မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဉာဏ်ကိုနုတ်၍၊ လမ်းမရှိသောတော၌ လှည့်လည်စေတော်မူ၏။
နှုတ်သတ္တိရှိသောသူတို့ကို စကားအစေ၍၊ အသက်ကြီးသော သူတို့မှ ပညာကို နုတ်တော်မူ၏။
ကိုယ်တော်သည် သူတို့ဉာဏ်ကို ကွယ်စေတော်မူသည်ဖြစ်၍၊ သူတို့ကို ချီးမြှောက်တော်မမူရ။
သူတို့သည် တောတွင်း လူဆိတ်ညံရာအရပ်၌လည်၍၊ နေစရာမြို့သို့ ရောက်သောလမ်းကို မတွေ့ကြ။
မင်းသားတို့ကို အရှက်ခွဲ၍၊ လမ်းမရှိသော တောအရပ်၌လည်စေတော်မူ၏။
သူတို့ပြောမိသော စကားတည်းဟူသော သူတို့နှုတ်၏အပြစ်ကြောင့် မိမိတို့မာနတွင် ကျော့မိပါစေသော။ သူတို့ ကျိန်ဆဲသောစကားနှင့် မုသားစကားကြောင့်၊
အဲဂုတ္တုပြည်နှင့်ဆိုင်သော ဗျာဒိတ်တော်ကား၊ ကြည့်ရှုလော့။ ထာဝရဘုရားသည် လျင်မြန်သောမိုးတိမ်ကိုစီး၍ အဲဂုတ္တုပြည်သို့ ကြွတော်မူ၏။ ရှေ့တော်၌ အဲဂုတ္တုပြည်၏ ရုပ်တုဆင်းတုတို့သည်လှုပ်ရှား၍၊ အဲဂုတ္တုပြည်၏နှလုံးသည် သူ၏အထဲမှာ အရည်ကျိုလျက် ရှိလိမ့်မည်။
အရွက်လည်းလှ၏။ သတ္တဝါအပေါင်းတို့စား၍ ဝလောက်သောအသီးနှင့် ပြည့်စုံ၏။ မြေတိရစ္ဆာန်တို့သည် ထိုသစ်ပင်အရိပ်၌ ခိုကြ၏။ အခက်အလက်တို့၌ ကောင်းကင်ငှက်တို့သည် နားနေကြ၏။
အိပ်ပျော်၍ မြင်မက်စဉ်၊ တစ်ဖန်ငါကြည့်ရှုပြန်လျှင်၊ သစ်ပင်စောင့်တည်းဟူသော သန့်ရှင်းသူတစ်ယောက်သည် ကောင်းကင်မှ ဆင်းလာ၍၊
လူစိတ်သဘောပျောက်၍ တိရစ္ဆာန်စိတ်သဘောနှင့် ပြည့်စုံစေလော့။
ထိုစကားနှင့်အညီ နေဗုခဒ်နေဇာ၌ ချက်ချင်းဖြစ်၍၊ လူစုထဲကနှင်ထုတ်ကြလျက်၊ သူသည် နွားကဲ့သို့ မြက်ကိုစား၍ မိုးစွတ်ခြင်းကို ခံသဖြင့်၊ ကိုယ်အမွေးသည် ရွှေလင်းတအတောင် ကဲ့သို့လည်းကောင်း၊ လက်သည်း ခြေသည်းတို့သည် ငှက်ခြေသည်းကဲ့သို့လည်းကောင်း ဖြစ်၏။
ဧဖရိမ်သည် ဉာဏ်မရှိ၊ မိုက်သော ချိုးနှင့်တူ၏။ အဲဂုတ္တုပြည်ကို ဟစ်ခေါ်တတ်၏။ အာရှုရိပြည်သို့ ပြေးတတ်၏။