Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 18:15

Judson Bible

သူ၏​နေ​ရာ၌ အ​ရှင်​မ​ရှိ။ ပျက်​စီး​ခြင်း​ဘေး​နေ၍ အ​မိုး​ပေါ်​မှာ ကန့်​ဖြူး​လျက်​ရှိ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ထက်၊ အ​ထံ​တော်​မှ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​အ​ပေါ်​သို့ ကန့်​နှင့် မီး​မိုး​ကို ရွာ​စေ​တော်​မူ​၏။

အ​ဓ​မ္မ​လူ၏​အ​သင်း​သည် ဆိတ်​ညံ​လိမ့်​မည်။ တံ​စိုး​စား​သော​သူ​တို့၏ နေ​ရာ​သည် မီး​လောင်​လိမ့်​မည်။

မ​တ​ရား​သော​သူ​တို့​အ​ပေါ်​မှာ တောက်​သော​မီး​ခဲ၊ ကန့်​နှင့်​ရော​သော​မီး​လျှံ၊ ပူ​လောင်​သော မုန်​တိုင်း​ကို​သက်​ရောက်​စေ၍၊ သူ​တို့​သောက်​စ​ရာ​ဖို့ စီ​ရင်​တော်​မူ​မည်။

မ​တ​ရား​သော​အ​မှု​အား​ဖြင့် မိ​မိ​အိမ်​ကို​လည်း​ကောင်း၊ အ​ဓ​မ္မ​ပြု၍ အ​ထက်​ခန်း​တို့​ကို​လည်း​ကောင်း ဆောက်​သော​သူ၊ အိမ်​နီး​ချင်း​ကို အ​ခ​မ​ပေး​ဘဲ​စေ​စား၍၊ အ​လုပ်​လုပ်​သည်​အ​တွက်​ဆု​မ​ချ​သော​သူ​သည် အ​မင်္ဂ​လာ​ရှိ၏။

သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ နီး​စပ်​သော​မြို့​တို့၏ ပျက်​စီး​ခြင်း​ကဲ့​သို့ ဖြစ်၍၊ ဧ​ဒုံ​ပြည်၌ အ​ဘယ်​သူ​မျှ မ​နေ​ရ။ လူ​သား တစ်​စုံ​တစ်​ယောက်​မျှ နေ​ရာ​မ​ကျ​ရ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​စာ​စောင်​ကို ငါ​ထုတ်​ဖော်​မည်။ ခိုး​တတ်​သော သူ၏​အိမ်​ထဲ​သို့​လည်း​ကောင်း၊ ငါ့​နာ​မ​ကို တိုင်​တည်၍ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၏ အိမ်​ထဲ​သို့​လည်း​ကောင်း​ဝင်၍ နေ​ရာ​ကျ​သ​ဖြင့်၊ သစ်​သား​များ၊ ကျောက်​များ​နှင့်​တ​ကွ ထို​အိမ်​ကို​စား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

လော​တ​သည် သော​ဒုံ​မြို့​မှ​ထွက်​သော​နေ့၌ ကောင်း​ကင်​မှ ကန့်​နှင့်​ရော​သော​မီး​မိုး​ရွာ၍ ထို​လူ​အ​ပေါင်း​တို့​ကို သုတ်​သင်​ပယ်​ရှင်း​သ​ကဲ့​သို့​လည်း​ကောင်း၊-

ထာ​ဝ​ရ​ဘု​ရား​သည် သင့်​နေ​ရာ​ပြည်၌​ရွာ​သော မိုး​ရေ​ကို မြေ​မှုန့်၊ ဖုံ​ဖြစ်​စေ​တော်​မူ​သ​ဖြင့်၊ သင်​သည် မ​ပျက်​စီး​မီ​တိုင်​အောင် သင့်​အ​ပေါ်​မှာ​ကျ​ရ​လိမ့်​မည်။

အ​နာ​ရော​ဂါ ဘေး​ဥ​ပဒ်​တို့​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒေါ​သ​အ​မျက်​တော်​ထွက်၍ မှောက်​လှန်​တော်​မူ​သော သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​တို့ ပြို​ပျက်​ရာ​ကဲ့​သို့၊ တစ်​ပြည်​လုံး​ကို ကန့်​နှင့်​မီး ကျွမ်း​လောင်​သော ဆား​သက်​သက်​ဖြစ်၍၊ မျိုး​စေ့​မ​ကြဲ၊ အ​သီး​အ​နှံ​မ​သီး၊ မြက်​ပင်​မ​ပေါက်​ကြောင်း​ကို​လည်း​ကောင်း၊ သင်​တို့​နောက်​မှာ ဖြစ်​လ​တ္တံ့​သော သင်​တို့​အ​မျိုး​သား၊ ဝေး​သော​အ​ရပ်​မှ​လာ​သော တစ်​ပါး​အ​မျိုး​သား​တို့​သည် မြင်​ကြ​သော​အ​ခါ၊

သား​ရဲ​ကို ဖမ်း​မိ​ကြ၏။ သား​ရဲ၏ တံ​ဆိပ်​လက်​မှတ်​ကို ခံ၍၊ သူ၏​ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ​တို့​ကို လှည့်​ဖြား၍ သား​ရဲ​ရှေ့၌ နိ​မိတ်​များ​ကို ပြ​တတ်​သော မိ​စ္ဆာ​ပ​ရော​ဖက်​ကို​လည်း ဖမ်း​မိ​ကြ၏။ အ​သက်​ရှင်​လျက်​ရှိ​သော ထို​သူ​နှစ်​ဦး​ကို ကန့်​နှင့် လောင်​သော​မီး​အိုင်​ထဲ​သို့ ချ​ပစ်​ကြ၏။-

ကြောက်​တတ်​သော​သူ၊ မ​ယုံ​ကြည်​သော​သူ၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော​သူ၊ လူ​အ​သက်​ကို သတ်​သော​သူ၊ မ​တ​ရား​သော မေ​ထုန်၌ မှီ​ဝဲ​သော​သူ၊ ပြု​စား​တတ်​သော​သူ၊ ရုပ်​တု​ကို ကိုး​ကွယ်​သော​သူ၊ သ​စ္စာ​ပျက်​သော​သူ အ​ပေါင်း​တို့​မူ​ကား၊ ဒု​တိ​ယ​သေ​ခြင်း​တည်း​ဟူ​သော ကန့်​နှင့်​လောင်​သော မီး​အိုင်​ထဲ၌ မိ​မိ​တို့​အ​ဖို့​ကို ရ​ကြ​လိမ့်​မည် ဟူ၍​လည်း​ကောင်း ငါ့​အား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ