ယခုမူကား၊ သူတို့အဆင်းသည် မှောင်မိုက်ထက်မည်းသည်ဖြစ်၍ လမ်း၌မထင်ရှား။ သူတို့အရေသည် အရိုး၌ကပ်၍ ထင်းကဲ့သို့ သွေ့ခြောက်လေ၏။
ငါ့အရေအသားသည် ငါ့အရိုးတို့၌ ကပ်လျက်ရှိ၏။ သွားဖုံးတစ်ခုသာပါလျက် ငါပြေးလွတ်ရ၏။
ထိုသူတို့သည် အဝေးကမျှော်ကြည့်၍ ယောဘကိုမသိလျှင်၊ အသံကိုလွှင့်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍ မြေမှုန့်ကိုယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ ကျရောက်စေခြင်းငှာ၊ မိုးကောင်းကင်သို့ ပစ်တင်ကြ၏။
အဆင်းမည်းလျက် အရိုးပူလောင်လျက်ရှိ၏။
အသားအရေ ပိန်လျော့ကွယ်ပျောက်၍၊ မထင်ရှားဖူးသော အရိုးတို့လည်း ပေါ်ကြ၏။
အကျွန်ုပ်၏နေ့ရက်တို့သည် ရှည်လျားသော အရိပ်ကဲ့သို့ဖြစ်၍၊ မြက်ပင်ကဲ့သို့ အကျွန်ုပ်ညှိုးနွမ်းပါ၏။
မီးခိုး၌ရှိသော သားရေဘူးကဲ့သို့ အကျွန်ုပ်ဖြစ်ပါ၏။ သို့သော်လည်း၊ အထုံးအဖွဲ့တော်တို့ကို မမေ့မလျော့ပါ။
နေ့ညမပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်အပေါ်မှာလေး၍၊ အကျွန်ုပ်၏ချွေးရည်သည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏။
အမျက်တော်ထွက်သောကြောင့်၊ အကျွန်ုပ်အသားသည် ကျန်းမာခြင်းမရှိပါ။ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာခြင်း မရှိပါ။
သူသည် လူမဟုတ်သကဲ့သို့ မျက်နှာပျက်ခြင်း၊ လူသားမဟုတ်သကဲ့သို့ အဆင်းအသရေပျက်ခြင်း ရှိသည်ကို၊ အများသောသူတို့သည် အံ့ဩမိန်းမောကြသည်ဖြစ်၍၊
မွတ်သိပ်ခြင်းအရှိန်ကြောင့် အကျွန်ုပ်တို့၏အရေသည် မီးဖိုကဲ့သို့ မည်းပါ၏။
သူတို့ရှေ့မှာ လူတို့သည် အလွန်ပင်ပန်းသောစိတ်ရှိ၍၊ ခပ်သိမ်းသော သူတို့သည် မျက်နှာမည်းကြလိမ့်မည်။
မြို့တော်သည် ဟင်းလင်းနေရ၏။ ဥစ္စာမရှိ၊ လူဆိတ်ညံလျက် ဖြစ်၏။ မြို့သားအပေါင်းတို့သည် စိတ်ပျက်လျက်၊ ဒူးချင်းထိခိုက်လျက်၊ အလွန်ခါးကိုက်လျက်၊ မျက်နှာမည်းလျက်ရှိကြ၏။
သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့၏အနီးသို့ရောက်ကြောင်းကို သိမှတ်ကြဟု သူတို့အားပြောကြလော့။-