Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 18:16

Judson Bible

သူ၏​အ​မြစ်​တို့​သည် သွေ့​ခြောက်​လျက်၊ အ​ခက်​အ​လက်​တို့​လည်း သေ​လျက်​ရှိ​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သူ​သည် မှောင်​မိုက်​ဘေး​နှင့် မ​လွတ်​ရ။ မီး​လျှံ​သည် သူ၏​အ​ခက်​အ​လက်​တို့​ကို လောင်​လိမ့်​မည်။ ဘု​ရား​သ​ခင်၏ နှုတ်​တော်​အ​သက်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို ခံ​ရ၏။

အ​ချိန်​မ​စေ့​မီ ဆုံး​ခြင်း​သို့ ရောက်​လိမ့်​မည်။ သူ၏​အ​ခက်​အ​လက်​သည် မ​စိမ်း​ရာ။

ငါ့​အ​မြစ်​သည် ရေ​နား​မှာ​ပြန့်​ပွား၏။ ဆီး​နှင်း​သည် တစ်​ည​လုံး ငါ့​အ​ခက်​အ​လက်၌​ကျ၏။

အ​မြစ်​အား​ဖြင့် စမ်း​ရေ​တွင်း​ကို​ဝိုင်း၍ ကျောက်​ထူ​သော​အ​ရပ်​ကို တွေ့​မြင်​လျက်​ရှိ​သော်​လည်း၊

သူ​တစ်​ပါး​တို့​နှင့် ရော​နှော၍ သင်္ဂြိုဟ်​ခြင်း​ကို​မ​ခံ​ရ။ အ​ကြောင်း​မူ​ကား၊ မိ​မိ​ပြည်​ကို ဖျက်​ဆီး​ပြီ။ မိ​မိ​အ​မျိုး​သား​ချင်း​တို့​ကို သတ်​လေ​ပြီ။ အ​ဓ​မ္မ​ပြု​သော​သူ​တို့၏​အ​နွယ်​သည် ဂုဏ်​အ​သ​ရေ​အ​လျှင်း​မ​ရှိ​ရ​ဟု ပြော​ဆို​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ မီး​လျှာ​သည် ကောက်​ရိုး​ကို​လျက်၊ မီး​လျှံ​သည် မြက်​ခြောက်​ကို ကျွမ်း​စေ​သည်​နည်း​တူ၊ သူ​တို့၏​အ​မြစ်​သည် ဆွေး​မြေ့​သော သစ်​သား​ကဲ့​သို့ ဖြစ်၍၊ အ​ပွင့်​သည်​လည်း မြေ​မှုန့်​ကဲ့​သို့ လွင့်​တက်​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​တ​ရား​တော်​ကို ကယ်​ကြ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏​သန့်​ရှင်း​သော​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​ကြ​ပြီ။

ဧ​ဖ​ရိမ်​သည် အ​ထိ​အ​ခိုက်​ခံ​ရ​သော​ကြောင့်၊ အ​မြစ်​သွေ့​ခြောက်​လျက်​ရှိ၍ အ​သီး​ကို မ​သီး​နိုင်​ရာ။ သား​ဖွား​သော်​လည်း၊ အ​ချစ်​ဆုံး​သော​သား​တို့​ကို ငါ​သတ်​မည်။

အာ​ရဇ်​ပင်​အ​ရပ်​နှင့်​အ​မျှ​မြင့်၍ သ​ပိတ်​ပင်​ကဲ့​သို့ ခိုင်​မာ​သော အာ​မော​ရိ​အ​မျိုး​ကို သင်​တို့​ရှေ့​မှာ ငါ​ပယ်​ရှား၍၊ အ​ထက်၌ သူ၏​အ​သီး​ကို​လည်း​ကောင်း၊ အောက်၌ သူ၏​အ​မြစ်​ကို​လည်း​ကောင်း ငါ​ဖျက်​ဆီး​ပြီ။

မီး​ဖို၌ မီး​လောင်​သ​ကဲ့​သို့ လောင်​သော​နေ့​ရက်​ကာ​လ​သည် ရောက်​လိမ့်​မည်။ မာ​န​ကြီး​သော​သူ​နှင့် ဒု​စ​ရိုက်​ကို​ပြု​သော​သူ အ​ပေါင်း​တို့​သည် အ​မှိုက်​ခြောက် ဖြစ်​ကြ​လိမ့်​မည်။ သူ​တို့​အ​ရင်း​အ​ဖျား​မျှ မ​ကျန်​ကြွင်း​စေ​ခြင်း​ငှာ ထို​နေ့​ရက်​သည် လောင်​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ