မြည်တမ်းစကား 2:17Judson Bibleထာဝရဘုရားသည် ကြံစည်သောအမှုကို ပြုတော်မူပြီ။ ရှေးကာလ၌ မိန့်တော်မူသော စကားတော်ကို ပြည့်စုံစေတော်မူပြီ။ မနှမြောဘဲ ဖြိုဖျက်တော်မူပြီ။ ရန်သူသည် သင်၏အပေါ်မှာ ဝမ်းမြောက်ရသောအခွင့်ကို ပေး၍၊ ရန်သူ၏ဦးချိုကို ချီးမြှင့်တော်မူပြီ။ အခန်းကိုကြည့်ပါ။ |
ယခုမှာ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်တို့အဖို့ ဘေးဒဏ်ကို ငါပြင်ဆင်၏။ သင်တို့ကို ဆန့်ကျင်ဘက်ပြု၍ ငါကြံစည်၏။ သို့ဖြစ်၍၊ ဆိုးသောလမ်းမှ အသီးအသီး ပြန်လာကြလော့။ သင်တို့လိုက်သောလမ်းနှင့် သင်တို့ကျင့်သော အကျင့်ကို ဖြောင့်စေကြလော့ဟု၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့အား ဆင့်ဆိုလော့။
အကျွန်ုပ်တို့တစ်ဖက်၊ အကျွန်ုပ်တို့ကိုအုပ်သော တရားသူကြီးတို့ တစ်ဖက်၌ မိန့်တော်မူသော စကားတော်ကို တည်စေ၍၊ အကျွန်ုပ်တို့အပေါ်မှာ ကြီးစွာသောဘေးဥပဒ်ကို ရောက်စေတော်မူပြီ။ အကြောင်းမူကား၊ ယေရုရှလင်မြို့၌ ဘေးရောက်သကဲ့သို့ ကောင်းကင်အောက်တွင် အဘယ်အရပ်၌မျှ မရောက်စဖူးပါ။
ငါ၏ ကျွန်ပရောဖက်တို့၌ ငါမှာထားသော ငါ၏ပညတ်စကားတို့သည် သင်တို့ ဘိုးဘေးများကိုမီကြပြီ မဟုတ်လော။ သူတို့သည် သတိရ၍ ငါတို့ကျင့်ကြံပြုမူသည်နှင့်အလျောက်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင် ထာဝရဘုရားသည် ငါတို့၌ စီရင်မည်ဟု အကြံရှိတော်မူသည်အတိုင်း၊ စီရင်တော်မူပြီဟု ပြောဆိုကြသည် မဟုတ်လောဟု မိန့်တော်မူ၏။