Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 3:36

Judson Bible

သူ​တစ်​ပါး​ကို မ​တ​ရား​သ​ဖြင့် ရှုံး​စေ​ခြင်း​အ​မှု​တို့​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မ​မူ။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ငို​ကြွေး​မြည်​တမ်း​ချိန်​လွန်​မှ၊ ဒါ​ဝိဒ်​သည် လူ​ကို​စေ​လွှတ်၍ ထို​မိန်း​မ​ကို နန်း​တော်​သို့​ခေါ်​စေ​သ​ဖြင့်၊ သူ​သည် မိ​ဖု​ရား​အ​ဖြစ်​သို့​ရောက်၍ သား​ယောက်ျား​ကို ဖွား​မြင်​လေ၏။ သို့​ရာ​တွင် ဒါ​ဝိဒ်​ပြု​သော​အ​မှု​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဆိုး​သော​အ​မှု​ဖြစ်​သ​တည်း။

အို​ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည် ကိုယ်​တော်၏ လူ​တို့​ကို​နှိပ်​စက်၍၊ အ​မွေ​တော်​ကို ညှဉ်း​ဆဲ​ကြ​ပါ၏။

ငါ့​တို့​မ​သိ​ဟု​ဆို​သော်​လည်း၊ နှ​လုံး​သ​ဘော​ကို ဆင်​ခြင်​သော​သူ​သည် မ​မှတ်၊ သင်၏​စိတ်​ဝိ​ညာဉ်​ကို စောင့်​သော​သူ​သည် မ​သိ​ဘဲ၊ လူ​အ​သီး​အ​သီး​တို့​အား သူ​တို့​အ​ကျင့်​နှင့်​အ​လျောက်၊ အ​ကျိုး​အ​ပြစ်​ကို မ​ဆပ်​မ​ပေး​ဘဲ နေ​တော်​မူ​မည်​လော။

သ​စ္စာ​သည် ပျက်​ခဲ့​ပြီ။ ဒု​စ​ရိုက်​ကို​ရှောင်​သော​သူ​သည် လု​ယူ​ခြင်း​ကို​ခံ​ရ၏။ ထို​အ​မှု​ကို ထာ​ဝ​ရ​ဘု​ရား​သည်​မြင်​လျှင်၊ တ​ရား​မ​ရှိ​သော​ကြောင့် မုန်း​တော်​မူ​၏။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ တ​ရား​သ​ဖြင့် စီ​ရင်၍ ဖြောင့်​မတ်​စွာ ဆုံး​ဖြတ်​ကြ​လော့။ လု​ယူ​ခြင်း​ခံ​ရ​သော သူ​ကို ညှဉ်း​ဆဲ​သော​သူ၏​လက်​မှ ကယ်​နုတ်​ကြ​လော့။ ဧည့်​သည်​ဖြစ်​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​ကို မ​တ​ရား​သ​ဖြင့်​မ​ပြု၊ မ​ညှဉ်း​ဆဲ​ကြ​နှင့်။ အ​ပြစ်​မ​ရှိ​သော​သူ​တို့​ကို ဤ​အ​ရပ်၌ မ​ကွပ်​မျက်​ကြ​နှင့်။

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ခံ​ရ​သော​ညှဉ်း​ဆဲ​ခြင်း​ကို မြင်​တော်​မူ​ပြီ။ အ​ကျွန်ုပ်​အ​ဖို့ တ​ရား​စီ​ရင်​တော်​မူ​ပါ။

ကိုယ်​တော်​သည် ဒု​စ​ရိုက်​ကို ကြည့်​ရှု​တော်​မ​မူ။ သန့်​ရှင်း​သော မျက်​စိ​ရှိ​တော်​မူ၏။ အ​ဓ​မ္မ​အ​မှု​ကို ကြည့်​ရှု၍ နေ​တော်​မ​မူ​တတ်​ပါ။ သို့​ဖြစ်၍၊ သ​စ္စာ​ပျက်​သော​သူ​တို့​ကို အ​ဘယ်​ကြောင့် ကြည့်​ရှု၍ နေ​တော်​မူ​သ​နည်း။ အ​ဓ​မ္မ​လူ​သည် မိ​မိ​ထက်​ဖြောင့်​မတ်​သော​သူ​ကို ကိုက်​စား​သော​အ​ခါ၊ အ​ဘယ်​ကြောင့် တိတ်​ဆိတ်​စွာ နေ​တော်​မူ​သ​နည်း။

လူ​ချင်း​အ​မှု​ရှိ၍ မင်း​ထံ၌ အ​စီ​ရင်​ခံ​လျက်၊ မင်း​ရှေ့​မှာ တ​ရား​တွေ့​ကြ​သော​အ​ခါ၊ ဖြောင့်​မတ်​သော​သူ​ကို အ​ပြစ်​လွတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆိုး​သော​သူ​ကို အ​ရှုံး​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ