Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ယောဘဝတ္တု။ 12:22

Judson Bible

မှောင်​မိုက်​ထဲ၌ နက်​နဲ​သော​အ​ရာ​တို့​ကို ထင်​ရှား​စေ၍၊ သေ​ခြင်း​အ​ရိပ်​ကို​အ​လင်း​ထဲ​သို့ ထုတ်​ဖော်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တစ်​ယောက်​က၊ ထို​သို့​မ​ဟုတ်​ပါ အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​စက်​တော်​မူ​ခန်း​ထဲ၌ မိန့်​တော်​မူ​သော​စ​ကား​ကို​ပင်၊ ဣ​သ​ရေ​လ​ပြည်၌​ရှိ​သော ပ​ရော​ဖက်​ဧ​လိ​ရှဲ​သည်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အား ပြန်​ပြော​တတ်​ပါ​သည်​ဟု လျှောက်​လေ၏။

နက်​နဲ​သော ပ​ညာ​အ​ရာ​တည်း​ဟူ​သော သင်​နား​လည်​နိုင်​သည်​ထက်၊ နှစ်​ဆ​သာ​သော​အ​ရာ​တို့​ကို သင့်​အား​ပြ​တော်​မူ​ပါ​စေ။ ထို​သို့​ပြ​တော်​မူ​လျှင် သင်​သည် အ​ပြစ်​ခံ​ထိုက်​သည်​အ​တိုင်း အ​ပြစ်​ပေး​တော်​မ​မူ​ကြောင်း ကို​သိ​ရ​လိမ့်​မည်။

နံ​နက်​ယံ​ကို သေ​မင်း​အ​ရိပ်​ကဲ့​သို့ ထင်​မှတ်၍၊ သေ​မင်း​အ​ရိပ်​ကြောက်​မက်​ဖွယ်​သော ဘေး​တို့​ကို သိ​ရ​ကြ၏။

မှောင်​မိုက်၊ သေ​မင်း​အ​ရိပ်​သည် ထို​နေ့​ရက်​အ​သ​ရေ​ကို ရှုတ်​ချ​ပါ​စေ။ မိုး​တိမ်​ထပ် လွှမ်း​မိုး​ပါ​စေ။ မွန်း​တည့်​အ​ရှိန်​ဖြင့် ကြောက်​မက်​ဖွယ် ဖြစ်​ပါ​စေ။

မ​တ​ရား​သ​ဖြင့် ကျင့်​သော​သူ၏​ပုန်း​ရှောင်​ရာ မှောင်​မိုက်၊ သေ​မင်း​အ​ရိပ်​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။

အ​ကယ်၍ မှောင်​မိုက်​သည် ငါ့​ကို​ဖုံး​လွှမ်း​မည်​ဟု တစ်​ဖန်​ဆို​လျှင်၊ ည​သည်​လည်း အ​ကျွန်ုပ်​ပတ်​ဝန်း​ကျင်၌ အ​လင်း​ဖြစ်​ပါ​လိမ့်​မည်။

အ​ကယ်​စင်​စစ် မှောင်​မိုက်​သည် ရှေ့​တော်၌ အ​ဘယ်​အ​ရာ​ကို​မျှ မ​ဖုံး​နိုင်​ပါ။ ည​သည် နေ့​ကဲ့​သို့​လင်း​ပါ၏။ မှောင်​မိုက်​သ​ဘော​နှင့် အ​လင်း​သ​ဘော​သည်​တူ​ပါ၏။

နှ​လုံး၌​ဝှက်​ထား​သော​အ​ရာ​များ​ကို ဘု​ရား​သ​ခင်​သိ​တော်​မူ​သည်​ဖြစ်၍၊ ထို​အ​မှု​ကို မ​စစ်​ဘဲ​နေ​တော်​မူ​မည်​လော။

နက်​နဲ​ခက်​ခဲ​သော အ​ရာ​တို့​ကို ထင်​ရှား​စွာ ပြ​တော်​မူ၏။ မှောင်​မိုက်၌​ရှိ​သ​မျှ​တို့​ကို သိ​မြင်၍ အ​လင်း၏​တည်​ရာ ဖြစ်​တော်​မူ၏။

ခိ​မ​ကြယ်​စု​နှင့် ခ​သိ​လ​ကြယ်​ကို ဖန်​ဆင်း​ထ​သော၊ သေ​မင်း​အ​ရိပ်​ကို နံ​နက်​အ​လင်း ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ နေ့​အ​လင်း​ကို ည​အ​မိုက်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ထ​သော၊ ပင်​လယ်​ရေ​ကို​ခေါ်၍ မြေ​ပေါ်​မှာ သွန်း​လောင်း​ထ​သော၊ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​ထ​သော၊

ထို​ကြောင့် သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ဖုံး​ထား​လျက်​ရှိ​သ​မျှ​သော အ​ရာ​တို့​သည် ပွင့်​လိမ့်​မည်။ ဆိတ်​ကွယ်​ရာ၌ ရှိ​သ​မျှ​တို့​သည်​လည်း ထင်​ရှား​လိမ့်​မည်။-

မှောင်​မိုက်​နှင့် သေ​မင်း၏​အ​ရိပ်​ထဲ​တွင် ရှိ​နေ​သော​သူ​တို့၌ အ​လင်း​ပေါ်​ထွန်း၍၊ ငါ​တို့​အား ငြိမ်​သက်​ခြင်း​လမ်း​ကို ပြ​လျက်​ရှိ​သည်​ဟု ပ​ရော​ဖက်​ဉာဏ်​နှင့် ဟော​လေ၏။-

ထို​အ​ရာ​တို့​ကို ဘု​ရား​သ​ခင်​သည် မိ​မိ​ဝိ​ညာဉ်​တော်​အား​ဖြင့် ငါ​တို့​အား​ဖော်​ပြ​တော်​မူ၏။ ဝိ​ညာဉ်​တော်​သည် ဘု​ရား​သ​ခင်၏ နက်​နဲ​သော အ​ရာ​တိုင်​အောင် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို စစ်​တော်​မူ၏။-

ထို​သို့​ဖြစ်​လျှင် မှောင်​မိုက်၌ ဝှက်​ထား​သော​အ​ရာ​တို့​ကို ပွင့်​လင်း​စေ၍ စိတ်​နှ​လုံး​အ​ကြံ​အ​စည်​များ​ကို ထင်​ရှား​စေ​လ​တ္တံ့​သော သ​ခင်​ဘု​ရား ကြွ​လာ​တော်​မ​မူ​မီ တိုင်​အောင် အ​ဘယ်​အ​မှု​ကို​မျှ အ​ဆုံး​အ​ဖြတ် မ​စီ​ရင်​ကြ​နှင့်။ ကြွ​လာ​တော်​မူ​သော​အ​ခါ၊ အ​သီး​အ​သီး​တို့​သည် ဘု​ရား​သ​ခင် ချီး​မွမ်း​တော်​မူ​ခြင်း​ကျေး​ဇူး​ကို ခံ​ရ​ကြ​လ​တ္တံ့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ