ငါတို့သည် လမ်း၌မသွားရမည်အကြောင်း ငါတို့ခြေရာကို လိုက်ရှာကြ၏။ ငါတို့သည် ဆုံးချိန်နီးပြီ။ အသက်ရှင်ရသောကာလ စေ့ပြီ။ ဆုံးချိန်ရောက်လေပြီ။
အကျွန်ုပ်ထလျှင် ကိုယ်တော်သည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်အပေါ်သို့ ခုန်၍ ကြောက်မက်ဖွယ်သော အခြင်းအရာတို့ကို ပြတော်မူ၏။
ကဲ့ရဲ့တတ်သောသူသည် မြေပေါ်မှာနေရာမမြဲပါစေနှင့်။ ကြမ်းတမ်းသောသူကိုလည်း ဖျက်ဆီးသည်တိုင်အောင် ဘေးဥပဒ်သည် လိုက်ပါစေသော။
ထာဝရဘုရားက၊ သင်သည် မှန်ကန်စွာမြင်ပြီ။ အကြောင်းမူကား၊ ငါ့စကားကိုပြည့်စုံစေခြင်းငှာ၊ ငါစောင့်နေမည်ဟု မိန့်တော်မူ၏။
ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည် တံငါအများတို့ကို စေလွှတ်၍၊ ဤလူမျိုးကို မျှားစေမည်။ ထိုနောက်၊ မုဆိုးအများတို့ကို စေလွှတ်၍၊ ခပ်သိမ်းသော တောင်ကြီးတောင်ငယ်၊ ချောက်ကြားတို့၌ ရှာစေမည်။
ဗင်္ယာမိန်တံခါးဝသို့ရောက်သောအခါ၊ ဟာနနိသားဖြစ်သော ရှေလမိ၏သား ကင်းမှူးဣရိယက၊ သင်သည် ခါလဒဲလူတို့ဘက်သို့ ကူးသွားပါသည်တကားဟုဆိုလျက်၊ ပရောဖက်ယေရမိကို ဖမ်းဆီးလေ၏။
ပရောဖက်တို့သည် မဟုတ်မမှန်ဟောပြောကြ၏။ ယဇ်ပုရောဟိတ်တို့သည် ဝန်ခံ၍ အစိုးရကြ၏။ ထိုသို့သောအမှုကို ငါ၏လူတို့သည် နှစ်သက်ကြ၏။ ထိုအမှုဆုံးသောအခါ သင်တို့သည် အဘယ်သို့ပြုကြလိမ့်မည်နည်း။
ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗာဗုလုန် သတို့သမီးသည် စပါးနယ်ရသော ကောက်နယ်တလင်းကဲ့သို့ ဖြစ်၏။ စပါးရိတ်ရာအချိန်နီးပြီ။
အကြောင်းမရှိဘဲ ငါ့ကိုရန်ပြုသော သူတို့သည် ငှက်ကိုလိုက်၍ ရှာသကဲ့သို့ ငါ့ကို လိုက်၍ရှာကြ၏။
အချင်းလူသား၊ ဣသရေလအမျိုးသားတို့က၊ သူမြင်သော ဗျာဒိတ်ရူပါရုံသည် ဝေးသေး၏။ ဝေးသေးသောကာလကို ရည်မှတ်၍ ဟောတတ်သည်ဟု ပြောဆိုကြ၏။
အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ နွေကာလ အသီးပါသောတောင်းကို မြင်ပါသည်ဟု ငါလျှောက်သော်၊ ထာဝရဘုရားက၊ နောက်ဆုံးကာလသည် ငါ၏လူဣသရေလအမျိုး၌ ရောက်လေပြီ။ နောက်တစ်ဖန် သူတို့ကို သည်းမခံ။
ဣသရေလရှင်ဘုရင်သည် အဘယ်သူ၏အတွက်ကြောင့် ကြွလာတော်မူသနည်း။ ကိုယ်တော်သည် အဘယ်သူကိုလိုက်၍ ရှာတော်မူသနည်း။ ခွေးသေကောင်ကို လိုက်၍ ရှာတော်မူသလော။ ခွေးလှေးကို လိုက်၍ရှာတော်မူသလော။