Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 27:19

Judson Bible

ထို​ရ​တတ်​သော​သူ​သည် သေ​သော​အ​ခါ သင်္ဂြိုဟ်​ခြင်း​ကို မ​ခံ​ရ။ မျက်​စိ​တစ်​မှိတ်၌ ဆုံး​ရှုံး​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

ရှိ​လော​မ​ရောက်​မီ​တိုင်​အောင်၊ ရာ​ဇ​လှံ​တံ​သည်​ယု​ဒ​ထံ​မှ​လည်း​ကောင်း၊ မင်း​အာ​ဏာ​သည် သူ၏​အ​မျိုး​အ​နွယ်​ထံ​မှ​လည်း​ကောင်း မ​ရွေ့​ရ။ ရှိ​လော၌​လူ​မျိုး​တို့​သည် ဆည်း​ကပ်​ကြ​လိမ့်​မည်။

လူ​မူ​ကား သေ၍ ဆွေး​မြေ့​တတ်၏။ လူ​သည် အ​သက်​ချုပ်​ပြီး​လျှင် အ​ဘယ်​မှာ​ရှိ​သ​နည်း။

ဆိုး​သော​သူ​သည် ကြာ​မြင့်​စွာ​ကာ​လ မ​ဝါ​ကြွား​ရ​ကြောင်း​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​လူ​သည် ခ​ဏ​သာ​ဝမ်း​မြောက်​ကြောင်း​ကို​လည်း​ကောင်း မ​သိ​သ​လော။

ဖျက်​ဆီး​ရာ​နေ့​ရက်​ကာ​လ​ဖို့ မ​တ​ရား​သော​သူ​တို့​သည် ယ​ခု​ဘေး​လွတ်​လိမ့်​မည်​အ​ကြောင်း၊ ဒေါ​သ​အ​မျက်​ခံ​ရာ နေ့​ရက်​ကာ​လ​ဖို့ ယ​ခု​ထွက်​မြောက်​လိမ့်​မည် အ​ကြောင်း​တည်း​ဟူ​သော သူ​တို့​လ​က္ခ​ဏာ​သက်​သေ​များ​ကို မ​သိ​ကြ​သ​လော။

ခ​ဏ​ချီး​မြှောက်​ခြင်း​သို့​ရောက်၍ တစ်​ဖန် ကွယ်​ပျောက်​ကြ၏။ နှိမ့်​ချ​ခြင်း​သို့​ရောက်​သ​ဖြင့်၊ အ​ခြား​သော​သူ​ကဲ့​သို့ အ​သက်​ချုပ်​ခြင်း​ကို​လည်း​ကောင်း၊ စ​ပါး​နှံ​အ​ဖျား​ကဲ့​သို့ ရိတ်​ဖြတ်​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​ကြ၏။

သေ​ခြင်း​သို့​လည်း​ကောင်း၊ အ​သက်​ရှင်​သော​သူ​ခပ်​သိမ်း​တို့​အ​ဖို့ စီ​ရင်​သော​နေ​ရာ​သို့​လည်း​ကောင်း၊ အ​ကျွန်ုပ်​ကို ပို့​ဆောင်​တော်​မူ​မည်​ဟု အ​ကျွန်ုပ်​သိ​ပါ၏။

အ​ကျွန်ုပ်​ပြစ်​မှား​ခြင်း​ကို အ​ဘယ်​ကြောင့် သည်း​ခံ​တော်​မ​မူ​သ​နည်း။ အ​ကျွန်ုပ်​အ​ပြစ်​ကို အ​ဘယ်​ကြောင့် ဖြေ​ရှင်း​တော်​မ​မူ​သ​နည်း။ ယ​ခု​မှာ အ​ကျွန်ုပ်​သည် မြေ​မှုန့်၌​အိပ်​ရ​ပါ​မည်။ ကိုယ်​တော်​သည် နံ​နက်​အ​ချိန်၌ ရှာ​တော်​မူ​သော​အ​ခါ၊ အ​ကျွန်ုပ်​မ​ရှိ​ပါ​ဟု မြွက်​ဆို၏။

ငါ့​ကို မြင်​သော​သူ​သည် နောက်​တစ်​ဖန် မ​မြင်​ရ။ ကိုယ်​တော်​သည် ကြည့်​ရှု​တော်​မူ​သော​အ​ခါ ငါ​ပျောက်​ပါ​ပြီ။

သင့်​ကို​မုန်း​သော သူ​တို့​သည် ရှက်​ခြင်း​နှင့် ဖုံး​လွှမ်း​လျက်​ရှိ​ရ​ကြ​လိမ့်​မည်။ ဆိုး​သော​သူ​နေ​ရာ အ​ရပ်​သည်​လည်း ဆုံး​ရှုံး​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်​ဟု မြွက်​ဆို၏။

ဆူး​ပင်​နှင့် မွေး​သော​မီး​ပူ​မှန်း​ကို အိုး​တို့​သည်​မ​သိ​မီ၊ အ​သက်​ရှင်​သော​ဆူး​ပင်​နှင့် မီး​လောင်​လျက်​ရှိ​သော ဆူး​ပင်​တို့​ကို လေ​ပွေ​တိုက်​သွား​ပါ​စေ​သော။

ငွေ​ရ​တတ်​ခြင်း​ငှာ မ​ကြိုး​စား​နှင့်။ ကိုယ်​ဉာဏ်​ကို အ​မှီ​မ​ပြု​နှင့်။

ပျောက်​တတ်​သော​အ​ရာ​ကို စေ့​စေ့​မျက်​မှောက်​ပြု​သင့်​သ​လော။ အ​ကယ်​စင်​စစ် ရွှေ​လင်း​တ​သည် မိုး​ကောင်း​ကင်​သို့ ပျံ​တတ်​သ​ကဲ့​သို့၊ ထို​အ​ရာ​သည် အ​တောင်​တို့​ကို​လုပ်၍ ပျံ​သွား​တတ်၏။

ထို​သူ​တို့​သည် ကြည်​ညို​ရာ၊ အ​မှု​ဆောင်​ရာ၊ လိုက်​သွား​ရာ၊ ရှာ​ဖွေ​ရာ၊ ကိုး​ကွယ်​ရာ​ဖြစ်​သော နေ၊ လ၊ ကောင်း​ကင်​တန်​ဆာ​ရှေ့​မှာ လှန်​ထား​ကြ​လိမ့်​မည်။ ထို​အ​ရိုး​တို့​ကို​မ​စု​မ​ပုံ၊ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။

အို​ယေ​ရု​ရှ​လင်​မြို့၊ ယေ​ရု​ရှ​လင်​မြို့၊ သင်​သည်​ပ​ရော​ဖက်​တို့​ကို သတ်​မြဲ​ရှိ၏။ သင်​ရှိ​ရာ​သို့ စေ​လွှတ်​သော သူ​တို့​ကို​လည်း ကျောက်​ခဲ​နှင့် ပစ်​မြဲ​ရှိ၏။ ကြက်​မ​သည် မိ​မိ​သား​ငယ်​တို့​ကို အ​တောင်​အောက်၌ စု​ရုံး​သ​ကဲ့​သို့ သင်၏​သား​တို့​ကို စု​ရုံး​စေ​ခြင်း​ငှာ ကြိမ်​ဖန်​များ​စွာ ငါ​အ​လို​ရှိ​ပြီ။ သင်​မူ​ကား အ​လို​မ​ရှိ။-

လက်​တော်​တွင် ဆန်​ကော​ပါ​လျက်၊ မိ​မိ​ကောက်​နယ်​တ​လင်း​ကို ရှင်း​လင်း​စေ​သ​ဖြင့်၊ မိ​မိ​ဂျုံ​စ​ပါး​ကို ကျီ၌ စု​သိမ်း​သွင်း​ထား၍၊ အ​ဖျင်း​ကို​ကား မ​ငြိမ်း​နိုင်​သော​မီး​နှင့် ရှို့​တော်​မူ​လ​တ္တံ့​ဟု ယော​ဟန်​ဟော​ပြော၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ