Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 4:17

Judson Bible

ငါ​တို့​သည်​ရှိ​စဉ်​တွင် မ​စ​မည့်​သူ​ကို မျှော်​လင့်၍ မ​မြင်​ရ​ကြ။ မ​ကယ်​တင်​နိုင်​သော​လူ​မျိုး​ကို ကင်း​စင်​ပေါ်​မှာ အ​ကျိုး​မ​ရှိ​ဘဲ စောင့်​ကြ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အဲ​ဂု​တ္တု​မြစ်​မှ​စ၍ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​ပိုင်​သ​မျှ​သော​မြေ​ကို ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ယူ​သော​ကြောင့်၊ နောက်​တစ်​ဖန် အဲ​ဂု​တ္တု​ရှင်​ဘု​ရင်​သည် မိ​မိ​ပြည်​မှ မ​ချီ​မ​ထွက်​ရ။

အာ​ဇုတ်​မြို့​သား​တို့​သည် ကြောက်​ကြ​လိမ့်​မည်။ သူ​တို့​ကိုး​စား​သော ကု​ရှ​ပြည်​ကို​လည်း​ကောင်း၊ ဝါ​ကြွား​သော အဲ​ဂု​တ္တု​ပြည်​ကို​လည်း​ကောင်း ရှက်​ကြ​လိမ့်​မည်။

သင်​တို့​သည် သေ​မင်း​နှင့်​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ပျက်​လိမ့်​မည်။ မ​ရ​ဏ​နိုင်​ငံ​နှင့် အ​ကျွမ်း​ဝင်​ခြင်း​သည် အ​ထ​မ​မြောက်​ရ။ လွှမ်း​မိုး​သော​ဘေး​သည် ချင်း​နင်း​သော​အ​ခါ၊ သင်​တို့​ကို​လည်း ကျော်​နင်း​လိမ့်​မည်။

ယ​ခု​မှာ သင်​သည် ရှိ​ဟော​ရ​မြစ်​ရေ​ကို သောက်​အံ့​သော​ငှာ၊ အဲ​ဂု​တ္တု​လမ်း​သို့ အ​ဘယ်​ကြောင့် လိုက်​သ​နည်း။ ဥ​ဖ​ရတ်​မြစ်​ရေ​ကို သောက်​အံ့​သော​ငှာ၊ အာ​ရှု​ရိ​လမ်း​သို့ အ​ဘယ်​ကြောင့် လိုက်​သ​နည်း။

သင်​သည် အ​ရပ်​ရပ်​သို့ ပြောင်း​လဲ​ခြင်း​ငှာ၊ အ​ဘယ်​ကြောင့် ဤ​မျှ​လောက်​လှည့်​လည်​သ​နည်း။ အာ​ရှု​ရိ​ပြည်​ကို ရှက်​ကြောက်​သည်​နည်း​တူ၊ အဲ​ဂု​တ္တု​ပြည်​ကို ရှက်​ကြောက်​လိမ့်​မည်။

သင်​သည် မိ​မိ​လက်​ကို မိ​မိ​ခေါင်း​ပေါ်​မှာ​တင်​လျက်၊ ထို​ပြည်​မှ အ​မှန်​ထွက်​သွား​ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​ခို​လှုံ​သော​အ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​သည်​ပယ်​တော်​မူ​သော​ကြောင့်၊ ခို​လှုံ၍ အ​ကျိုး​ကို မ​ရ​နိုင်​ရာ။

အ​သီး​အ​နှံ သိမ်း​ရာ​ကာ​လ​လွန်​ပြီ။ နွေ​ကာ​လ​ကုန်​ပြီ။ ငါ​တို့​သည် ကယ်​တင်​ခြင်း​သို့ မ​ရောက်​ကြ။

ငါ​သည် ရည်း​စား​တို့​ကို​ခေါ်၍ သူ​တို့​သည် သ​စ္စာ​မ​ရှိ​ကြ။ ငါ၏​ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ငါ၏​အ​သက်​ကြီး​သူ​တို့​သည် ကိုယ်​အ​သက်​မွေး​ဖို့ စား​စ​ရာ​ကို​ရှာ​စဉ်​ပင် မြို့​ထဲ၌ အ​သက်​ချုပ်​ကြ​ပြီ။

ယေ​ရု​ရှ​လင်​မြို့​သည် ဆင်း​ရဲ​ငြို​ငြင်​ခြင်း​ကို ခံ​ရ​စဉ်​တွင်၊ အ​ရင်​ခံ​စား​ဖူး​သော စည်း​စိမ်​ကို အောက်​မေ့၏။ သူ၏​လူ​တို့​သည် ရန်​သူ​လက်​သို့​ရောက်၍ မ​စ​သော​သူ မ​ရှိ​သော​အ​ခါ၊ ဆန့်​ကျင်​ဘက်​ပြု​သော သူ​တို့​သည် သူ၏​အ​မှု​ကို​မြင်၍၊ သူ၏​ဆုံး​ခြင်း​ကို ကဲ့​ရဲ့​ကြ၏။

စား​စ​ရာ​ကို​ရ​ခြင်း​ငှာ အဲ​ဂု​တ္တု​ပြည်​သား၊ အာ​ရှု​ရိ​ပြည်​သား​တို့၌ ကျွန်​ခံ​ရ​ပါ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​ပြည်​သား​တို့​ကို မျှော်​လင့်၍၊ မိ​မိ​အ​ပြစ်​ကို ငါ​အောက်​မေ့​စေ​သ​ဖြင့်၊ နောက်​တစ်​ဖန် ထို​ပြည်​သည် သူ​တို့​ခို​လှုံ​ရာ မ​ဖြစ်​ရာ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ