Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 2:20

Judson Bible

အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ဘယ်​သူ၌ ဤ​သို့​စီ​ရင်​တော်​မူ​သည်​ကို ကြည့်​ရှု​ဆင်​ခြင်​တော်​မူ​ပါ။ မိန်း​မ​သည် မိ​မိ​ရင်​သွေး၊ မိ​မိ​ချီ​ပိုက်​သော သား​ကို​စား​ရ​ပါ​မည်​လော။ ယဇ်​ပု​ရော​ဟိတ်​နှင့် ပ​ရော​ဖက်​သည် ထာ​ဝ​ရ​ဘု​ရား၏ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ပါ​မည်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ခါ​လ​ဒဲ​ရှင်​ဘု​ရင်​ကို စစ်​ချီ​စေ​တော်​မူ၏။ ထို​ရှင်​ဘု​ရင်​သည် သန့်​ရှင်း​ရာ​ဌာ​န​အိမ်​တော်၌ လူ​ပျို​တို့​ကို ဓား​နှင့်​သတ်၏။ ယောက်ျား​ပျို၊ မိန်း​မ​ပျို၊ လူ​အို၊ အ​သက်​ကြီး၍ ကျော​ကုန်း​သော သူ​တို့​ကို​ပင် မ​သ​နား၊ ရှိ​သ​မျှ​တို့​ကို ထို​ရှင်​ဘု​ရင်​လက်​သို့ အပ်​တော်​မူ၏။

ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဓား​ဘေး​ဖြင့်​ဆုံး​သော်​လည်း၊ မု​ဆိုး​မ​တို့​သည် မြည်​တမ်း​ခြင်း​ကို မ​ပြု​ရ​ကြ။

မော​ရှေ​က​လည်း၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် မ​ဟာ​တန်​ခိုး​အား​ကြီး​သော​လက်​နှင့် အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ဆောင်​ခဲ့​သော ကိုယ်​တော်၏​လူ​တို့​ကို၊ အ​ဘယ်​ကြောင့် အ​မျက်​ပြင်း​စွာ ထွက်​တော်​မူ​သ​နည်း။

အ​ထက်​က အ​သံ​ဗ​လံ​များ၍ အုတ်​အုတ်​ကျက်​ကျက် ပြု​တတ်​သော​မြို့၊ ရွှင်​လန်း​သော​မြို့၊ သင်၏​လူ​သေ​တို့​သည် ဓား​လက်​နက်​ကြောင့် ဆုံး​ကြ​သည်​မ​ဟုတ်။ စစ်​တိုက်​ရာ​မှာ သေ​ကြ​သည်​မ​ဟုတ်။

သတ်​ခြင်း​ငှာ ရှာ​ကြံ​သော​ရန်​သူ​များ​တို့​သည် ဝိုင်း၍ တပ်​တည်​သ​ဖြင့်၊ ဤ​သူ​တို့​သည် ကျဉ်း​ကျပ်​လျက်​နေ၍၊ ကိုယ်​သား​သ​မီး အ​သား​ကို ငါ​စား​စေ​မည်။ အ​ချင်း​ချင်း​တစ်​ယောက်​အ​သား​ကို တစ်​ယောက်​စား​ကြ​လိမ့်​မည်​ဟု မြွက်​ဆို​ပြီး​မှ၊

ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​နောက်​မှ နာ​ဘေး၊ ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​နှင့် လွတ်၍၊ ကျန်​ကြွင်း​သော မြို့​သား​တည်း​ဟူ​သော ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​မှ​စ၍ သူ၏​ကျွန်​များ၊ သူ၏​လူ​များ​တို့​ကို၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ အ​စ​ရှိ​သော​ရန်​သူ​များ၊ သတ်​ချင်​သော သူ​များ​လက်​သို့ ငါ​အပ်၍၊ ထို​မင်း​သည် သ​နား​ခြင်း​က​ရု​ဏာ​မ​ရှိ၊ မ​စုံ​မက်၊ မ​နှ​မြော​ဘဲ၊ ဓား​နှင့် ကွပ်​မျက်​လိမ့်​မည်​ဟု ဆင့်​ဆို​လေ၏။

ပ​ရော​ဖက်​တို့​သည် မ​ဟုတ်​မ​မှန်​ဟော​ပြော​ကြ၏။ ယဇ်​ပု​ရော​ဟိတ်​တို့​သည် ဝန်​ခံ၍ အ​စိုး​ရ​ကြ၏။ ထို​သို့​သော​အ​မှု​ကို ငါ၏​လူ​တို့​သည် နှစ်​သက်​ကြ၏။ ထို​အ​မှု​ဆုံး​သော​အ​ခါ သင်​တို့​သည် အ​ဘယ်​သို့​ပြု​ကြ​လိမ့်​မည်​နည်း။

ငါ​သည် ရည်း​စား​တို့​ကို​ခေါ်၍ သူ​တို့​သည် သ​စ္စာ​မ​ရှိ​ကြ။ ငါ၏​ယဇ်​ပု​ရော​ဟိတ်​တို့​နှင့် ငါ၏​အ​သက်​ကြီး​သူ​တို့​သည် ကိုယ်​အ​သက်​မွေး​ဖို့ စား​စ​ရာ​ကို​ရှာ​စဉ်​ပင် မြို့​ထဲ၌ အ​သက်​ချုပ်​ကြ​ပြီ။

စိတ်​ကြင်​နာ​တတ်​သော မိန်း​မ​တို့​သည် မိ​မိ​တို့​သား​ကို​ပင် ပြုတ်​ရ​ကြ၏။ ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် ပျက်​စီး​သော​ကာ​လ၌ မိ​မိ​တို့​သား​ကို​ပင် စား​ရ​ကြ၏။

ယေ​ရု​ရှ​လင်​မြို့​အ​လယ်၌ ဖြောင့်​မတ်​သော​သူ​တို့​ကို သတ်​တတ်​သော မြို့​သား​ပ​ရော​ဖက်​တို့၏​ဒု​စ​ရိုက်​များ​နှင့်၊ ယဇ်​ပု​ရော​ဟိတ်​တို့၏ အ​ပြစ်​များ​ကြောင့် ဤ​အ​မှု​သည် ရောက်​လေ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ထွက်၍ သူ​တို့​ကို ကွဲ​ပြား​စေ​တော်​မူ​ပြီ။ သူ​တို့​အ​မှု​ကို ကြည့်​ရှု​တော်​မ​မူ။ သူ​တစ်​ပါး​တို့​သည်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​ကို မ​ရို​သေ၊ အ​သက်​ကြီး​သူ​တို့​ကို အား​မ​နာ​ဘဲ​နေ​ကြ၏။

သင်၏​အ​လယ်၌ အ​ဘ​တို့​သည် သား​တို့​ကို စား​ကြ​လိမ့်​မည်။ သား​တို့​သည်​လည်း အ​ဘ​တို့​ကို စား​ကြ​လိမ့်​မည်။ သင်၌​အ​ပြစ်​ဒဏ်​ကို စီ​ရင်၍၊ ကျန်​ကြွင်း​သ​မျှ​ကို အ​ရပ်​ရပ်​တို့​က​လာ​သော လေ​ရှေ့​မှာ ငါ​လွှင့်​မည်။

တစ်​ဖန်​တုံ၊ အိမ်​တော်​ကို ညစ်​ညူး​စေ၍၊ ကွပ်​မျက်​သော​သူ အ​သေ​ကောင်​တို့​နှင့် တံ​တိုင်း​များ​ကို ပြည့်​စေ​ပြီး​မှ ထွက်​သွား​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ သူ​တို့​သည်​ထွက်၍ မြို့​ထဲ၌ ကွပ်​မျက်​ကြ၏။

သင်​တို့​သည် ကိုယ်​သား​သ​မီး​တို့၏​အ​သား​ကို စား​ရ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​အား​လည်း၊ အို​အ​ရှင် ဘု​ရား​သ​ခင်၊ တန်​ခိုး​တော်​အား​ဖြင့် ရွေး​တော်​မူ၍၊ အား​ကြီး​သော​လက်​တော်​နှင့် အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​သော ကိုယ်​တော်၏​အ​မွေ​ဥ​စ္စာ​ဖြစ်​သော ဤ​လူ​တို့​ကို ဖျက်​ဆီး​တော်​မ​မူ​ပါ​နှင့်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ