Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 4:21

Judson Bible

ဥ​ဇ​ပြည်၌​နေ​သော ဧ​ဒုံ​သ​တို့​သ​မီး၊ ဝမ်း​မြောက်​ရွှင်​လန်း​လော့။ ဖ​လား​တော်​သည် သင်​ရှိ​ရာ​သို့ ကူး​သွား​လိမ့်​မည်။ သင်​သည်​ယစ်​မူး၍ အ​ဝတ်​အ​ချည်း​စည်း ရှိ​ရ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ဒိ​ရှန်​သား​ကား၊ ဥ​ဇ​နှင့် အာ​ရန်​တည်း။

ယု​ဒ​ရှင်​ဘု​ရင်​အာ​ခတ်​ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​ပြည်​ကို အ​လွန်​နှိမ့်​ချ၏။ ထို​မင်း​သည် ယု​ဒ​ပြည်၏ အ​ဝတ်​တန်​ဆာ​ကို​ချွတ်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို ကြမ်း​တမ်း​စွာ ပြစ်​မှား၏။

ယော​ဘ​အ​မည်​ရှိ​သော​သူ တစ်​ယောက်​သည် ဥ​ဇ​ပြည်၌​နေ၏။ ထို​သူ​သည် စုံ​လင်​ဖြောင့်​မတ်​ခြင်း​ရှိ၏။ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ၊ မ​ကောင်း​သော​အ​ကျင့်​ကို ရှောင်​သော​သူ​ဖြစ်၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့၏ နေ့​ရက်​အ​ချိန်​ရောက်​သော​အ​ခါ၊ မြို့​ရိုး​ကို အ​မြစ်​တိုင်​အောင် ရှင်း​လိုက်​ကြ၊ ရှင်း​လိုက်​ကြ​ဟု ဆို​ကြ​သော ဧ​ဒုံ​အ​မျိုး​သား​တို့​ကို အောက်​မေ့​တော်​မူ​ပါ။

အ​ချင်း​လူ​ပျို၊ အ​သက်​ပျို​သော​အ​ခါ ပျော်​မွေ့​လော့။ အ​သက်​ပျို​စဉ်​ကာ​လ​တွင် စိတ်​ရွှင်​လန်း​ခြင်း​ရှိ​လော့။ ကိုယ်​အ​လို​ရှိ​ရာ လမ်း​နှင့်၊ ကိုယ်​ဉာဏ်​ပြ​သော လမ်း​သို့​လိုက်​လော့။ သို့​ရာ​တွင်၊ ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ဘု​ရား​သ​ခင်​စစ်​ကြော၍၊ သင့်​ကို အ​ပြစ်​ပေး​တော်​မူ​မည်​ဟု အောက်​မေ့​လော့။

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ခွက်​ဖ​လား​ကို မ​သောက်​ထိုက်​သော​သူ​တို့​သည် အ​ကယ်၍ သောက်​ကြ​သည်​မှန်​လျှင်၊ သင်​သည်​အ​ပြစ်​ကို​မ​ခံ​ဘဲ ရှင်း​ရှင်း​လွတ်​ရ​မည်​လော။ မ​လွတ်​ဘဲ မ​နေ​ရ။ စင်​စစ် သောက်​ရ​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​ပြည်​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ တေ​မန်​ပြည်၌ ပ​ညာ​ကုန်​သ​လော။ ပ​ညာ​သ​တိ​ရှိ​သော သူ​တို့​သည် အ​ကြံ​မ​ပေး​နိုင်​သ​လော။ သူ​တို့​ဉာဏ်​သည် ဆုံး​သ​လော။

သင်​သည် ဣ​သ​ရေ​လ​ပြည်​ကို မ​နာ​လို​သော​စိတ်​အား​ကြီး​လျက် လက်​ခုပ်​တီး​ခြင်း၊ ခြေ​နှင့်​ဆောင့်​ခြင်း​ကို ဝမ်း​မြောက်​စွာ ပြု​သော​ကြောင့်၊

တစ်​ဖန် မော​ဘ​ပြည်​နှင့် စိ​ရ​မြို့​က၊ ယု​ဒ​အ​မျိုး​သည် တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် တူ​သည်​ဟု​ဆို​သော​ကြောင့်၊

အ​ချင်း​လူ​သား၊ တု​ရု​မြို့​က၊ အေ့​ဟေ၊ တိုင်း​နိုင်​ငံ​တို့၏​တံ​ခါး​ဖြစ်​သော ယေ​ရု​ရှ​လင်​မြို့​သည် ပျက်​စီး​သည်​ဖြစ်၍၊ ငါ့​လက်​သို့ ရောက်​လိမ့်​မည်။ ထို​မြို့​ဆိတ်​ညံ​သော​ကြောင့် ငါ​စည်​ပင်​လိမ့်​မည်​ဟု ယေ​ရု​ရှ​လင်​မြို့​တစ်​ဖက်၌ ဆို​မိ​သော​ကြောင့်၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ဧ​ဒုံ​ပြည်​သည် သ​နား​သော​စိတ်​ကို​ချုပ်​တည်း၍၊ ညီ​အစ်​ကို​ကို ဓား​နှင့်​လိုက်​သော​အ​ပြစ်၊ ဒေါ​သ​စိတ်​နှင့် အ​စဉ်​အ​မြဲ​ဆွဲ​ဖြတ်၍ အ​စဉ်​အ​မြဲ အ​ငြိုး​ထား​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​ပြည်​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား ကြွေး​ကြော်​တော်​မူ​သံ​ကို ငါ​တို့​သည် ကြား​ကြ၏။ သင်​တို့​ထ၍ ဧ​ဒုံ​ပြည်​ကို တိုက်​ခြင်း​ငှာ စစ်​ချီ​ကြ​လော့​ဟု၊ တစ်​ပါး​အ​မျိုး​သား​တို့​ထံ​သို့ သံ​တ​မန်​ကို စေ​လွှတ်​တော်​မူ​ပြီ။

အို ရှ​ဖိ​ရ​မြို့​သ​မီး၊ အ​ဝတ်​ကို​ချွတ်၍ အ​ရှက်​ကွဲ​လျက် သွား​လော့။ ဇာ​နန်​မြို့​သ​မီး​သည် ငို​ကြွေး​ခြင်း​ကို​ပြု​လျက် မ​ထွက်​ရ။ ဗေ​သ​ဇေ​လ​မြို့​သည် သင်​တို့​တည်း​ခို​ရ​သော အ​ခွင့်​ကို မ​ပေး​ရ။

သင်​သည် အ​သ​ရေ​ပျက်၍ အ​ရှက်​ကွဲ​ခြင်း​နှင့် ဝ​လိမ့်​မည်။ ကိုယ်​တိုင်​သောက်၍ အ​ဝတ်​ချွတ်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏ လက်​ယာ​လက်​တော်၌​ရှိ​သော ဖ​လား​သည် သင့်​ဆီ​သို့​ရောက်၍၊ ရွံ​ရှာ​ဖွယ်​သော အော့​အန်​ခြင်း​သည် သင့်​အ​သ​ရေ​ကို လွှမ်း​မိုး​လိမ့်​မည်။

ဟေ​ဗြဲ​ဘာ​သာ​အား​ဖြင့် အာ​မ​ဂေ​ဒုန် အ​မည်​ရှိ​သော အ​ရပ်၌ စု​ဝေး​စေ​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ