မိုးရေသည် ခန်းခြောက်ခြင်းအားဖြင့်လည်းကောင်း၊ နေပူအရှိန်အားဖြင့်လည်းကောင်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ်၏။
ပျော်မွေ့လျက် အသက်ကာလကို လွန်စေ၍၊ ချက်ချင်းသေမင်းနိုင်ငံသို့ ဆင်းသက်တတ်ကြ၏။
တစ်ယောက်သောသူကား ခွန်အားနှင့် ပြည့်စုံလျက်၊ ငြိမ်ဝပ်ချမ်းသာစွာ သေတတ်၏။
ထိုသို့မပြုလျှင် ငါသည်အိပ်၍ ငြိမ်းပြီ။ ပျော်လျက်နေရပြီ။
ထိုသူတို့ကို သိုးများကဲ့သို့ မရဏနိုင်ငံ၌ချထား၍ သေမင်းစားလိမ့်မည်။ ကာလမကြာမမြင့်မီ ဖြောင့်မတ်သောသူတို့သည် အုပ်စိုးရကြလိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာသည် ဖောက်ပြန်ဖို့ရာဖြစ်၏။ မရဏနိုင်ငံသည် သူတို့၏နေရာဖြစ်၏။
မီးခိုးလွှင့်သကဲ့သို့ သူတို့ကိုလွှင့်တော်မူပါ။ ဖယောင်းသည် မီးရှေ့မှာအရည်ဖြစ်သကဲ့သို့၊ မတရားသော သူတို့သည် ဘုရားသခင့်ရှေ့တော်မှာ ပျက်စီးကြပါစေသော။
မတရားသောသူသည် မတရားသဖြင့် ပြုစဉ်အခါ၊ လှဲခြင်းကိုခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မျှော်လင့်စရာရှိ၏။
ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေးအား မိန့်တော်မူ၏။-
တစ်နေ့သ၌ ထိုဆင်းရဲသားသည် သေလွန်၍၊ ကောင်းကင်တမန်တို့သည် အာဗြဟံ၏ရင်ခွင်သို့ ပို့ဆောင်ကြ၏။ သူဌေးသည်လည်း သေလွန်၍ သင်္ဂြိုဟ်ခြင်းကို ခံရလေ၏။-