အကျွန်ုပ်တို့ကို လူမျိုးတို့တွင် လှည်းပစ်သောတန်မြက်ချေး အမှိုက်ကဲ့သို့လည်းကောင်း၊ ရွံစရာအရာကဲ့သို့လည်းကောင်း ဖြစ်စေတော်မူ၏။
လမ်း၌ လျှောက်သွားသမျှသောသူတို့က၊ ဂုဏ်သရေအထွတ်၊ မြေတစ်ပြင်လုံး ရွှင်လန်းရာဘွဲ့ရှိသော မြို့ကား ဤမြို့လောဟု၊ ယေရုရှလင်သတို့သမီးကို လက်ခုပ်တီးလျက်၊ ကဲ့ရဲ့သံကိုပြုလျက်၊ ခေါင်းကို ညိတ်လျက် မေးတတ်ကြ၏။
ငါသည်ငါ၏လူတို့တွင် ကဲ့ရဲ့စရာအကြောင်းနှင့် တစ်နေ့လုံး သီချင်းဆိုစရာအကြောင်းဖြစ်ပါသည်တကား။
ရန်သူအပေါင်းတို့သည် အကျွန်ုပ်တို့တစ်ဖက်၌ နှုတ်ကိုဖွင့်ကြပါ၏။
အသရေရှုတ်ချခြင်းကို ခံရသောအခါ တောင်းပန်ကြ၏။ ဤလောက၏ အညစ်အကြေးကဲ့သို့လည်းကောင်း၊ အရပ်ရပ်ထဲက လှည်းပစ်သောတန်မြက်ချေး အမှိုက်ကဲ့သို့လည်းကောင်း၊ ယခုတိုင်အောင်ဖြစ်ကြ၏။
ထာဝရဘုရားသည် သင့်ကိုအမြီးမဖြစ်စေဘဲ ခေါင်းဖြစ်စေတော်မူသဖြင့်၊ သင်သည် အောက်၌မနေရဘဲ အပေါ်၌သာနေရသောအခွင့် ရှိလိမ့်မည်။ ယနေ့ ငါဆင့်ဆိုသော၊ သင်၏ ဘုရားသခင်ထာဝရဘုရား၏ ပညတ်တော်တို့ကို ကျင့်စောင့်ခြင်းငှာ နားထောင်လျှင်လည်းကောင်း၊
ထာဝရဘုရားသည် သင့်ကို ဆောင်သွားတော်မူသော အပြည်ပြည်တို့၌ သင်သည်အံ့ဩရာ၊ ပုံခိုင်းရာ၊ ကဲ့ရဲ့ရာဖြစ်လိမ့်မည်။
သူသည် သင့်အားချေးငှားသောအခွင့် ရှိလိမ့်မည်။ သင်မူကား၊ သူ့အားချေးငှားသောအခွင့် မရှိရ။ သူသည်ခေါင်းဖြစ်၍၊ သင်သည် အမြီးဖြစ်လိမ့်မည်။