အမျက်တော်ထွက်၍ မျက်နှာလွှဲတော်မူ၏။ တစ်ဖန် အကျွန်ုပ်တို့ကိုလိုက်၍ ကရုဏာမရှိဘဲ ကွပ်မျက်တော်မူ၏။
ကိုယ်တော်မူကား၊ မြေခွေးနေရာအရပ်မှာ အကျွန်ုပ်တို့ကို ချိုးဖဲ့နှိပ်စက်၍၊ သေခြင်းအရိပ်နှင့် ဖုံးလွှမ်းတော်မူ၏။
သူတို့ကို မျက်ရည်မုန့်နှင့်ကျွေး၍၊ မျက်ရည်ကိုလည်း ကြွယ်ဝစွာ တိုက်တော်မူ၏။
ထိုနည်းတူ၊ မိုးသက်မုန်တိုင်းတော်အားဖြင့် သူတို့ကိုညှဉ်းဆဲ၍၊ ပြင်းစွာသော လေတော်အားဖြင့် ခြောက်လှန့်တော်မူပါ။
ထာဝရဘုရားသည် ကြံစည်သောအမှုကို ပြုတော်မူပြီ။ ရှေးကာလ၌ မိန့်တော်မူသော စကားတော်ကို ပြည့်စုံစေတော်မူပြီ။ မနှမြောဘဲ ဖြိုဖျက်တော်မူပြီ။ ရန်သူသည် သင်၏အပေါ်မှာ ဝမ်းမြောက်ရသောအခွင့်ကို ပေး၍၊ ရန်သူ၏ဦးချိုကို ချီးမြှင့်တော်မူပြီ။
လူအကြီးအငယ်တို့သည် လမ်း၌ မြေပေါ်မှာ တုံးလုံးနေရကြပါ၏။ အကျွန်ုပ်၏ လူပျိုနှင့် အပျိုတို့သည် ဓားဖြင့် သေရကြပါပြီ။ ကိုယ်တော်သည် အမျက်တော်ထွက်သောနေ့၌၊ သူတို့ကိုမသနားဘဲ ကွပ်မျက်တော်မူပြီ။
အမျက်တော်ထွက်၍ သူတို့ကို ညှဉ်းဆဲသဖြင့်၊ ထာဝရဘုရား၏ မိုးကောင်းကင်အောက်မှ သုတ်သင်ပယ်ရှင်းတော်မူပါ။
ထိုမျှမက ငါသည်ကြွေးကြော်အော်ဟစ်၍ ဆုတောင်းသော်လည်း ငြင်းပယ်တော်မူ၏။
နှမြောစုံမက်ခြင်းမရှိဘဲ၊ သင့်အကျင့်တို့၏အကျိုးအပြစ်ကို ဆပ်ပေးမည်။ သင်ပြုမိသောရွံရှာဖွယ် အမှုတို့သည် သင်၏အလယ်၌ တည်ကြလိမ့်မည်။ ငါထာဝရဘုရားသည် ဒဏ်ပေးကြောင်းကို သိရကြလိမ့်မည်။
ထိုကြောင့်၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ ငါ၏အမျက်ကိုလွှတ်လိုက်မည်။ သူတို့သည် ကျယ်သောအသံနှင့် အော်ဟစ်၍ တောင်းလျှောက်သော်လည်း၊ ငါသည် နားမထောင်ဟု မိန့်တော်မူ၏။
ထိုကြောင့်၊ ငါသည်နှမြောစုံမက်ခြင်းမရှိဘဲ၊ သူတို့အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့ သက်ရောက်စေမည်ဟု ငါ့အားမိန့်တော်မူ၏။