မတရားသောသူသည် သားမဖွားသောမိန်းမကို ညှဉ်းဆဲတတ်၏။ မုဆိုးမကိုလည်း ကျေးဇူးမပြုတတ်။
သင်သည် မုဆိုးမတို့ကို လက်ချည်းလွှတ်လိုက်၍၊ မိဘမရှိသော သူငယ်တို့၏လက်ကို ချိုးပြီ။
မိဘမရှိသောသူငယ်၏မြည်းကို မောင်းသွား၍၊ မုဆိုးမ၏နွားကို အပေါင်ယူကြ၏။
ပျက်လုသောသူ ကောင်းချီးပေးခြင်းကို ငါခံရ၏။ မုဆိုးမစိတ်နှလုံးကို ရွှင်လန်းစေ၏။
မာနထောင်လွှားသောသူ၏အိမ်ကို ထာဝရဘုရားဖျက်ဆီးတော်မူမည်။ မုဆိုးမနေရာ အရပ်ကိုကား၊ တည်စေတော်မူမည်။