Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 4:19

Judson Bible

ငါ​တို့​ကို​လိုက်၍ ရှာ​သော​သူ​တို့​သည် မိုး​ကောင်း​ကင်​ရွှေ​လင်း​တ​ထက် သာ၍ လျင်​မြန်​ကြ၏။ တောင်​ရိုး​ပေါ်​မှာ လိုက်​ရှာ​ကြ၏။ တော၌​လည်း ချောင်း​မြောင်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် တံ​ငါ​အ​များ​တို့​ကို စေ​လွှတ်၍၊ ဤ​လူ​မျိုး​ကို မျှား​စေ​မည်။ ထို​နောက်၊ မု​ဆိုး​အ​များ​တို့​ကို စေ​လွှတ်၍၊ ခပ်​သိမ်း​သော တောင်​ကြီး​တောင်​ငယ်၊ ချောက်​ကြား​တို့၌ ရှာ​စေ​မည်။

လာ​သော​မင်း​သည် မိုး​တိမ်​ကဲ့​သို့ လာ​လိမ့်​မည်။ သူ၏​ရ​ထား​တို့​သည် လေ​ပွေ​ကဲ့​သို့​ဖြစ်​ကြ၏။ သူ၏​မြင်း​တို့​သည် ရွှေ​လင်း​တ​ထက် သာ၍ လျင်​မြန်​ကြ၏။ ငါ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပြီ။

အ​ထက်​မှ​မီး​ကို ငါ့​အ​ရိုး​ထဲ​သို့ လွှတ်​လိုက်၍ ကြေ​မွေ​စေ​တော်​မူ​ပြီ။ ငါ့​ခြေ​ကို ကျော့​မိ​စေ​ခြင်း​ငှာ ကျော့​ကွင်း​ထောင်၍ ငါ့​ကို​ပြန်​စေ​တော်​မူ​ပြီ။ တစ်​နေ့​လုံး​ညှိုး​ငယ်​ခြင်း​အ​ကြောင်း၊ စိတ်​ပျက်​ခြင်း​အ​ကြောင်း​ကို ငါ၌ ဖြစ်​စေ​တော်​မူ၏။

တံ​ပိုး​မှုတ်​လော့။ ရန်​သူ​သည် ရွှေ​လင်း​တ​ကဲ့​သို့ ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော်​သို့ လာ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ငါ့​ပ​ဋိ​ညာဉ်​ကို ဖျက်၍ ငါ့​တ​ရား​ကို လွန်​ကျူး​ကြ​ပြီ။

ဣ​သ​ရေ​လ​အ​မျိုး​သည် ကောင်း​သော​အ​ရာ​ကို စွန့်​ပစ်​သော​ကြောင့်၊ ရန်​သူ​ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​လိမ့်​မည်။

ရန်​သူ​ပြည်​မှာ​ကျန်​ကြွင်း​သော သင်​တို့​စိတ်​နှ​လုံး​ထဲ​သို့၊ ထိတ်​လန့်​သော​သ​ဘော​ကို ငါ​ပေး​သွင်း​သ​ဖြင့်၊ သစ်​ရွက်​လှုပ်​သံ​ကြောင့် သင်​တို့​သည်​ကြောက်၍၊ ဓား​ဘေး​မှ​ပြေး​သ​ကဲ့​သို့ ပြေး​ကြ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ​မ​လိုက်​သော်​လည်း လဲ​ကြ​လိမ့်​မည်။

အ​ပြေး​ကောင်း​သော​သူ​သည် ပြေး​သော​အ​ခွင့်​ကို မ​ရ။ ခွန်​အား​ကြီး​သော​သူ​သည် မိ​မိ​ခွန်​အား​ကို ထုတ်​ရ​သော​အ​ခွင့်​မ​ရှိ​ရ။ သူ​ရဲ​သည် ကိုယ်​ကို မ​ကယ်​လွှတ်​ရ။

သူ​တို့၏​မြင်း​သည် ကျား​သစ်​ထက်​လျင်​မြန်၏။ ည၌ လည်​သော​တော​ခွေး​ထက် ကြမ်း​တမ်း၏။ မြင်း​စီး​သူ​ရဲ​တို့​သည် အ​ဝေး​က​လာ၍ ခုန်​ကြ​လိမ့်​မည်။ အ​ကောင်​ကို ကိုက်​စား​ခြင်း​ငှာ လျင်​မြန်​သော ရွှေ​လင်း​တ​ကဲ့​သို့ ပျံ​လာ​ကြ​လိမ့်​မည်။

ရွှေ​လင်း​တ​ပျံ​တတ်​သ​ကဲ့​သို့ လျင်​မြန်​သော​လူ​မျိုး၊ ကြမ်း​တမ်း​သော​မျက်​နှာ​နှင့် ပြည့်​စုံ​လျက်၊ အ​သက်​ကြီး​သူ​ကို မ​ရို​သေ၊ အ​သက်​ငယ်​သူ​ကို မ​သ​နား​တတ်​သော​လူ​မျိုး​ကို၊ ဝေး​သော​အ​ရပ်၊ မြေ​ကြီး​စွန်း​မှ ထာ​ဝ​ရ​ဘု​ရား​သည်​ခေါ်၍ သင့်​ကို တိုက်​စေ​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ