Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 4:6

Judson Bible

အ​ဘယ်​သူ​မျှ အား​မ​ထုတ်​ဘဲ ချက်​ချင်း​ပျက်​စီး​ခြင်း​သို့​ရောက်​သော၊ သော​ဒုံ​မြို့​ခံ​ရ​သော အ​ပြစ်​ဒဏ်​ထက်၊ ငါ၏​လူ​မျိုး သ​တို့​သ​မီး​ခံ​ရ​သော အ​ပြစ်​ဒဏ်​သည် သာ၍​ကြီး​ပေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​ကင်​ထက်၊ အ​ထံ​တော်​မှ သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​အ​ပေါ်​သို့ ကန့်​နှင့် မီး​မိုး​ကို ရွာ​စေ​တော်​မူ​၏။

ထို​မြို့​တို့​ကို​လည်း​ကောင်း၊ ချိုင့်​အ​ရပ်​တစ်​လျှောက်​လုံး​ကို​လည်း​ကောင်း၊ မြို့​သား​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ မြေ၌​ပေါက်​သ​မျှ​ကို​လည်း​ကောင်း၊ မှောက်​လှဲ​တော်​မူ၏။

ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​သည် ဆင်း​ရဲ​သား​ကဲ့​သို့​လည်း​ကောင်း၊ သ​ခင်​သည် ကျွန်​ကဲ့​သို့​လည်း​ကောင်း၊ သ​ခင်​မ​သည် ကျွန်​မ​ကဲ့​သို့​လည်း​ကောင်း၊ ရောင်း​သော​သူ​သည် ဝယ်​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ ကြွေး​ရှင်​သည် ကြွေး​တင်​သော​သူ​ကဲ့​သို့​လည်း​ကောင်း၊ အ​တိုး​စား​သော​သူ​သည် အ​တိုး​ပေး​သော သူ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် နောင်​တ​မ​ရ၊ ဖျက်​ဆီး​တော်​မူ​သော​မြို့​တို့​ကဲ့​သို့၊ ထို​သူ​သည်​ဖြစ်​ပါ​စေ​သော။ နံ​နက်​အ​ချိန်၌ ကြွေး​ကြော်​သံ​ကို​လည်း​ကောင်း၊ မွန်း​တည့်​အ​ချိန်၌ အော်​ဟစ်​သံ​ကို​လည်း​ကောင်း ကြား​ပါ​စေ​သော။

ယေ​ရု​ရှ​လင်​မြို့​သား ပ​ရော​ဖက်​တို့၌​လည်း၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော သ​ဘော​ကို ငါ​မြင်​ပြီ။ သူ​တို့​သည် မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​လျက်၊ မု​သား​ကို​လည်း​သုံး​လျက်၊ အ​ဓ​မ္မ​ပြု​သော​သူ​တို့​ကို အား​ပေး​တတ်​သ​ဖြင့်၊ အ​ဘယ်​သူ​မျှ​မိ​မိ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို မ​စွန့်။ ထို​သူ ရှိ​သ​မျှ​တို့​သည် ငါ၌ သော​ဒုံ​မြို့​သား​ကဲ့​သို့​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ဂေါ​မော​ရ​မြို့​သား​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။

ဓား​ဖြင့်​သေ​သော​သူ​သည်၊ ငတ်​မွတ်၍ သေ​သော​သူ​ထက်​သာ၍ မင်္ဂ​လာ​ရှိ၏။ ငတ်​မွတ်၍ သေ​သော​သူ​သည် အ​သီး​အ​နှံ​ပြတ်​ခြင်း​အား​ဖြင့် ထိုး​ဖောက်၍ ပိန်​ကြုံ​ရ၏။

သူ​သည် လိ​မ္မာ​စွာ​ပြု​သ​ဖြင့်၊ မု​သား​လည်း အောင်​မြင်​လိမ့်​မည်။ စိတ်​ထောင်​လွှား​ခြင်း​နှင့်​တ​ကွ မိတ်​သ​ဟာ​ယ​ဖွဲ့​သော​အား​ဖြင့် လူ​များ​တို့​ကို ဖျက်​ဆီး၍၊ သ​ခင်​တို့၏​သ​ခင်​ကို ဆန့်​ကျင်​ဘက် ပြု​လိမ့်​မည်။ သို့​သော်​လည်း၊ လူ​လက်​ဖြင့် ဒဏ်​မ​ခတ်​ဘဲ ကျိုး​ပဲ့​ပျက်​စီး​ခြင်း​သို့ ရောက်​လိမ့်​မည်။

အ​ကျွန်ုပ်​တို့​တစ်​ဖက်၊ အ​ကျွန်ုပ်​တို့​ကို​အုပ်​သော တ​ရား​သူ​ကြီး​တို့ တစ်​ဖက်၌ မိန့်​တော်​မူ​သော စ​ကား​တော်​ကို တည်​စေ၍၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ကြီး​စွာ​သော​ဘေး​ဥ​ပဒ်​ကို ရောက်​စေ​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ ဘေး​ရောက်​သ​ကဲ့​သို့ ကောင်း​ကင်​အောက်​တွင် အ​ဘယ်​အ​ရပ်၌​မျှ မ​ရောက်​စ​ဖူး​ပါ။

အ​ကြောင်း​မူ​ကား၊ က​မ္ဘာ​ဦး​မှ​စ၍ ယ​ခု​တိုင်​အောင် မ​ဖြစ်​စ​ဖူး၊ နောက်၌​လည်း မ​ဖြစ်​လ​တ္တံ့​သော ကြီး​စွာ​သော ဒု​က္ခ​သည် ထို​ကာ​လ၌ ဖြစ်​လိမ့်​မည်။-

ငါ​ဆို​သည်​ကား၊ နောက်​ဆုံး​သော​နေ့၌ ထို​မြို့​သည် သော​ဒုံ​မြို့​ထက် သာ၍​ခံ​ရ​လ​တ္တံ့။

အ​ကြင်​ကျွန်​သည် မိ​မိ​သ​ခင်၏ အ​လို​ကို​သိ​လျက်​နှင့် အ​သင့်​မ​နေ၊ သ​ခင်၏​အ​လို​ကို မ​ဆောင်၊ ထို​ကျွန်​သည် များ​စွာ​သော​ဒဏ်​ကို ခံ​ရ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ