Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 12:5

Judson Bible

ချော်​လဲ​လု​သော​သူ​ကို ပစ်​လိုက်​သော​မီး​ခွက်​ကဲ့​သို့ ကောင်း​စား​သော​သူ​သည် မှတ်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ခံ​ရ​အံ့​သော​ငှာ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​စဉ်​တွင်၊ အိမ်​နီး​ချင်း ပြက်​ရယ်​ပြု​သည်​ကို ခံ​ရ​သော​သူ​ဖြစ်၏။ အ​ပြစ်​မ​ရှိ ဖြောင့်​မတ်​သော​သူ​သည် ပြက်​ရယ်​ပြု​ခြင်း​ကို ခံ​ရ​ပါ​သည်​တ​ကား။

ဓား​ပြ​လုပ်​သော​သူ​တို့၏ နေ​ရာ​သည် ကောင်း​စား​တတ်၏။ ဘု​ရား​သ​ခင်၏ အာ​ဏာ​တော်​ကို ဆန်​သော​သူ​တို့​သည် လုံ​ခြုံ​စွာ​နေ၍၊ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော စည်း​စိမ်​ကို ခံ​စား​တတ်​ကြ၏။

သင်​တို့​ပြော​သ​ကဲ့​သို့ ငါ​သည်​လည်း​ပြော​နိုင်၏။ သင်​တို့​သည် ငါ​ကဲ့​သို့​ဖြစ်​လျှင်၊ ငါ​သည် သင်​တို့​တစ်​ဘက်​က စ​ကား​များ​ကို ပုံ၍​ထား​နိုင်၏။ ခေါင်း​ကို​လည်း ခါ​နိုင်၏။

အ​ကယ်​စင်​စစ် ဆိုး​သော​သူ၏​အ​လင်း​သည် ကွယ်​လိမ့်​မည်။ သူ၏​မီး​လျှံ မ​တောက်​ရ။

တော​မြည်း​သည် မြက်​ပင်​ပေါ​သော​အ​ခါ မြည်​တတ်​သ​လော။ နွား​သည် စား​စ​ရာ​ရှိ​သော​အ​ခါ အော်​တတ်​သ​လော။

လမ်း​ခ​ရီး​တော်၌ အ​ကျွန်ုပ်​သွား​စဉ်​တွင် ခြေ​မ​ချော်​စေ​ခြင်း​ငှာ ထောက်​မ​တော်​မူ​ပါ။

ငါ့​ခြေ​ချော်​လျက်​ရှိ​သည်​ဟု အ​ကျွန်ုပ်​ဆို​သော​အ​ခါ၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​က​ရု​ဏာ​သည် အ​ကျွန်ုပ်​ကို ထောက်​မ​ပါ၏။

ဖြောင့်​မတ်​သော​သူ၏​အ​လင်း​သည် ရွှင်​လန်း၏။ မ​တ​ရား​သော​သူ၏​မီး​ခွက်​မူ​ကား၊ သေ​ရ​လိမ့်​မည်။

အ​ကြင်​သူ​သည် မိ​ဘ​ကို​ကျိန်​ဆဲ၏။ ထို​သူ၏​မီး​ခွက်​သည် ထူ​ထပ်​သော မှောင်​မိုက်၌ သေ​လိမ့်​မည်။

မိုး​မ​ချုပ်​မီ၊ မိုက်​သော​တောင်​ပေါ်​မှာ သင်​တို့​သည် ထိ​ခိုက်၍​မ​လဲ​မီ၊ အ​လင်း​ကို​မျှော်​လင့်​သော​အ​ခါ၊ သေ​မင်း​အ​ရိပ်၊ ထူ​ထပ်​သော မှောင်​မိုက်​ကို ဖြစ်​စေ​တော်​မ​မူ​မီ၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။

မိုက်​သော​သူ​တို့​က ငါ​တို့​ဆီ​မီး သေ​ပါ​ပြီ။ သင်​တို့​ဆီ​ကို အ​နည်း​ငယ်​ပေး​ပါ​ဟု ပ​ညာ​ရှိ​သော​သူ​တို့​အား တောင်း​ကြ၏။-

ငါ့​ဝိ​ညာဉ်​အား​လည်း၊ အ​ချင်း​ဝိ​ညာဉ်၊ သင်​သည် နှစ်​ပေါင်း​များ​စွာ​သုံး​ဆောင်​ရန် ဥ​စ္စာ​များ​ကို သို​ထား​လျက်​ရှိ​ပြီ။ ငြိမ်​ဝပ်​စွာ​နေ​လော့။ စား​သောက်​ခြင်း၊ ပျော်​မွေ့​ခြင်း​ကို ပြု​လော့။ ငါ​ပြော​မည်​ဟု သူ​ဌေး​အ​ကြံ​ရှိ၏။-

အ​ပြစ်​တ​ရား​ကို စီ​ရင်​ရ​သော​အ​ခွင့်၊ အ​ပြစ်​နှင့်​အ​လျောက် ဆပ်​ပေး​ရ​သော အ​ခွင့်​ကို​ငါ​ပိုင်၏။ အ​ချိန်​တန်​မှ သူ​တို့​ခြေ​သည် ချော်​လိမ့်​မည်။ သူ​တို့၌ ဘေး​ရောက်​သော​အ​ချိန် နီး​ပြီ။ သူ​တို့​တွေ့​ကြုံ​ရ​သော​အ​မှု​သည် အ​လျင်​အ​မြန် ရောက်​လာ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ