Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 4:7

Judson Bible

သူ၏​မှူး​မတ်​တို့​သည် မိုး​ပွင့်​ထက်​သန့်​ရှင်း၍၊ နို့​ရည်​ထက်​လည်း ဖြူ​ကြ၏။ သူ​တို့​အ​သား​သည် ကျောက်​နီ​ထက် နီ၏။ သွေး​ကြော​လည်း နီ​လာ​နှင့်​တူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

ဩ​ဖိ​ရ​ရွှေ၊ မြတ်​သော​ရှ​ဟံ​ကျောက်၊ နီ​လာ​ကျောက်​နှင့် ဝယ်​သော်​လည်း မ​ရ​နိုင်။

သ​န္တာ​နှင့်​ပု​လဲ​ကို ပြော​စ​ရာ​မ​ရှိ။ ပ​ညာ​သည် ပ​တ္တ​မြား​ထက်​သာ၍ အ​ဖိုး​ကြီး၏။

အ​ကျွန်ုပ်​တို့၏​သား​တို့​သည် အ​ရွယ်​ပျို​စဉ်​တွင်၊ ကြီး​ပွား​သော ပျိုး​ပင်​ကဲ့​သို့​လည်း​ကောင်း၊ သ​မီး​တို့​သည် ဘုံ​ဗိ​မာန်​နည်း​တူ ထု​သော တိုက်​ထောင့်​ကျောက်​တိုင်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​ပါ​စေ​သော။

အ​ကျွန်ုပ်​ကို စင်​ကြယ်​စေ​ခြင်း​ငှာ၊ ဟုဿုပ်​ပင်​ညွန့်​နှင့် သန့်​ရှင်း​ခြင်း​မင်္ဂ​လာ​ကို ပေး​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မိုး​ပွင့်​ထက်​သာ၍ ဖြူ​စေ​ခြင်း​ငှာ ဆေး​ကြော​တော်​မူ​ပါ။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်​ကို မြင်​ကြ၏။ ခြေ​တော်​အောက်၌ နီ​လာ​ကျောက်​ဖြင့်​ပြီး​သော ကျောက်​ခင်း​ကဲ့​သို့​လည်း​ကောင်း၊ ကြည်​လင်​သော ကောင်း​ကင်​မျက်​နှာ​ကဲ့​သို့​လည်း​ကောင်း ထင်​လေ၏။

ငါ​ချစ်​ရာ​သ​ခင်​သည် ဖြူ​သော​အ​ဆင်း၊ နီ​သော​အ​ဆင်း​နှင့် ပြည့်​စုံ၍၊ လူ​တစ်​သောင်း​တို့​တွင် အ​ထွတ်​အ​မြတ် ဖြစ်​တော်​မူ၏။

ခြေ​ထောက်​တော်​တို့​သည် ရွှေ​စင်​ဖိ​နပ်​ပေါ်၌​တည်​သော ကျောက်​ဖြူ​တိုင်​နှင့် တူ​ကြ၏။ မျက်​နှာ​တော်​သည် လေ​ဗ​နုန်​တောင်​ကဲ့​သို့​ဖြစ်၍၊ အာ​ရဇ်​ပင်​ကဲ့​သို့​ထူး​မြတ်​ပေ၏။

ဆယ်​ရက်​စေ့​လျှင် သူ​တို့​မျက်​နှာ​သည်၊ ပွဲ​တော်​မှ ကြွင်း​သော​အ​စာ​ကို စား​သော လူ​ပျို​အ​ပေါင်း​တို့၏ မျက်​နှာ​ထက် အ​ဆင်း​လှ၍ ဖွံ့​ဝ​လျက်​ရှိ၏။

အ​ကြောင်း​မူ​ကား၊ ထို​သား​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြီး​မြတ်​သော​သူ ဖြစ်​လိမ့်​မည်။ စ​ပျစ်​ရည်​နှင့် ယစ်​မျိုး​ကို မ​သောက်​ဘဲ​နေ၍၊ အ​မိ​ဝမ်း​ထဲ​က​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​ဝ​လိမ့်​မည်။-

အ​ကြောင်း​မူ​ကား၊ ပ​ဋိ​သ​န္ဓေ​ယူ၍ ဖွား​မြင်​လ​တ္တံ့​သော သား​ယောက်ျား​သည် ဆံ​ပင်​ရိတ်​ခြင်း​ကို မ​ခံ​ဘဲ၊ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ဘု​ရား​သ​ခင်၏​နာ​ဇ​ရိ​လူ ဖြစ်​ရ​လိမ့်​မည်။ သူ​သည်​လည်း ဣ​သ​ရေ​လ​အ​မျိုး​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​မှ ကယ်​နုတ်​စ​ပြု​လိမ့်​မည်​ဟု ဆို၏။

သူ​က​လည်း၊ သင်​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ စ​ပျစ်​ရည်​ကို မ​သောက်​နှင့်။ သေ​ရည်​သေ​ရက်​ကို မ​သောက်​နှင့်။ မ​စင်​ကြယ်​သော​အ​စာ​ကို မ​စား​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​ငယ်​သည် အ​မိ​ဝမ်း​ထဲ​မှ​စ၍ သေ​သော​နေ့​တိုင်​အောင် ဘု​ရား​သ​ခင်၏​နာ​ဇ​ရိ​လူ​ဖြစ်​ရ​လိမ့်​မည်​ဟု အ​ကျွန်ုပ်​အား မိန့်​မြွက်​ကြောင်း​ကို ပြော​ဆို​လေ၏။

ရှံ​ဆုန်​သည် မိ​မိ​စိတ်​နှ​လုံး၌ ရှိ​သ​မျှ​အ​တိုင်း​ပြော၍၊ ငါ့​ဆံ​ပင်​ကို တစ်​ခါ​မျှ မ​ရိတ်​သေး။ အ​မိ​ဝမ်း​ထဲ​မှ​စ၍ ဘု​ရား​သ​ခင်၏ နာ​ဇ​ရိ​လူ​ဖြစ်၏။ ငါ့​ဆံ​ပင်​ကို​ရိတ်​လျှင် ငါ၌​ခွန်​အား​လျော့၍ အ​ခြား​သော​သူ​ကဲ့​သို့ ငါ​ဖြစ်​လိမ့်​မည်​ဟု ပြော​ဆို၏။

စေ​လွှတ်၍ သူ့​ကို​ခေါ်​ခဲ့၏။ သူ​သည် နီ​သော​ဆံ​ပင်​ရှိ၏။ လှ​သော​အ​ဆင်း​နှင့် ချစ်​ဖွယ်​သော​မျက်​နှာ​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​က ဤ​သူ​ပေ​တည်း။ ထ၍​ဘိ​သိက်​ပေး​လော့​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ