Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 12:6

Judson Bible

ဓား​ပြ​လုပ်​သော​သူ​တို့၏ နေ​ရာ​သည် ကောင်း​စား​တတ်၏။ ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို ဆန်​သော​သူ​တို့​သည် လုံ​ခြုံ​စွာ​နေ၍၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော စည်း​စိမ်​ကို ခံ​စား​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

ချော်​လဲ​လု​သော​သူ​ကို ပစ်​လိုက်​သော​မီး​ခွက်​ကဲ့​သို့ ကောင်း​စား​သော​သူ​သည် မှတ်​တတ်၏။

သား​မျိုး​နှင့် မိုး​ကောင်း​ကင်​ငှက်​တို့​ကို မေး​မြန်း​လော့။ သူ​တို့​သည် ဟော​ပြော​သွန်​သင်​ကြ​လိမ့်​မည်။

သင်၏​စိတ်​သ​ဘော​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်၍၊ နှုတ်​နှင့်​ပြစ်​မှား​ပေ၏။

သို့​ရာ​တွင် ဘု​ရား​သ​ခင်​သည် သူ​တို့​အိမ်​ကို ကောင်း​သော​အ​ရာ​နှင့် ပြည့်​စေ​တော်​မူ၏။ မ​တ​ရား​သော​သူ​တို့၏ အ​ကြံ​အ​စည်​ကို ငါ​သည်​ဝန်​မ​ခံ။

သို့​ရာ​တွင် ရဲ​ရင့်​စွာ ခို​လှုံ​ရာ​အ​ခွင့်​ကို သူ့​အား​ပေး၍၊ ထို​သို့​သော သူ​တို့၏​အ​မှု​များ​ကို ပ​မာ​ဏ​ပြု​တော်​မူ၏။

မြေ​ကြီး​ကို လူ​ဆိုး​လက်၌​အပ်၍၊ တ​ရား​သူ​ကြီး​တို့၏ မျက်​နှာ​ကို ဖျက်​တော်​မူ၏။ သို့​မ​ဟုတ် ထို​အ​မှု​ကို စီ​ရင်​သော​သူ​ကား အ​ဘယ်​သူ​နည်း။

အို​ထာ​ဝ​ရ​ဘု​ရား၊ လော​ကီ​သား​ဖြစ်​သော​ထို​လူ​တို့​လက်​မှ အ​ကျွန်ုပ်​အ​သက်​ကို လက်​တော်​ဖြင့် ကယ်​လွှတ်​တော်​မူ​ပါ။ ထို​သူ​တို့​သည် ယ​ခု​ဘ​ဝ​မှာ မိ​မိ​တို့​အ​ဖို့​ကို ခံ​ရ​ကြ​ပါ၏။ သူ​တို့​အ​လို​ကို ဘ​ဏ္ဍာ​တော်​နှင့် ပြည့်​စုံ​စေ​တော်​မူ၏။ သူ​တို့​သား​သ​မီး​တို့​သည်​လည်း ကြွယ်​ဝ၍၊ မြေး​မြစ်​စ​သည်​တို့၌ မိ​မိ​တို့​ဥ​စ္စာ​ကို ချန်​ထား​ကြ​ပါ၏။

လူ​ဆိုး​တို့​အ​ကြောင်း​ကြောင့် စိတ်​မ​ပူ​နှင့်။ မ​တ​ရား​သ​ဖြင့် ပြု​သော​သူ​တို့​ကို မ​ငြူ​စူ​နှင့်။

မ​တ​ရား​သော​သူ​သည် အ​စိုး​တ​ရ​ပြု၍၊ ပေါက်​ရင်း​အ​ရပ်​မှာ ကြီး​ပွား​သော သစ်​ပင်​လန်း​လန်း​ရှိ​သ​ကဲ့​သို့၊ ကိုယ်​ကို​ကိုယ်​ပြန့်​ပွား​စေ​သည်​ကို ငါ​မြင်​ရ​သော်​လည်း၊

အ​ကြောင်း​မူ​ကား၊ မ​တ​ရား​သော​သူ​တို့၏ စည်း​စိမ်​ကို​မြင်​သော​အ​ခါ၊ မိုက်​သော​သူ​တို့​ကို​ပင် ငါ​ငြူ​စူ​မိ​ပြီ။

မ​တ​ရား​သော သူ​တို့​သည် မြက်​ပင်​ကဲ့​သို့​ပေါက်၍၊ အ​ဓ​မ္မ​အ​မှု​ကို ပြု​သော​သူ​တို့​သည် ပွင့်​လန်း​ကြ​သော​အ​ခါ၊ ထာ​ဝ​ရ​ပျက်​စီး​ခြင်း​သို့​ရောက်​ရ​သော အ​ကြောင်း​ပေ​တည်း။

အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ကိုယ်​တော်​နှင့် တ​ရား​စ​ကား​ကို​ဆွေး​နွေး​သော​အ​ခါ၊ ကိုယ်​တော်​သည် တ​ရား​တော်​မူ၏။ သို့​သော်​လည်း၊ စစ်​ကြော​စီ​ရင်​တော်​မူ​ခြင်း​အ​ကြောင်း​ကို မေး​လျှောက်​ပါ​မည်။ မ​တ​ရား​သော​သူ​တို့​သည် အ​ဘယ်​ကြောင့် အ​ကြံ​မြောက်​ရ​ကြ​ပါ​သ​နည်း။ အ​လွန်​သ​စ္စာ​ပျက်​သော သူ​အ​ပေါင်း​တို့​သည် အ​ဘယ်​ကြောင့် ချမ်း​သာ​ရ​ကြ​ပါ​သ​နည်း။

ငှက်​ထောင်​အိမ်​သည် ငှက်​တို့​နှင့် ပြည့်​သ​ကဲ့​သို့၊ သူ​တို့​အိမ်​သည် လှည့်​စား​ခြင်း​ပ​ရိ​ယာယ်​နှင့် ပြည့်၏။ ထို​သို့ သူ​တို့​သည် အား​တိုး​ပွား၍ ရ​တတ်​ခြင်း​သို့​ရောက်​ကြ၏။

ဝ​လျက်၊ မျက်​နှာ​ပြောင်​လျက်​ရှိ​ကြ၏။ ဆိုး​သော​သူ​တို့​ထက် သာ၍ ဆိုး​ကြ၏။ တ​ရား​သ​ဖြင့် မ​စီ​ရင်​ကြ။ မိ​ဘ​မ​ရှိ​သော သူ​ငယ်၏​အ​မှု​ကို​စောင့်၍ အ​နိုင်​မ​ပေး​ကြ။ ဆင်း​ရဲ​သော​သူ​ဘက်၌ တ​ရား​သ​ဖြင့် မ​စီ​ရင်​ကြ။

ထို​နောက် သူ​တို့​သည် သ​ဘော​ပြောင်း​လဲ​လျက် လွန်​ကျူး၍ အ​ပြစ်​ခံ​ရ​ကြ​လိမ့်​မည်။ မိ​မိ​တို့​တန်​ခိုး​သည် မိ​မိ​တို့​ဘု​ရား ဖြစ်​လေ​သည်​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ