မြည်တမ်းစကား 2:21Judson Bibleလူအကြီးအငယ်တို့သည် လမ်း၌ မြေပေါ်မှာ တုံးလုံးနေရကြပါ၏။ အကျွန်ုပ်၏ လူပျိုနှင့် အပျိုတို့သည် ဓားဖြင့် သေရကြပါပြီ။ ကိုယ်တော်သည် အမျက်တော်ထွက်သောနေ့၌၊ သူတို့ကိုမသနားဘဲ ကွပ်မျက်တော်မူပြီ။ အခန်းကိုကြည့်ပါ။ |
ထိုကြောင့်၊ သူတို့ကို ဓားဘေးသို့လည်းကောင်း၊ သူတို့သားသမီးများကို မွတ်သိပ်ခြင်းသို့လည်းကောင်း အပ်တော်မူပါ။ သူတို့မိန်းမတို့သည် သားများဆုံး၍ မုဆိုးမဖြစ်ကြပါစေသော။ လူကြီးတို့သည် အသေသတ်ခြင်းကို ခံရ၍၊ လူပျိုတို့လည်း စစ်တိုက်ပွဲ၌ ဓားဖြင့် ဆုံးကြပါစေသော။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနောက်မှ နာဘေး၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် လွတ်၍၊ ကျန်ကြွင်းသော မြို့သားတည်းဟူသော ယုဒရှင်ဘုရင်ဇေဒကိမှစ၍ သူ၏ကျွန်များ၊ သူ၏လူများတို့ကို၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသောရန်သူများ၊ သတ်ချင်သော သူများလက်သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်းကရုဏာမရှိ၊ မစုံမက်၊ မနှမြောဘဲ၊ ဓားနှင့် ကွပ်မျက်လိမ့်မည်ဟု ဆင့်ဆိုလေ၏။
အဲဂုတ္တုပြည်ခံရသော ကာလနာဘေးကို သင်တို့ရှိရာသို့ ငါစေလွှတ်လေပြီ။ လုလင်တို့ကို ဓားဖြင့် ကွပ်မျက်စေပြီ။ မြင်းတို့ကို သိမ်းသွားစေပြီ။ သင်တို့တပ်၌ ပုပ်စပ်သောအနံ့ကို သင်တို့နှာခေါင်း၌ လှိုင်စေပြီ။ သို့သော်လည်း၊ ငါ့ထံသို့ ပြန်၍မလာကြဟု ထာဝရဘုရား မိန့်တော်မူ၏။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ပြည်သူပြည်သားတို့ကို နောက်တစ်ဖန်မသနား၊ မနှမြောဘဲ၊ လူအသီးအသီးတို့ကို အိမ်နီးချင်းလက်သို့လည်းကောင်း၊ ရှင်ဘုရင်လက်သို့လည်းကောင်း အပ်သဖြင့်၊ သူတို့သည် တစ်ပြည်လုံးကို နှိပ်စက်ကြလိမ့်မည်။ သူတို့လက်မှ ငါမကယ်လွှတ်ဘဲနေမည်ဟု မိန့်တော်မူ၏။