည်း​စိမ်​ဥ​စ္စာ​ကို အ​ဘယ်​မှာ​သို​ထား​ကြ​လိမ့်​မည်​နည်း။

ညီ​အစ်​ကို​ချင်း၊ သား​အ​ဘ​ချင်း​တို့​ကို ငါ​ထိ​ခိုက်​စေ​မည်။ ငါ​သည် က​ရု​ဏာ​မ​ရှိ၊ မ​နှ​မြော၊ မ​ကယ်​မ​ဘဲ၊ ထို​သူ​တို့​ကို ဖျက်​ဆီး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​ထာ​ဝ​ရ​ဘု​ရား​ပြော​ပြီ။ ပြော​သည်​အ​တိုင်း ငါ​ပြု၍​ပြည့်​စုံ​စေ​မည်။ နောက်​သို့​မ​ဆုတ်၊ မ​နှ​မြော၊ နောင်​တ​မ​ရ၊ သင်​ကျင့်​ကြံ​ပြု​မူ​သ​မျှ အ​တိုင်း၊ ငါ​စီ​ရင်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​အ​သက်​ရှင်​သည်​အ​တိုင်း၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော အ​မှု​အ​ရာ​အ​ပေါင်း​တို့​နှင့် ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို သင်​သည် ညစ်​ညူး​စေ​သော​ကြောင့်၊ ငါ​သည်​လည်း သင့်​ကို​မ​နှ​မြော၊ မ​စုံ​မက်​ဘဲ​မျက်​နှာ​လွှဲ​မည်။

အ​ပြေး​ကောင်း​သော​သူ​သည် ပြေး​သော​အ​ခွင့်​ကို မ​ရ။ ခွန်​အား​ကြီး​သော​သူ​သည် မိ​မိ​ခွန်​အား​ကို ထုတ်​ရ​သော​အ​ခွင့်​မ​ရှိ​ရ။ သူ​ရဲ​သည် ကိုယ်​ကို မ​ကယ်​လွှတ်​ရ။

ထို​သူ​တို့​သည် အ​လွန်​ကြောက်​ရွံ့၍၊ သင်​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု မေး​ကြ၏။ ယော​န​သည် ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ မိ​မိ​ပြေး​ကြောင်း​ကို ဖော်​ပြ​သော​ကြောင့် သူ​တို့​သိ​ကြ၏။

မိ​မိ​သား​တော်​ရင်း​ကို မ​နှ​မြော​ဘဲ၊ ငါ​တို့​ရှိ​သ​မျှ အ​ဖို့​အ​လို​ငှာ စွန့်​တော်​မူ​သော​သူ​သည်၊ သား​တော်​နှင့်​တ​ကွ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို ငါ​တို့​အား​မ​ပေး​ဘဲ အ​ဘယ်​သို့ နေ​တော်​မူ​မည်​နည်း။-

ထို​သူ​ကို ထာ​ဝ​ရ​ဘု​ရား နှ​မြော​တော်​မ​မူ။ အ​ပြစ်​ရှိ​သည်​ဟု ထင်​လွယ်​သော​စိတ်၊ အ​မျက်​တော်​အ​ရှိန် မီး​ခိုး​ထွက်၍ ဤ​ကျမ်း​စာ၌​ရေး​ထား​သော အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​သည် ထို​သူ​အ​ပေါ်​မှာ တည်​နေ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ၏​အ​မည်​ကို မိုး​ကောင်း​ကင်​အောက်၌ ချေ​တော်​မူ​လိမ့်​မည်။

သူ​တို့​အ​ပေါ်​မှာ ဘေး​ဥ​ပဒ်​များ​ကို​ငါ​ပို့​မည်။ ငါ့​မြား​တို့​ကို အ​ကုန်​အ​စင်​ပစ်​မည်။

ထို​သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့​ရှေ့​မှာ​ပြေး၍ ဗေ​သော​ရုန်​မြို့​သို့ ဆင်း​သွား​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​မှ ကြီး​စွာ​သော မိုး​သီး​ကို အ​ဇေ​ကာ​မြို့​တိုင်​အောင် သူ​တို့​အ​ပေါ်၌ ချ​တော်​မူ၍၊ သူ​တို့​သည် ဣ​သ​ရေ​လ​လူ​တို့၏ ဓား​ကြောင့်​သေ​သည်​ထက် မိုး​သီး​ကြောင့် သာ၍​သေ​ကြ၏။

ကိုယ်​တော်၏​အ​သက်​ကို သတ်​အံ့​သော​ငှာ လူ​အ​ချို့​တို့​သည် ထ၍​ရှာ​သော်​လည်း၊ ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​မ​သ​ခင်၏​အ​သက်​ကို အ​သက်​ထုပ်၌ နှောင်​ဖွဲ့​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်၏ ရန်​သူ​တို့​အ​သက်​ကို​မူ​ကား၊ လောက်​လွှဲ​ထဲ​က ပစ်​သ​ကဲ့​သို့ ပစ်​တော်​မူ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ