Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 4:20

Judson Bible

ငါ​တို့ ထွက်​သက်​ဝင်​သက်​တည်း​ဟူ​သော၊ ထာ​ဝ​ရ​ဘု​ရား​သည်​ပေး​တော်​မူ၍ ဘိ​သိက်​ခံ​သော​အ​ရှင်​ကို သူ​တို့​သည် မြေ​တွင်း၌ ဖမ်း​မိ​ကြ​ပြီ။ ထို​အ​ရှင်၏ ဘုန်း​တော်​ကို​ခို​လှုံ၍၊ ငါ​တို့​သည် သာ​သ​နာ​ပ​လူ​တို့​တွင် အ​သက်​ချမ်း​သာ​ရ​လိမ့်​မည်​ဟု အ​ထက်​က​ဆို​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

27 ပူးပေါင်းရင်းမြစ်များ  

ထို​နောက်၊ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​သည် မြေ​မှုန့်​ဖြင့် လူ​ကို​ဖန်​ဆင်း​၍၊ သူ၏​နှာ​ခေါင်း​ထဲ​သို့ ဇီ​ဝ​အ​သက်​ကို​မှုတ်​တော်​မူ​လျှင်၊ လူ​သည် အ​သက်​ရှင်​သော သ​တ္တ​ဝါ​ဖြစ်​လေ​၏။

သို့​ဖြစ်၍ ကျွန်​တော်​သည် ကိုယ်​တော်​ကျွန်၊ ကျွန်​တော်​အ​ဘ​ထံ​သို့​ရောက်​သော​အ​ခါ၊ သူ​ငယ်​မ​ပါ​လျှင် အ​ဘ၏​အ​သက်​သည် သူ​ငယ်၏​အ​သက်၌ မှီ​လျက်​ရှိ​သော​ကြောင့်၊

ဒါ​ဝိဒ်​က၊ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သော​သူ​ကို သတ်​ခြင်း​ငှာ သင့်​လက်​ကို အ​ဘယ်​သို့​ဆန့်​ဝံ့​သ​နည်း​ဟု ဆို​လျက်၊

အို ဂိ​လ​ဗော​တောင်​တို့၊ သင်​တို့​အ​ပေါ်​မှာ နှင်း​မ​ကျ​စေ​နှင့်။ မိုး​မ​ရွာ​စေ​နှင့်။ ပူ​ဇော်​စ​ရာ​အ​သီး​ကို​သီး​သော လယ်​ကွက်​မ​ရှိ​စေ​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​အ​ရပ်၌ သူ​ရဲ​ဆောင်​သော ဒိုင်း​တည်း​ဟူ​သော ရှော​လု​ဆောင်​သော​ဒိုင်း​လွှား၊ ဆီ​နှင့်​လိမ်း​ပြီး​သော လက်​နက်​တော်​ကို ရှုတ်​ချ​လေ​ပြီ​တ​ကား။

လူ​များ​တို့​က​လည်း၊ ကိုယ်​တိုင်​ကြွ​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​တို့​ပြေး​သော်​လည်း သူ​တို့​သည် အ​မှု​မ​ထား​ကြ​ပါ။ ကျွန်​တော်​တို့ တစ်​ဝက်​သေ​သော်​လည်း သူ​တို့​သည် အ​မှု​မ​ထား​ကြ​ပါ။ ကိုယ်​တော်​မူ​ကား၊ ကျွန်​တော်​တို့ တစ်​သောင်း​ထက် မြတ်​တော်​မူ၏။ သို့​ဖြစ်၍ ကျွန်​တော်​တို့​ကို မြို့​ထဲ​က​မ​စ​တော်​မူ​လျှင် သာ၍​ကောင်း​ပါ​လိမ့်​မည်​ဟု လျှောက်​ကြ၏။

ဇေ​ရု​ယာ​သား အ​ဘိ​ရှဲ​က​လည်း၊ ရှိ​မိ​သည် ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သော​အ​ရှင်​ကို ကျိန်​ဆဲ​သော​ကြောင့် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​မည်​မ​ဟုတ်​လော​ဟု​ဆို​သော်၊

ယေ​ရ​မိ​သည်​လည်း မြည်​တမ်း​သော​စ​ကား​ကို စီ​ရင်၍ သီ​ချင်း​သည် ယောက်ျား​မိန်း​မ​ရှိ​သ​မျှ​တို့​သည်၊ ယ​နေ့​တိုင်​အောင် ယော​ရှိ​မင်း​ကို အောက်​မေ့​လျက်၊ ထို​မြည်​တမ်း​သော​စ​ကား​ကို သုံး​ဆောင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ထုံး​စံ ဖြစ်​လေ၏။ ထို​စ​ကား​သည် မြည်​တမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။

ထို​မင်း​တို့​သည် လေ​လုံ၍ မိုး​သက်​မုန်​တိုင်း ကွယ်​ရာ​အ​ရပ်​ကဲ့​သို့​လည်း​ကောင်း၊ သွေ့​ခြောက်​သော​မြေ၌ စီး​သော ချောင်း​ကဲ့​သို့​လည်း​ကောင်း၊ နေ​ပူ​သော​အ​ရပ်၌ ကျောက်​လုံး​ကြီး အ​ရိပ်​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ​လိမ့်​မည်။

ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​သည် လိုက်​လျက်၊ ယေ​ရိ​ခေါ​လွင်​ပြင်၌ ဇေ​ဒ​ကိ​မင်း​ကို​မီ၍ ဖမ်း​ဆီး​ပြီး​မှ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​ရှိ​ရာ ဟာ​မတ်​ပြည်​ရိ​ဗ​လ​မြို့​သို့ ဆောင်​သွား​ကြ၏။ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဇေ​ဒ​ကိ​မင်း၏​အ​မှု​ကို စစ်​ကြော​စီ​ရင်၍၊

ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​သည် ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​ကို လိုက်၍၊ ယေ​ရိ​ခေါ​လွင်​ပြင်၌​မီ​သ​ဖြင့် ဇေ​ဒ​ကိ​မင်း၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် လွင့်​ပြေး​ကြ၏။

ရန်​သူ​တို့​သည် ရှင်​ဘု​ရင်​ကို ဖမ်း​ဆီး၍၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ရှိ​ရာ ဟာ​မတ်​ပြည် ရိ​ဗ​လ​မြို့​သို့​ဆောင်​သွား​ကြ၏။ ဗာ​ဗု​လုန် ရှင်​ဘု​ရင်​သည် ဇေ​ဒ​ကိ၏​အ​မှု​ကို စစ်​ကြော​စီ​ရင်၍၊

မြို့​တံ​ခါး​ရွက်​တို့​သည် မြေ၌​မြှုပ်​လျက်​ရှိ​ကြ၏။ ကန့်​လန့်​ကျင်​တို့​ကို ချိုး​ဖဲ့​တော်​မူ​ပြီ။ ရှင်​ဘု​ရင်​နှင့် မင်း​သား​တို့​သည် သာ​သ​နာ​ပ​လူ​တို့​တွင် နေ​ရ​ကြ၏။ တ​ရား​တော်​မ​ရှိ။ ပ​ရော​ဖက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို မ​ခံ​မ​ရ​ကြ။

ထို​မင်း​ကို​လည်း ငါ၏​ပိုက်​ကွန်​နှင့်​အုပ်​၍၊ ငါ​၏​ကျော့​ကွင်း​၌ ကျော့​မိ​စေ​မည်။ ခါ​လ​ဒဲ​ပြည် ဗာ​ဗု​လုန်​မြို့​သို့ ဆောင်​သွား​မည်။ ထို​မြို့​၌ သေ​ရ​သော်​လည်း မြို့​ကို​မ​မြင်​ရ။

အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင်​မင်း​သည် လက်​ချင်း​ရိုက်​ပြီး​မှ၊ သ​စ္စာ​တော်​ကို​မ​ရို​မ​သေ​ပြု၍ ပ​ဋိ​ညာဉ်​ကို​ဖျက်​လျက်၊ ဤ​အ​မှု​အ​လုံး​စုံ​တို့​ကို ပြု​သော​ကြောင့် ဘေး​မှ​မ​လွတ်​ရ။

ထို​သူ​နှင့်​တ​ကွ သူ့​လက်​ရုံး​ဖြစ်၍၊ လူ​မျိုး​တို့​တွင် သူ့​အ​ရိပ်​ကို ခို​သော​သူ​တို့​သည် ဓား​ဖြင့် အ​သေ​ခံ​ရ​သော သူ​တို့​နေ​ရာ၊ မ​ရ​ဏ​နိုင်​ငံ​ထဲ​သို့ လိုက်​သွား​ကြ၏။

အ​ရွက်​လည်း​လှ၏။ သ​တ္တ​ဝါ​အ​ပေါင်း​တို့​စား၍ ဝ​လောက်​သော​အ​သီး​နှင့် ပြည့်​စုံ၏။ မြေ​တိ​ရ​စ္ဆာန်​တို့​သည် ထို​သစ်​ပင်​အ​ရိပ်၌ ခို​ကြ၏။ အ​ခက်​အ​လက်​တို့၌ ကောင်း​ကင်​ငှက်​တို့​သည် နား​နေ​ကြ၏။

သင်၏ ရှင်​ဘု​ရင်​သည် အ​ဘယ်​မှာ ရှိ​သ​နည်း။ သင့်​နေ​ရာ​မြို့ ရှိ​သ​မျှ​တို့၌ ကယ်​တင်​ပါ​စေ​သော။ သင်၏​တ​ရား​သူ​ကြီး​တို့​သည် အ​ဘယ်​မှာ ရှိ​ကြ​သ​နည်း။

ဆူး​လေ​ပင်​က၊ သင်​တို့​သည် ငါ့​ကို သင်​တို့၏ ရှင်​ဘု​ရင်​ဖြစ်​စေ​ခြင်း​ငှာ ခန့်​ထား၍ ဧ​ကန်​အ​မှန် ဘိ​သိက်​ပေး​လို​လျှင်၊ လာ​ကြ၊ ငါ့​အ​ရိပ်​ကို ခို​လှုံ​ကြ။ သို့​မ​ဟုတ် ဆူး​လေ​ပင်​ထဲ​က မီး​ထွက်၍ လေ​ဗ​နုန်​အာ​ရစ်​ပင်​တို့​ကို လောင်​လိမ့်​မည်​ဟု သစ်​ပင်​တို့​အား ပြန်​ပြော၏။

ဤ​အ​ရပ်၌ ယ​ခု ငါ​ရှိ၏။ အ​ဘယ်​သူ၏​နွား​ကို ငါ​ယူ​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ၏ မြည်း​ကို​ယူ​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ​ကို လှည့်​စား​ဖူး​ပြီ​နည်း။ အ​ဘယ်​သူ​ကို ညှဉ်း​ဆဲ​ဖူး​ပြီ​နည်း။ ကိုယ်​မျက်​စိ​ကို ကွယ်​စေ​ခြင်း​ငှာ အ​ဘယ်​သူ​လက်​မှ တံ​စိုး​ကို​ခံ​ဖူး​ပြီ​နည်း။ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ ဘိ​သိက်​တော်​ကို ခံ​သော​သူ​ရှေ့​မှာ ငါ့​တစ်​ဖက်၌ သက်​သေ​ခံ​ကြ​လော့။ သူ့​ဥ​စ္စာ​ကို ငါ​ယူ​မိ​လျှင် ပြန်​ပေး​ပါ​မည်​ဟု ဣ​သ​ရေ​လ လူ​အ​ပေါင်း​တို့​အား ပြော​ဆို​သော်၊

ရှ​မွေ​လ​က​လည်း၊ သင်​တို့​သည် ငါ့​လက်၌ သူ​တစ်​ပါး၏​ဥ​စ္စာ​ကို ရှာ၍​မ​တွေ့​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​တော်​မူ၏။ ဘိ​သိက်​တော်​ကို ခံ​သော​သူ​လည်း သက်​သေ​ဖြစ်၏​ဟု​ဆို​လျှင်၊ သူ​တို့​က၊ သက်​သေ​ဖြစ်​ပါ​သည်​ဟု ဝန်​ခံ​ကြ၏။

သူ​တို့​သည် ရောက်​လာ​သော​အ​ခါ ဧ​လျာ​ဘ​ကို ကြည့်​ရှု၍၊ စင်​စစ်​ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​ရ​သော​သူ​သည် ငါ့​ရှေ့​မှာ​ရှိ၏​ဟု ဆို​လေ​သော်၊

ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ဥ​မင်​ထဲ​မှာ ကိုယ်​တော်​ကို ကျွန်​တော်​လက်၌ အပ်​တော်​မူ​ကြောင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ အ​သက်​တော်​ကို​သတ်​စေ​ခြင်း​ငှာ အ​ချို့​တို့​သည် တိုက်​တွန်း​သော်​လည်း၊ ကျွန်​တော်​သည် နှ​မြော​သော​စိတ်​ရှိ၍၊ ငါ့​အ​ရှင်​သည် ထာ​ဝ​ရ​ဘု​ရား၏​ဘိ​သိက်​ခံ​သူ ဖြစ်​တော်​မူ​သော​ကြောင့်၊ ထို​အ​ရှင်​ကို ထိ​ခိုက်​ခြင်း​ငှာ ငါ​သည် လက်​ကို​မ​ဆန့်​ဟု အ​ကြံ​ရှိ​ပါ၏။

ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဘိ​သိက်​ကို​ခံ​ရ​သော ငါ့​အ​ရှင်​သည်၊ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သူ​ဖြစ်​သော​ကြောင့်၊ ထို​အ​ရှင်​ကို ထိ​ခိုက်​ခြင်း​ငှာ ငါ​လက်​ဆန့်​သော​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား ဆီး​တား​တော်​မူ​ပါ​စေ​သော​ဟု မိ​မိ​လူ​တို့​အား​ဆို​သ​ဖြင့်၊

သင်​ပြု​သော​အ​မှု​သည် မ​လျောက်​ပတ်။ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သော သင်၏​သ​ခင်​ကို မ​စောင့်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း သင်​သည် အ​သေ​ခံ​ထိုက်​ပေ၏။ ခေါင်း​ရင်း​တော်​နား​မှာ​ထား​သော ရှင်​ဘု​ရင်၏​လှံ​တော်​နှင့် ရေ​ဘူး​တော်​ရှိ​သည် မ​ရှိ​သည်​ကို ကြည့်​ရှု​လော့​ဟု အာ​ဗ​နာ​အား​ပြော​ဆို၏။

ဒါ​ဝိဒ်​က​သူ့​ကို မ​ပြု​နှင့်။ ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​သော​သူ​ကို အ​ဘယ်​သူ​အ​ပြစ်​လွှတ်​လျက် ထိ​ခိုက်​နိုင်​သ​နည်း​ဟု အ​ဘိ​ရှဲ​အား​ပြန်​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ