Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 3:37

Judson Bible

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မ​မူ​ဘဲ၊ အ​ဘယ်​သူ​သည်​ပြော၍ တစ်​စုံ​တစ်​ခု​ကို ဖြစ်​စေ​နိုင်​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ရှင်​ဘု​ရင်​က အို​ဇေ​ရု​ယာ​သား​တို့၊ သင်​တို့​သည် ငါ​နှင့်​အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ထို​သူ​သည် ကျိန်​ဆဲ​ပါ​လေ​စေ။ ဒါ​ဝိဒ်​ကို ကျိန်​ဆဲ​လော့​ဟု ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​ပြီ။ သို့​ဖြစ်၍ သင်​သည် အ​ဘယ်​ကြောင့် ဤ​သို့​ပြု​သ​နည်း​ဟု အ​ဘယ်​သူ​ဆို​ရ​မည်​နည်း ဟူ၍​လည်း​ကောင်း၊

လူ​တစ်​ယောက်​သည် မ​ရွယ်​ဘဲ လေး​နှင့်​ပစ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​ကို သံ​ချပ်​အင်္ကျီ​အ​ဆစ်​ကြား​မှာ မှန်​လေ​သော်၊ ငါ့​ကို​စစ်​ပွဲ​ထဲ​က​လှည့်၍ ထုတ်​ဆောင်​လော့။ ငါ​နာ​သည်​ဟု မိ​မိ​ရ​ထား​တော်​ထိန်း​ကို​ဆို၏။

အ​သက်​ကြီး​သူ​တို့​အား ပြော​စဉ်​တွင်၊ ထို​တ​မန်​သည် ရောက်​လာ၏။ ရှင်​ဘု​ရင်​ကိုယ်​တိုင်​ရောက်​လျှင်၊ ဤ​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​သော အ​မှု​ဖြစ်၏။ ထာ​ဝ​ရ​ဘု​ရား​ကျေး​ဇူး​ကို အ​ဘယ်​ကြောင့် မျှော်​လင့်​ရ​သေး​သ​နည်း​ဟု​ဆို​သော်၊

ယ​ခု​ရောက်​သော​အ​မှု​တို့​ကို​လည်း၊ နှ​လုံး​တော်၌​သို​ထား၍ ကြံ​စည်​တော်​မူ​သည်​နှင့်​အ​ညီ ရောက်​ကြောင်း​ကို အ​ကျွန်ုပ်​သိ​ပါ၏။

ယော​ဘ​က​လည်း၊ မိန်း​မ​မိုက်​ပြော​တတ်​သ​ကဲ့​သို့ သင်​သည်​ပြော၏။ အ​ဘယ်​သို့​နည်း။ ငါ​တို့​သည် ဘု​ရား​သ​ခင်၏​လက်​တော်​မှ သု​ခ​ချမ်း​သာ​ကို ခံ​ယူ​သည်​ဖြစ်၍၊ ဒု​က္ခ​ဆင်း​ရဲ​ကို မ​ခံ​မ​ယူ​ရာ​သ​လော​ဟု ဆို၏။ ယော​ဘ​သည် ဤ​အ​မှု​များ​နှင့် တွေ့​ကြုံ​သော်​လည်း နှုတ်​ဖြင့်​မျှ မ​မှား​ယွင်း။

ဖာ​ရော​မင်း​က၊ သင်​တို့​နှင့် သူ​ငယ်​များ​ကို​ငါ​လွှတ်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌​ရှိ​စေ​သော။ သ​တိ​ပြု၊ မ​ကောင်း​သော​အ​ကြံ​ကို ကြံ​ကြ​သည်​တ​ကား။

လူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို စိတ်​ထဲ​မှာ ကြံ​စည်၏။ သို့​သော်​လည်း သူ၏​ခြေ​ရာ​တို့​ကို ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ၏။

လူ​သည် အ​ထူး​ထူး အ​ပြား​ပြား ကြံ​စည်​တတ်၏။ သို့​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​ကြံ​တော်​သည် တည်​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​တစ်​ဖက်၌ ဉာဏ်​မ​တည်၊ ပ​ညာ​မ​တည်၊ အ​ကြံ​တစ်​စုံ​တစ်​ခု​မျှ မ​တည်​နိုင်။

အ​ဦး​မှ​စ၍ အ​ဆုံး​တိုင်​အောင်​လည်း​ကောင်း၊ ရှေး​ကာ​လ​မှ​စ၍ မ​ဖြစ်​သေး​သော အ​မှု​အ​ရာ​တို့​ကို​လည်း​ကောင်း ဖော်​ပြ​လျက်၊ ငါ့​အ​ကြံ​တည်​လိမ့်​မည်။ ငါ့​အ​လို​ရှိ​သ​မျှ​ကို ငါ​ပြည့်​စုံ​စေ​မည်​ဟု ဆို​လျက်၊

မှား​သော​အိပ်​မက်​ကို ဟော​ပြော၍၊ မု​သား​စ​ကား​နှင့် အ​ချည်း​နှီး​စ​ကား​အား​ဖြင့် ငါ၏​လူ​မျိုး​ကို မှား​ယွင်း​စေ​သော​ပ​ရော​ဖက်​တို့​ကို ငါ​သည် ဆန့်​ကျင်​ဘက်​ပြု​မည်။ သူ​တို့​ကို ငါ​မ​စေ​လွှတ်၊ မ​မှာ​ထား​သော​ကြောင့်၊ ဤ​လူ​မျိုး​သည် ကျေး​ဇူး​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ အ​ဘယ်​မျှ​မ​ဟုတ်​သ​ကဲ့​သို့ ဖြစ်​ကြ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​တို့၌​လည်း​ကောင်း၊ မြေ​ကြီး​သား​တို့၌​လည်း​ကောင်း အ​လို​တော်​ရှိ​သည်​အ​တိုင်း စီ​ရင်​ပြု​ပြင်​တော်​မူ၏။ လက်​တော်​ကို အ​ဘယ်​သူ​မျှ မ​ဆီး​တား​နိုင်။ အ​ဘယ်​သို့​ပြု​သ​နည်း​ဟု ကိုယ်​တော်​ကို ဆို​နိုင်​သော​သူ​မ​ရှိ။

ဘု​ရား​သ​ခင်​က၊ ငါ​သည် ကျေး​ဇူး​ပြု​လို​သော​သူ​ကို ကျေး​ဇူး​ပြု​မည်။ သ​နား​လို​သော​သူ​ကို​လည်း သ​နား​မည်​ဟု မော​ရှေ​ကို မိန့်​တော်​မူ၏။-

မိ​မိ​စေ​တ​နာ၏ အ​လို​တော်​သို့​လိုက်၍ အ​လုံး​စုံ​တို့​ကို စီ​ရင်​ပြု​ပြင်​တော်​မူ​တတ်​သော သူ၏ ကြံ​စည်​ခြင်း​ရှိ​သည်​အ​တိုင်း၊ ရှေး​မ​ဆွ​က ခွဲ​ခန့်​မှတ်​သား​တော်​မူ​သည်​နှင့်​အ​ညီ၊ ငါ​တို့​သည် ထို​ခ​ရစ်​တော်​အား​ဖြင့် အ​မွေ​ခံ​ဖြစ်​ကြ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ