မြည်တမ်းစကား 4:22Judson Bibleအို ဇိအုန်သတို့သမီး၊ သင်ခံထိုက်သမျှသော အပြစ်ဒဏ်ကုန်ပြီ။ သင်သည် နောက်တစ်ဖန် သိမ်းသွားခြင်းကိုမခံရ။ အို ဧဒုံသတို့သမီး၊ သင်ပြုသော ဒုစရိုက်ကိုစစ်ကြော၍ သင်၏အပြစ်ကိုဖော်ပြတော်မူမည်။ အခန်းကိုကြည့်ပါ။ |
ဧဒုံအမျိုးသားတို့က၊ ငါတို့သည်ပျက်စီးသော်လည်း၊ ပျက်စီးသောအရပ်တို့ကို တစ်ဖန် တည်ဆောက်ဦးမည်ဟု ဆိုရာတွင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သူတို့သည်တည်ဆောက်သော်လည်း ငါဖြိုဖျက်မည်။ သူတို့ကို ဒုစရိုက်ပြည်သား၊ ထာဝရဘုရား အစဉ်အမျက်ထွက်တော်မူသော လူမျိုးဟူ၍ သမုတ်ကြလိမ့်မည်။