Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 3:44

Judson Bible

အ​ကျွန်ုပ်​တို့ ပ​တ္ထ​နာ​စ​ကား​သည် အ​ထံ​တော်​သို့ မ​ပေါက်​နိုင်​အောင်၊ မိုး​တိမ်​ဖြင့် ကိုယ်​ကို ကွယ်​ကာ​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​လူ​တို့​ပြု​သော ပ​တ္ထ​နာ​စ​ကား​ကို အ​ဘယ်​မျှ​ကာ​လ​ပတ်​လုံး အ​မျက်​ထွက်​တော်​မူ​မည်​နည်း။

သူ​တို့​ကို မျက်​ရည်​မုန့်​နှင့်​ကျွေး၍၊ မျက်​ရည်​ကို​လည်း ကြွယ်​ဝ​စွာ တိုက်​တော်​မူ၏။

မိုး​တိမ်​နှင့် မှောင်​မိုက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ပတ်​ဝန်း​ကျင်​တို့၌​ရှိ​ကြ၏။ တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း၊ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​ခြင်း​သည် ပ​လ္လင်​တော်၏​တည်​ရာ​ဖြစ်၏။

ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား မိန့်​တော်​မူ​သည်​ကား၊ ဤ​လူ​မျိုး​အ​ဖို့ မေ​တ္တာ​ပို့၍ ဆု​မ​တောင်း​နှင့်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​မိန့်​တော်​မူ​သည်​ကား၊ မော​ရှေ​နှင့် ရှ​မွေ​လ​သည် ငါ့​ရှေ့​မှာ​ဆု​တောင်း​သော်​လည်း၊ ဤ​လူ​မျိုး​ကို ငါ​မ​သ​နား။ ငါ့​ထံ​မှ ထွက်​သွား​စေ​ခြင်း​ငှာ​နှင်​ထုတ်​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​သ​တို့​သ​မီး​ကို အ​မျက်​တော်​မိုး​တိမ်​ဖြင့် ဖုံး​လွှမ်း​တော်​မူ​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး၏ ဂုဏ်​အ​သ​ရေ​ကို ကောင်း​ကင်​မှ​မြေ​ကြီး​တိုင်​အောင် ချ​တော်​မူ​ပြီ။ အ​မျက်​တော်​ထွက်​ချိန်၌ ခြေ​တော်​တင်​ရာ​ခုံ​ကို မ​အောက်​မေ့​ဘဲ နေ​တော်​မူ​ပါ​ပြီ​တ​ကား။

ထို​မျှ​မ​က ငါ​သည်​ကြွေး​ကြော်​အော်​ဟစ်၍ ဆု​တောင်း​သော်​လည်း ငြင်း​ပယ်​တော်​မူ၏။

ငါ​ဟစ်​ခေါ်၍ သူ​တို့​သည်​နား​မ​ထောင်​သ​ကဲ့​သို့၊ တစ်​ဖန် သူ​တို့​သည်​ဟစ်​ခေါ်၍ ငါ​လည်း နား​မ​ထောင်​ဘဲ​နေ​ပြီ​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ