Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 12:7

Judson Bible

သား​မျိုး​နှင့် မိုး​ကောင်း​ကင်​ငှက်​တို့​ကို မေး​မြန်း​လော့။ သူ​တို့​သည် ဟော​ပြော​သွန်​သင်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​လျှင်​ရေ​သည် တိ​ရ​စ္ဆာန်​အ​မျိုး​အ​လိုက်​များ​ပြား​စွာ မွေး​ဖွား​၍၊ ငါး​ကြီး​အ​စ​ရှိ​သော အ​သက်​ရှင်​၍ လှုပ်​ရှား​တတ်​သော တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ ပျံ​တတ်​သော​ငှက်​မျိုး​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဘု​ရား​သ​ခင်​ဖန်​ဆင်း​၍၊ ထို​အ​မှု​အရာ​ကောင်း​သည်​ကို မြင်​တော်​မူ​၏။

ထို​သို့ ဘု​ရား​သ​ခင်​သည် သား​ရဲ​မျိုး၊ သား​ယဉ်​မျိုး၊ မြေ​ပေါ်​မှာ တွား​တတ်​သော တိ​ရ​စ္ဆာန်​မျိုး​အ​ပေါင်း​တို့​ကို ဖန်ဆင်း​၍၊ ထို​အ​မှု​အ​ရာ​ကောင်း​သည်​ကို မြင်​တော်​မူ​၏။

ဓား​ပြ​လုပ်​သော​သူ​တို့၏ နေ​ရာ​သည် ကောင်း​စား​တတ်၏။ ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို ဆန်​သော​သူ​တို့​သည် လုံ​ခြုံ​စွာ​နေ၍၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော စည်း​စိမ်​ကို ခံ​စား​တတ်​ကြ၏။

မြေ​ကြီး​နှင့် ပင်​လယ်​ငါး​တို့​ကို မေး​မြန်း​လော့။ သူ​တို့​သည် ပြ​သ၍ ဥ​ပ​ဒေ​သ​ပေး​ကြ​လိမ့်​မည်။

ထို​သူ​တို့​မူ​ကား၊ သင့်​ကို​ဆုံး​မ​သွန်​သင်၍ မိ​မိ​တို့​စိတ်​နှ​လုံး​ထဲ​က မြွက်​ဆို​ကြ​လိမ့်​မည်။

မြေ​ကြီး​ပေါ်​မှာ သေး​နုပ်​သော်​လည်း၊ အ​ထူး​သ​ဖြင့် ပ​ညာ​ရှိ​သော အ​ရာ​လေး​ပါး​ဟူ​မူ​ကား၊

အ​ချင်း​လူ​ပျင်း၊ ပု​ရွက်​ဆိတ်​ထံ​သို့ သွား၍၊ သူ၏​အ​ပြု​အ​မူ​တို့​ကို ဆင်​ခြင်​သ​ဖြင့် ပ​ညာ​ရှိ​စေ​လော့။

နွား​သော်​လည်း မိ​မိ​အ​ရှင်​ကို​သိ​၏။ မြည်း​သော်​လည်း မိ​မိ​သ​ခင်​၏​မြည်း​ဇောင်း​ကို​သိ​၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​မူ​ကား၊ ငါ့​ကို​မ​သိ​ကြ။ ငါ​၏​လူ​မျိုး​မူ​ကား၊ မ​ဆင်​ခြင်​တတ်​ပါ​တ​ကား။

မိုး​ကောင်း​ကင်၌ ကျင်​လည်​သော တော​ငန်း​သော်​လည်း၊ မိ​မိ​အ​ချိန်​ကို သိ​တတ်၏။ ဥ​ချိုး၊ တီ​တီ​တွတ်၊ ဇ​ရက်​သော်​လည်း၊ မိ​မိ​ပြန်​လာ​ချိန်​ကို မှတ်​တတ်၏။ ငါ၏​လူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​ခြင်း​ကို နား​မ​လည်​တတ်။

အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဖန်​ဆင်း​တော်​မူ​သော အ​ရာ​များ​ကို ထောက်​ရှု​သ​ဖြင့်၊ ထာ​ဝ​ရ​တန်​ခိုး​တော်​နှင့် ထာ​ဝ​ရ​အ​ဖြစ်​တော်​တည်း​ဟူ​သော မျက်​မြင်​မ​ရ​သော ဘု​ရား​သ​ခင်၏​အ​ရာ​တို့​သည် က​မ္ဘာ​တည်​သည်​ကာ​လ​မှ​စ၍ ထင်​ရှား​လျက်​ရှိ​ကြ၏။ ထို​ကြောင့်​သူ​တို့​သည် ကိုယ်​အ​ပြစ်​ကို မ​ဖုံး​နိုင်​ရာ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ