Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 12:4

Judson Bible

ငါ​သည် ဘု​ရား​သ​ခင်၏​ကျေး​ဇူး​တော်​ကို ခံ​ရ​အံ့​သော​ငှာ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​စဉ်​တွင်၊ အိမ်​နီး​ချင်း ပြက်​ရယ်​ပြု​သည်​ကို ခံ​ရ​သော​သူ​ဖြစ်၏။ အ​ပြစ်​မ​ရှိ ဖြောင့်​မတ်​သော​သူ​သည် ပြက်​ရယ်​ပြု​ခြင်း​ကို ခံ​ရ​ပါ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

သင်​ပြော​သော မု​သား​စ​ကား​ကြောင့် သူ​တစ်​ပါး​တို့​သည် တိတ်​ဆိတ်​စွာ​နေ​ရ​မည်​လော။ သင်​ကဲ့​ရဲ့​သော​အ​ခါ အ​ဘယ်​သူ​သည် အ​ရှက်​မ​ကွဲ​ဘဲ​နေ​ရ​မည်​နည်း။

ချော်​လဲ​လု​သော​သူ​ကို ပစ်​လိုက်​သော​မီး​ခွက်​ကဲ့​သို့ ကောင်း​စား​သော​သူ​သည် မှတ်​တတ်၏။

ယ​ခု​ငါ့​အ​မှု​ကို ငါ​ပြင်​ဆင်​ပြီ။ ငါ၌​အ​ပြစ်​လွတ်​ခြင်း ထင်​ရှား​မည်​ဟု ငါ​သိ၏။

သူ​တစ်​ပါး​တို့​သည် ငါ့​ကို​ပါး​စပ်​ဟ​ကြ၏။ အ​ရှက်​ခွဲ၍ ပါး​ကို​ပုတ်​ကြ၏။ ငါ့​တစ်​ဘက်​က တ​ညီ​တ​ညွတ်​တည်း စု​ဝေး​ကြ၏။

ငါ့​သ​ဘော​ကို သိ​သော​သူ​သည် မြင့်​သော​အ​ရပ်၌​ရှိ၏။ ငါ့​အ​ဆွေ​ခင်​ပွန်း​တို့​သည် ငါ့​ကို​ကဲ့​ရဲ့၍၊ ငါ​သည် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ မျက်​ရည်​ကျ​လျက်​နေ၏။

ကဲ့​ရဲ့​တတ်​သော သူ​တို့​သည် ငါ့​ရှေ့​မှာ​ရှိ​ကြ​သည် မ​ဟုတ်​လော။ သူ​တို့​နှောင့်​ယှက်​သော အ​ခြင်း​အ​ရာ​တို့​ကို အ​စဉ်​ငါ​ကြည့်​မြင်​ရ​သည် မ​ဟုတ်​လော။

ငါ့​ကို သူ​တစ်​ပါး​ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း ဖြစ်​စေ​တော်​မူ၍၊ သူ​တို့​သည် ငါ့​ကို​ရွံ​ကြ၏။

ငါ​ပြော​ရ​သော​အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ သည်း​ခံ​ကြ​လော့။ ငါ​ပြော​ပြီး​မှ ပြက်​ရယ်​ပြု​ချင်​လျှင် ပြု​ကြ​လော့။

ယ​ခု​မူ​ကား၊ ငါ့​ထက်​အ​သက်​ငယ်​သော​သူ​တို့​သည် ငါ့​ကို ကဲ့​ရဲ့​တတ်​ကြ၏။ သူ​တို့​အ​ဘ​များ​ကို ငါ​သည်​ရွံ့​ရှာ၍၊ ငါ့​သိုး​စု​ကို​စောင့်​သော ခွေး​တို့​တွင်​မျှ နေ​ရာ​မ​ပေး။

ယ​ခု​မူ​ကား၊ ငါ​သည်​သူ​တို့​သီ​ချင်း​ဆို​ရာ၊ ကဲ့​ရဲ့​ပုံ​ခိုင်း​ရာ ဖြစ်​ပါ​သည်​တ​ကား။

ယော​ဘ​နှင့်​တူ​သော​သူ တစ်​စုံ​တစ်​ယောက် ရှိ​လိမ့်​မည်​လော။ ရေ​ကို သောက်​သ​ကဲ့​သို့ ကဲ့​ရဲ့​ခြင်း​ကို​မျို​တတ်၏။

ပြန်၍ ဆင်​ခြင်​ကြ​ပါ။ မ​တ​ရား​သ​ဖြင့် မ​ပြု​ကြ​ပါ​နှင့်။ ပြန်၍ ဆင်​ခြင်​ကြ​ပါ။ ဤ​အ​မှု၌ ငါ​သည် ဖြောင့်​မတ်​ပါ၏။

တစ်​ဖန် စုံ​လင်​သော်​လည်း၊ ကိုယ်​စိတ်​သ​ဘော​ကို ကိုယ်​မ​သိ​ရ။ ကိုယ်​အ​သက်​ကို ပ​မာ​ဏ​မ​ပြု​ရ။

ပွဲ၌​ခ​စား​တတ်​သော လူ​ဆိုး​တို့​နှင့်​အ​တူ ငါ့​ကို အံ​သွား​ခဲ​ကြိတ်​ကြ၏။

သူ​သည် ငါ့​ကို​ခေါ်​သော​အ​ခါ ငါ​ထူး​မည်။ ဒု​က္ခ​ခံ​ရ​သော​အ​ခါ သူ့​ဘက်​မှာ​ငါ​နေ၍ ချမ်း​သာ​ပေး​မည်။ သူ၏​ဘုန်း​ကို​လည်း ထင်​ရှား​စေ​မည်။

ဖြောင့်​သော​လမ်း​သို့ လိုက်​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​တတ်၏။ ကောက်​သော​လမ်း​သို့ လိုက်​သော​သူ​မူ​ကား၊ မ​ထီ​မဲ့​မြင်​ပြု​တတ်၏။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို သွေး​ဆောင်​တော်​မူ​သည်​အ​တိုင်း အ​ကျွန်ုပ်​လိုက်​ပါ​ပြီ။ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ထက်​အား​ကြီး၍ နိုင်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​သည် ကဲ့​ရဲ့​ခြင်း​ကို နေ့​တိုင်း​ခံ​ရ​ပါ၏။ လူ​တိုင်း ပြက်​ရယ်​ခြင်း​ကို ပြု​တတ်​ကြ​ပါ၏။

ငါ့​ကို​ခေါ်​လော့။ ငါ​ထူး​မည်။ ကြီး​သော​အ​ရာ၊ သင်​မ​သိ​နိုင်​အောင် နက်​နဲ​သော​အ​ရာ​တို့​ကို ငါ​ပြ​မည်။

ငါ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​ကို မျှော်​လင့်​မည်။ ငါ့​ကို ကယ်​တင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငါ​ခို​လှုံ​မည်။ ငါ၏​ဘု​ရား​သ​ခင်​သည် ငါ့​စ​ကား​ကို နား​ထောင်​တော်​မူ​မည်။

ဆူး​ပင်​နှင့် ရက်​သော​ဦး​ရစ်​ကို ခေါင်း​တော်၌ တင်​ကြ၏။ ကျူ​တစ်​လုံး​ကို​လည်း လက်​ယာ​လက်​တော်​နှင့် ကိုင်​စေ​ပြီး​လျှင် ရှေ့​တော်​မှာ​ဒူး​ထောက်​လျက် ယု​ဒ​ရှင်​ဘု​ရင်၊ ကိုယ်​တော်​သည် မင်္ဂ​လာ​ရှိ​စေ​သ​တည်း​ဟူ၍ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။-

ဖယ်​ရှား​ကြ​လော့။ မိန်း​မ​ငယ် သေ​သည်​မ​ဟုတ်၊ အိပ်​ပျော်​သည်​ဟု မိန့်​တော်​မူ​သော်၊ ထို​သူ​တို့​သည် ပြက်​ရယ်​ပြု​ကြ၏။-

ထို​သူ​တို့​သည် ပြက်​ရယ်​ပြု​ကြ၏။ ထို​သူ​ရှိ​သ​မျှ​တို့​ကို ပြင်​သို့ ထွက်​စေ​ပြီး​မှ သူ​ငယ်၏ မိ​ဘ​တို့​ကို​လည်း​ကောင်း၊ ကိုယ်​တော်​နှင့်​ပါ​သော သူ​တို့​ကို​လည်း​ကောင်း ခေါ်​ပြီး​လျှင်၊ သူ​ငယ် လျောင်း​ရာ​အ​ရပ်​သို့ ဝင်၍၊-

ငွေ​ကို တပ်​မက်​သော ဖာ​ရိ​ရှဲ​တို့​သည် ထို​စ​ကား​များ​ကို ကြား​လျှင်၊ ကိုယ်​တော်​ကို ပြက်​ရယ်​ပြု​ကြ၏။-

သေ​သော​သူ​တို့၏ ထ​မြောက်​ခြင်း​အ​ကြောင်း​ကို ကြား​ရ​လျှင်၊ အ​ချို့​တို့​သည် ကဲ့​ရဲ့​ကြ၏။ အ​ချို့​တို့​က၊ ဤ​အ​မှု​မှာ သင်၏​စ​ကား​ကို ငါ​တို့​သည် နောက်​တစ်​ဖန် နား​ထောင်​ဦး​မည်​ဟု ဆို​ကြ၏။-

အ​ချို့​သော​သူ​တို့​သည် ကဲ့​ရဲ့​ရိုက်​ပုတ်​ခြင်း၊ ချည်​နှောင်​ခြင်း​ကို​ခံ၍ ထောင်​ထဲ​မှာ​နေ​ရ​သ​ဖြင့်၊ စုံ​စမ်း​ခြင်း​ကို ခံ​ရ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ