ရန်သူအပေါင်းတို့သည် အကျွန်ုပ်တို့တစ်ဖက်၌ နှုတ်ကိုဖွင့်ကြပါ၏။
ကိုက်ဖြတ်၍ ဟောက်တတ်သောခြင်္သေ့ကဲ့သို့ အကျွန်ုပ်ကို ပါးစပ်ဟကြပါ၏။
အကျွန်ုပ်သည် ရေကဲ့သို့သွန်ခြင်းကိုခံရ၍၊ အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကြပါ၏။ အကျွန်ုပ်နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍၊ ရင်ထဲမှာ အရည်ကျိုလျက်ရှိပါ၏။
သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု တစ်ပါးအမျိုးသားတို့သည် အဘယ်ကြောင့် ဆိုရကြပါမည်နည်း။ သွန်ပြီးသော ကျွန်တော်မျိုး၏အသွေးဘက်မှာ တရားစီရင်တော်မူသောအကြောင်းသည် တစ်ပါးအမျိုးသားတို့တွင် အကျွန်ုပ်တို့မျက်မှောက်၌ ထင်ရှားပါစေသော။
အကျွန်ုပ်တို့သည် အိမ်နီးချင်းများ ကဲ့ရဲ့ရာ၊ ပတ်ဝန်းကျင်၌ နေသောသူများပြက်ရယ်ပြု၍ အရှက်ခွဲရာ ဖြစ်ကြပါ၏။
သို့ရာတွင် ထာဝရဘုရားသည်၊ အဲဂုတ္တုလူတို့နှင့် ဣသရေလလူတို့ကို ခြားနားစေတော်မူကြောင်းကို သင်တို့သိစေခြင်းငှာ၊ ဣသရေလလူတစ်စုံတစ်ယောက်ကို ခွေးတစ်ကောင်မျှမဟိန်းရဟု မိန့်တော်မူ၏။
သင်၏ရန်သူအပေါင်းတို့သည် သင့်တစ်ဖက်၌ နှုတ်ကိုဖွင့်ကြ၏။ ငါတို့သည် သူ့ကိုမျိုပြီ။ အကယ်စင်စစ် ဤသည်နေ့ကား၊ ငါတို့မျှော်လင့်ခဲ့ပြီးသော နေ့ဖြစ်၏။ ငါတို့တွေ့မြင်ရပြီဟု ကဲ့ရဲ့သံကိုပြုလျက်၊ အံသွားကို ခဲကြိတ်လျက် ဆိုကြ၏။