Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 4:9

Judson Bible

ဓား​ဖြင့်​သေ​သော​သူ​သည်၊ ငတ်​မွတ်၍ သေ​သော​သူ​ထက်​သာ၍ မင်္ဂ​လာ​ရှိ၏။ ငတ်​မွတ်၍ သေ​သော​သူ​သည် အ​သီး​အ​နှံ​ပြတ်​ခြင်း​အား​ဖြင့် ထိုး​ဖောက်၍ ပိန်​ကြုံ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​နှစ် စ​တု​တ္ထ​လ​ကိုး​ရက်​နေ့​တွင်၊ မြို့​ထဲ​မှာ အ​လွန်​အ​စာ​အာ​ဟာ​ရ​ခေါင်း​ပါး​သ​ဖြင့်၊ မြို့​သူ​မြို့​သား​တို့​သည် စား​စ​ရာ​မ​ရှိ​သော​အ​ခါ၊

ငါ​တို့​သည် အဲ​ဂု​တ္တု​ပြည်၌ အ​မဲ​သား​ချက်​သော​အိုး​ကင်း​နား​မှာ​ထိုင်၍ ဝ​စွာ​စား​ရ​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား၏​လက်​တော်​ဖြင့်​သေ​လျှင် သာ၍​ကောင်း၏။ ယ​ခု​မူ​ကား၊ ဤ​စည်း​ဝေး​လျက်​ရှိ​သော လူ​အ​ပေါင်း​တို့​ကို ငတ်​မွတ်​ခြင်း​အား​ဖြင့် သတ်​လို​သော​ငှာ၊ ဤ​တော​အ​ရပ်​သို့​ဆောင်​ခဲ့​ပြီ​တ​ကား​ဟု မော​ရှေ​နှင့် အာ​ရုန်​ကို အ​ပြစ်​တင်၍ မြည်​တမ်း​လျက်​ဆို​ကြ၏။

အ​ထက်​က အ​သံ​ဗ​လံ​များ၍ အုတ်​အုတ်​ကျက်​ကျက် ပြု​တတ်​သော​မြို့၊ ရွှင်​လန်း​သော​မြို့၊ သင်၏​လူ​သေ​တို့​သည် ဓား​လက်​နက်​ကြောင့် ဆုံး​ကြ​သည်​မ​ဟုတ်။ စစ်​တိုက်​ရာ​မှာ သေ​ကြ​သည်​မ​ဟုတ်။

ထို​သူ​တို့​သည် ဆိုး​သော​သေ​ခြင်း​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။ သူ​တို့​ကို​မြည်​တမ်း၍ မ​သင်္ဂြိုဟ်​ရ။ မြေ​ပေါ်​မှာ မ​စင်​ကဲ့​သို့ ဖြစ်​ကြ​လိမ့်​မည်။ သူ​တို့​သည် ဓား​ဘေး​နှင့် မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ခြင်း​သို့​ရောက်၍၊ အ​သေ​ကောင်​တို့​သည် မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ စား​စ​ရာ​ဖို့ ဖြစ်​ကြ​လိမ့်​မည်။

ခေါင်း​ပေါင်း ပေါင်း၍ ခြေ​နင်း​ကို စီး​ရ​ကြ​လိမ့်​မည်။ ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ​ကြ။ ကိုယ်​အ​ပြစ်​ကြောင့် ပိန်​ကြုံ၍ တစ်​ယောက်​ကို​တစ်​ယောက် ညည်း​တွား​ရ​ကြ​လိမ့်​မည်။

သို့​ဖြစ်၍၊ အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ဟော​ပြော​ရ​မည်​မှာ၊ ငါ​တို့​သည် ကိုယ်​ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​ကို ခံ​ရ​သ​ဖြင့် အား​လျော့​သည်​ဖြစ်၍၊ အ​ဘယ်​သို့ အ​သက်​ရှင်​နိုင်​ပါ​မည်​နည်း​ဟု သင်​တို့​ဆို​ကြ​သော်၊

တစ်​ဖန်​တုံ၊ အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင်​မြို့၌ မုန့်​အ​ထောက်​အ​ပင့်​ကို ငါ​ချိုး​မည်။ မြို့​သား​တို့​သည် မုန့်​ကို​ချိန်​လျက်၊ စိုး​ရိမ်​သော​စိတ်​နှင့် စား​ရ​ကြ​မည်။ ရေ​ကို​လည်း ခြင်​လျက်၊ မိန်း​မော​တွေ​ဝေ​ခြင်း​နှင့် သောက်​ရ​ကြ​မည်။

ပြင်၌​ကား ဓား​ရှိ၏။ အ​တွင်း၌​ကား နာ​ခြင်း၊ မွတ်​သိပ်​ခြင်း​ရှိ၏။ လယ်​ပြင်​တွင်​ရှိ​သော​သူ​သည် ဓား​ဖြင့်​သေ​လိမ့်​မည်။ မြို့​ထဲ​တွင်​ရှိ​သော သူ​သည်​လည်း နာ​ခြင်း၊ မွတ်​သိပ်​ခြင်း​အား​ဖြင့် ဆုံး​လိမ့်​မည်။

ကျန်​ကြွင်း​သော​သင်​တို့​သည်၊ ရန်​သူ​ပြည်၌​ကိုယ်​အ​ပြစ်၊ ဘိုး​ဘ​တို့​အ​ပြစ်​ကို​ခံ​လျက်၊ ဘိုး​ဘ​နှင့်​တ​ကွ အား​လျော့​ကြ​လိမ့်​မည်။

သင်​သည် မ​ပျက်​စီး​မီ​တိုင်​အောင်၊ ထို​ရန်​သူ​သည် သင်၏​သိုး​သ​ငယ်၊ နွား​သ​ငယ်၊ မြေ​အ​သီး​အ​နှံ​ကို စား​ရ​လိမ့်​မည်။ သင့်​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင်၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ သိုး​နွား​အ​စီး​အ​ပွား​ကို သင့်​အ​ဖို့ မ​ချန်​မ​ထား​ရ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ