သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တစ်ဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသောသူသည် သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။
ပုပ်စပ်ခြင်းအား၊ သင်သည် ငါ့အဘဖြစ်၏ ဟူ၍လည်းကောင်း၊ တီကောင်အား သင်သည်ငါ့အမိ၊ ငါ့နှမဖြစ်သည်ဟူ၍လည်းကောင်း ငါဆိုရ၏။
ငါ့ကိုဝိုင်း၍ ဖျက်ဆီးတော်မူသဖြင့် ငါပျောက်ကုန်ပြီ။ သစ်ပင်ကို နုတ်သကဲ့သို့၊ ငါမျှော်လင့်ရသောအခွင့်ကို နုတ်တော်မူပြီ။
ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါသည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍လည်းကောင်း ငါသိ၏။
နှစ်ယောက်လုံးတို့သည် မခြားမနား၊ မြေမှုန့်၌အိပ်၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ၏။
ထိုသို့မပြုလျှင် ငါသည်အိပ်၍ ငြိမ်းပြီ။ ပျော်လျက်နေရပြီ။
ဒုစရိုက်ကိုပြုသောသူတို့ကား၊ မြေကြီးပေါ်မှာ အောက်မေ့စရာ အမှတ်မျှမရှိစေခြင်းငှာ ပယ်ရှင်းမည်အကြောင်း၊ ထာဝရဘုရားသည် မျက်နှာထားတော်မူ၏။
တရားသောသူကို အောက်မေ့သောအခါ ကောင်းချီးပေးတတ်၏။ မတရားသောသူ၏ နာမမူကားပုပ်ပျက်တတ်၏။
ထိုမှတစ်ပါး၊ သန့်ရှင်းရာအရပ်ဌာနတော်သို့ သွားလာသော အဓမ္မလူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြောင်းကိုလည်းကောင်း၊ အဓမ္မပြုဖူးသောမြို့၌ သူတို့ကို အဘယ်သူမျှ မအောက်မေ့ကြောင်းကိုလည်းကောင်း ငါမြင်ပြီ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
ထိုသခင်တို့သည် သေကြပါပြီ။ တစ်ဖန် အသက်မရှင်ရကြပါ။ သင်္ချိုင်းသားဖြစ်၍ ထမြောက်ခြင်း မရှိရကြပါ။ သူတို့ကို ကြည့်ရှုဖျက်ဆီး၍၊ သူတို့၏အမှတ်မျှ မရှိစေခြင်းငှာ ပယ်ရှင်းတော်မူပြီ။
မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့။
သစ်ပင်ကို လှဲလော့။ အခက်တို့ကို ခုတ်လော့။ အသီးအရွက်တို့ကို လှုပ်ချွေလော့။ တိရစ္ဆာန်တို့သည် သစ်ပင်အောက်ကထွက်၍၊ ငှက်တို့သည်လည်း အကိုင်းအခက်ထဲက သွားကြစေ။
သစ်ပင်အမြစ်နားမှာ ပုဆိန်ထားလျက်ရှိသည်ဖြစ်၍၊ ကောင်းသောအသီး မသီးသောအပင် ရှိသမျှတို့ကို ခုတ်လှဲ၍ မီးထဲသို့ ချလိုက်ရ၏။