မြည်တမ်းစကား 2:22Judson Bibleပွဲသဘင်နေ့၌ လူတို့ကိုခေါ်ဖိတ်သကဲ့သို့၊ အကျွန်ုပ်ပတ်လည်၌ ကြောက်မက်ဖွယ်သော အရာတို့ကို ခေါ်ဖိတ်တော်မူပြီ။ ထာဝရဘုရားအမျက်တော်ထွက်သောနေ့၌ အဘယ်သူမျှမလွတ်၊ မကျန်ကြွင်းရပါ။ အကျွန်ုပ် ချီပိုက်ကျွေးမွေးသော သူတို့ကို အကျွန်ုပ်၏ရန်သူသည် ဖျက်ဆီးပါပြီ။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည် ယုဒပြည်ကို အကုန်အစင်ပယ်တော်မူသလော။ ဇိအုန်မြို့ကို စက်ဆုပ်ရွံရှာတော်မူသလော။ ချမ်းသာမရအောင် အကျွန်ုပ်တို့ကို အဘယ်ကြောင့် ဒဏ်ခတ်တော်မူသနည်း။ အကျွန်ုပ်တို့သည် ငြိမ်သက်ခြင်းကိုမျှော်လင့်သော်လည်း၊ ကောင်းကျိုးကို မရကြပါ။ ချမ်းသာကို မျှော်လင့်သော်လည်း၊ ဘေးနှင့်သာတွေ့ရကြပါ၏။
ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုနောက်မှ နာဘေး၊ ဓားဘေး၊ မွတ်သိပ်ခြင်းဘေးနှင့် လွတ်၍၊ ကျန်ကြွင်းသော မြို့သားတည်းဟူသော ယုဒရှင်ဘုရင်ဇေဒကိမှစ၍ သူ၏ကျွန်များ၊ သူ၏လူများတို့ကို၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ အစရှိသောရန်သူများ၊ သတ်ချင်သော သူများလက်သို့ ငါအပ်၍၊ ထိုမင်းသည် သနားခြင်းကရုဏာမရှိ၊ မစုံမက်၊ မနှမြောဘဲ၊ ဓားနှင့် ကွပ်မျက်လိမ့်မည်ဟု ဆင့်ဆိုလေ၏။
ယခုမှာ ဣသရေလမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ကိုယ်ကိုကိုယ် ပယ်ဖြတ်လိုသောငှာလည်းကောင်း၊ မြေကြီးပေါ်မှာ လူအမျိုးမျိုးတို့တွင် ကဲ့ရဲ့ကျိန်ဆဲရာ ဖြစ်လိုသောငှာလည်းကောင်း၊ သွား၍နေသော အဲဂုတ္တုပြည်၌ အခြားတစ်ပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်တိုင်ပြုသောအမှုနှင့် ငါ၏အမျက်ကိုနှိုးဆော်သဖြင့်၊ သင်တို့တွင် တစ်ယောက်မျှ မကြွင်း၊ ယုဒအမျိုး ယောက်ျားမိန်းမ၊ သူငယ်နို့စို့ကလေးအပေါင်းတို့ကို ပယ်ဖြတ်မည်အကြောင်း၊ ကြီးစွာသော ဒုစရိုက်ကို ကိုယ်စိတ်ဝိညာဉ်တစ်ဖက်၌ အဘယ်ကြောင့် ပြုကြသနည်း။