Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



ယောဘဝတ္တု။ 12:23

Judson Bible

တိုင်း​နိုင်​ငံ​တို့​ကို ချီး​မြှောက်၍ တစ်​ဖန် ဖျက်​ဆီး​တော်​မူ၏။ တိုင်း​နိုင်​ငံ​တို့​ကို ကျယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ကျဉ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ချီး​ပေး​တော်​မူ၍၊ သူ​တို့​သည် အ​လွန်​ပွား​များ​ကြ၏။ သူ​တို့​သိုး​နွား​များ​ကို​လည်း လျော့​စေ​တော်​မ​မူ။

တစ်​ဖန် သူ​တို့​သည်​လျော့၍ ညှဉ်း​ဆဲ​ခြင်း၊ ငြို​ငြင်​ခြင်း၊ စိတ်​ပူ​ပန်​ခြင်း​အား​ဖြင့် နှိမ့်​ချ​လျက်​နေ​ရ​ကြ၏။

ထို​ကြောင့် ဘု​ရား​သ​ခင်​သည် ဝမ်း​ဆွဲ​မ​တို့​ကို ကျေး​ဇူး​ပြု​တော်​မူ၏။ ထို​လူ​အ​မျိုး​သည်​လည်း​များ​ပြား၍ အ​လွန်​အား​ကြီး​ကြ​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သား​ကို​ဖွား၍ အ​လွန်​တိုး​ပွား​များ​ပြား​သ​ဖြင့်၊ အ​လွန်​အား​ကြီး​၍ တစ်​ပြည်​လုံး၌ နှံ့​ပြား​ကြ​လေ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​တို့​အ​မျိုး​ကို တိုး​ပွား​စေ​တော်​မူ​ပြီ။ အ​ကျွန်ုပ်​တို့​အ​မျိုး​ကို တိုး​ပွား​စေ​သ​ဖြင့်၊ ဘုန်း​ကြီး​တော်​မူ၏။ ပြည်​တော်​ကို ပတ်​ဝန်း​ကျင်၌ ကျယ်​စေ​တော်​မူ​ပြီ။

နောင်​ကာ​လ၌ ယာ​ကုပ်​သည် အ​မြစ်​ကျ​လိမ့်​မည်။ ဣ​သ​ရေ​လ​သည် စိမ်း​လန်း၍ အ​ဖူး​အ​ငုံ​ထွက်​သ​ဖြင့်၊ လော​ကီ​နိုင်​ငံ​ကို အ​သီး​နှင့် ပြည့်​စေ​လိမ့်​မည်။

သင်​တို့၏​အ​ဘ အာ​ဗြ​ဟံ​နှင့်၊ သင်​တို့​ကို​ဖွား​သော​သူ စာ​ရာ​တို့​ကို ကြည့်​ရှု​ကြ​လော့။ ငါ​သည် တစ်​ယောက်​တည်း​သော​သူ အာ​ဗြ​ဟံ​ကို ခေါ်၍၊ ကောင်း​ချီး​ပေး​သ​ဖြင့် များ​ပြား​စေ၏။

သူ​ငယ်​တစ်​ယောက်​သည် လူ​တစ်​ထောင်​ဖြစ်​ရ​လိမ့်​မည်။ အား​နည်း​သော​သူ​တစ်​ယောက်​သည် အား​ကြီး​သော​လူ​မျိုး ဖြစ်​ရ​လိမ့်​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် အ​ချိန်​ရောက်​လျှင် ထို​အ​မှု​ကို​နှိုး​ဆော်​မည်။

ကိုယ်​တော်​သည် အ​မျိုး​သား​တို့​ကို များ​ပြား​စေ၍၊ သူ​တို့၏​ဝမ်း​မြောက်​ခြင်း​ကို တိုး​ပွား​စေ​တော်​မူ၏။ စ​ပါး​ကို​စု​သိမ်း​ရာ​ကာ​လ၌ ဝမ်း​မြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊ လု​ယူ​သော​ဥ​စ္စာ​ကို​ဝေ​သော​သူ ဝမ်း​မြောက်​သ​ကဲ့​သို့​လည်း​ကောင်း၊ ရှေ့​တော်၌​သူ​တို့​သည် ဝမ်း​မြောက်​ကြ​ပါ၏။

ထို​သူ​တို့​အ​ထဲ​က ကျေး​ဇူး​ကို​ချီး​မွမ်း​ခြင်း​အ​သံ၊ ရွှင်​မြူး​သော​သူ​တို့၏​အ​သံ​သည် ထွက်​လိမ့်​မည်။ ငါ​သည် သူ​တို့​ကို မ​နည်း​စေ​ဘဲ များ​ပြား​စေ​မည်။ နှိမ့်​ချ​ခြင်း​သို့ မ​ရောက်၊ ချီး​မြှောက်​ခြင်း​သို့ ရောက်​စေ​မည်​အ​ကြောင်း စီ​ရင်​မည်။

မိုး​ကောင်း​ကင်​တန်​ဆာ​တို့​ကို မ​ရေ​တွက်​နိုင်၊ သ​မု​ဒ္ဒ​ရာ​သဲ​လုံး​တို့​ကို တောင်း​တင်း​နှင့် မ​ခြင်​နိုင်​အောင် များ​ပြား​သ​ကဲ့​သို့၊ ငါ့​ကျွန်​ဒါ​ဝိဒ်၏​အ​မျိုး​ကို​လည်း​ကောင်း၊ ငါ၏​အ​မှု​ထမ်း​လေ​ဝိ​သား​တို့​ကို​လည်း​ကောင်း ငါ​များ​ပြား​စေ​မည်​ဟု မိန့်​တော်​မူ၏။

သူ​တို့​ကို ငါ​နှိုး​ဆော်၍ စု​ဝေး​စေ​မည်။ သူ​တို့​သည် ငါ၏​ရွေး​နုတ်​ခြင်း​ကို ခံ​ရ​သော​အား​ဖြင့်၊ အ​ရင်​များ​ပြား​သ​ကဲ့​သို့ တစ်​ဖန် များ​ပြား​ကြ​လိမ့်​မည်။

ဘု​ရား​သ​ခင်​သည် မြေ​တစ်​ပြင်​လုံး၌ နေ​ရ​သော လူ​အ​မျိုး​မျိုး​တို့​ကို တစ်​သွေး​တည်း​နှင့် ဖန်​ဆင်း​တော်​မူ၍၊ သူ​တို့​အား ခွဲ​ဝေ​စီ​မံ​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊ သူ​တို့၏ နေ​ရာ​အ​ပိုင်း​အ​ခြား​ကို​လည်း​ကောင်း မှတ်​သား​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ