Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 27:20

Judson Bible

ထ​သော​ရေ​ကဲ့​သို့ ဘေး​ဥ​ပဒ်​တို့​သည် သူ့​ကို​လိုက်​တတ်၏။ ည​အ​ခါ မိုး​သက်​မုန်​တိုင်း တိုက်​သွား​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ထို​ည​တွင် ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည်​ထွက်၍ အာ​ရှု​ရိ​တပ်​တွင် လူ​တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​တို့​ကို ဒဏ်​ခတ်​လေ၏။ နံ​နက်​စော​စော​ထ​ချိန်​ရောက်​သော​အ​ခါ၊ ထို​သူ​အ​ပေါင်း​တို့​သည် အ​သေ​ဖြစ်​ကြ၏။

သူ​သည် ကြောက်​မက်​ဖွယ်​သော​အ​သံ​ကို ကြား​လျက်​နေ​ရ၏။ စည်း​စိမ်​ကို ခံ​စား​စဉ်​တွင်၊ ဖျက်​ဆီး​သော​သူ​သည် လာ​တတ်၏။

ကြောက်​မက်​ဖွယ်​သော အ​ခြင်း​အ​ရာ​တို့​သည်​ဝိုင်း၍ ကျပ်​တည်း​စွာ လိုက်​နှင့်​ကြ​လိမ့်​မည်။

သို့​သော်​လည်း သူ​သည်​ဝ​စွာ​စား​ရ၏။ ဘု​ရား​သ​ခင်​သည် အ​မျက်​တော်​အ​ရှိန်​ကို​လွှတ်၍ သူ​စား​စ​ရာ​ဖို့ အ​မျက်​တော်​မိုး​ကို ရွာ​စေ​တော်​မူ​မည်။

သူ​သည် အိပ်​မက်​ကဲ့​သို့​လွင့်​ပြား၍ နောက်​တစ်​ဖန် မ​တွေ့​ရ။ ည​ရူ​ပါ​ရုံ​ကဲ့​သို့ ကွယ်​ပျောက်​ရ​လိမ့်​မည်။

သူ​တို့​သည် လေ​ရှေ့​မှာ​အ​မှိုက်​နှင့် မုန်​တိုင်း​တိုက်​သွား​သော ဖွဲ​ကဲ့​သို့ ဘယ်​နှစ်​ကြိမ်​ဖြစ်​ဖူး​သည်​ကို​လည်း​ကောင်း၊

အ​ခြေ​အ​မြစ်​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ​သော​သူ​တည်း​ဟူ​သော ဘု​ရား​သ​ခင်​အား ငါ​တို့​ထံ​မှ ထွက်​သွား​လော့​ဟူ၍​လည်း​ကောင်း၊ အ​န​န္တ​တန်​ခိုး​ရှင်​သည် ငါ့​တို့​အ​ဖို့ အ​ဘယ်​သို့ ပြု​နိုင်​သ​နည်း​ဟူ၍​လည်း​ကောင်း၊

ရေ​ပေါ်​မှာ ပေါ့​ပါး​ကြ၏။ မြေ​ပေါ်​မှာ ကျိန်​ဆဲ​သော​အ​ဖို့​ကို ခံ​ရ၍၊ စ​ပျစ်​ဥ​ယျာဉ်​အ​နီး​သို့ မ​ချဉ်း​ရ​ကြ။

တစ်​ခ​ဏ​ချင်း​တွင် သ​တ္တ​ဝါ​တို့​သည် သေ​တတ်​ကြ၏။ သန်း​ခေါင်​အ​ချိန်၌ လူ​မျိုး​တစ်​စုံ​တစ်​မျိုး တုန်​လှုပ်​ကွယ်​ပျောက်၍၊ အား​ကြီး​သော​သူ​သော်​လည်း အ​ဘယ်​သူ​မျှ​မ​ပြု​ဘဲ သုတ်​သင်​ပယ်​ရှင်း​ခြင်း​သို့ ရောက်​တတ်၏။

သေ​ခြင်း​ကြိုး​တို့​သည် ငါ့​ကို​ဝိုင်း​မိ၍၊ ဖျက်​ဆီး​တတ်​သော ရေ​စီး​ခြင်း​ကြောင့် ငါ​ကြောက်​လန့်​ရ၏။

ရေ​ဘွေ​တော်​များ​အ​သံ​ဗ​လံ​နှင့်​တ​ကွ ဝဲ​ဩ​ဃ တစ်​ခု​ကို​တစ်​ခု ဟစ်​ခေါ်၍ လှိုင်း​တံ​ပိုး​တော်​အ​ပေါင်း​တို့​သည် အ​ကျွန်ုပ်​ကို လွှမ်း​မိုး​ကြ​ပါ​ပြီ။

အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​မျက်​နှာ​ကို ရှက်​စေ​တော်​မူ၍ သူ​တို့​သည် နာ​မ​တော်​ကို ရှာ​ကြ​ပါ​စေ​သော။

လူ​တို့​ကို လွှမ်း​မိုး​တိုက်​သွား​တော်​မူ၏။ သူ​တို့​သည် အိပ်​ပျော်​ခြင်း​ကဲ့​သို့ ဖြစ်​ကြ​ပါ၏။ လူ​သည် မြက်​ပင်​ကဲ့​သို့ နံ​နက်​အ​ချိန်၌ တိုး​ပွား​တတ်​ပါ၏။

သန်း​ခေါင်​အ​ချိန်​၌၊ ထာ​ဝ​ရ​ဘု​ရား​သည် နန်း​ထိုင်​သော​ဖာ​ရော​ဘု​ရင်၏​သား​ဦး​မှ​စ၍ ထောင်​ထဲ​မှာ​အ​ချုပ်​ခံ​ရ​သော သူ၏​သား​ဦး​တိုင်​အောင်၊ အဲ​ဂု​တ္တု​ပြည်၌ သား​ဦး​ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​တို့၏​သား​ဦး​ရှိ​သ​မျှ​ကို​လည်း​ကောင်း ဒဏ်​ခတ်​တော်​မူ၏။

ထို​ည၌​ပင် ခါ​လ​ဒဲ​ရှင်​ဘု​ရင် ဗေ​လ​ရှာ​ဇာ​မင်း​သည် အ​သက်​ဆုံး၍၊

ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို နက်​နဲ​သော​အ​ရပ်၊ သ​မု​ဒ္ဒ​ရာ​အ​လယ်​ချက်​ထဲ​သို့ ချ​ပစ်​တော်​မူ​သ​ဖြင့်၊ ပင်​လယ်​ရေ​သည် ဝိုင်း၍ လှိုင်း​တံ​ပိုး​တော်​ရှိ​သ​မျှ​တို့​သည် လွှမ်း​မွန်း​ကြ​ပါ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ