မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။
ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုးအပေါင်းတို့ကို ဖန်ဆင်း၍၊ ထိုအမှုအရာကောင်းသည်ကို မြင်တော်မူ၏။
သားမျိုးနှင့် မိုးကောင်းကင်ငှက်တို့ကို မေးမြန်းလော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။
ဤအမှုတို့ကို ထာဝရဘုရား စီရင်တော်မူကြောင်းကို၊ ထိုတိရစ္ဆာန်တစ်ကောင်မျှ မသိဘဲနေသလော။