မြည်တမ်းစကား 2:16Judson Bibleသင်၏ရန်သူအပေါင်းတို့သည် သင့်တစ်ဖက်၌ နှုတ်ကိုဖွင့်ကြ၏။ ငါတို့သည် သူ့ကိုမျိုပြီ။ အကယ်စင်စစ် ဤသည်နေ့ကား၊ ငါတို့မျှော်လင့်ခဲ့ပြီးသော နေ့ဖြစ်၏။ ငါတို့တွေ့မြင်ရပြီဟု ကဲ့ရဲ့သံကိုပြုလျက်၊ အံသွားကို ခဲကြိတ်လျက် ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
သူတို့ကို ဓားဘေး၊ မွတ်သိပ်ခြင်းဘေး၊ ကာလနာဘေးဖြင့် ငါညှဉ်းဆဲမည်။ ငါနှင်ရာအရပ်ရပ်တို့၌ လူအမျိုးမျိုးတို့တွင်၊ သူတို့သည် ကျိန်ဆဲရာ၊ အံ့ဖွယ်ရာ၊ ကဲ့ရဲ့သံကိုကြားရာ၊ အသရေရှုတ်ချရာဖြစ်မည်အကြောင်း၊ မြေပေါ်မှာ တိုင်းနိုင်ငံရှိသမျှတို့၏နှောင့်ယှက်ခြင်းသို့ သူတို့ကိုငါအပ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
အကျွန်ုပ် ညည်းတွားသံကိုကြားသောသူတို့တွင်၊ နှစ်သိမ့်စေသောသူ တစ်ယောက်မျှမရှိပါ။ အကျွန်ုပ်၌ ရောက်သောအမှုကို အကျွန်ုပ်၏ ရန်သူအပေါင်းတို့သည် ကြားရကြပါပြီ။ ကိုယ်တော်ပြုတော်မူသည်ကို ဝမ်းမြောက်ကြပါ၏။ ကိုယ်တော်ချိန်းချက်သော နေ့ရက်ကို ရောက်စေတော်မူသောအခါ၊ သူတို့သည် အကျွန်ုပ်ကဲ့သို့ပင် ဖြစ်ကြပါစေသော။
ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည် ကျန်ကြွင်းသော တစ်ပါးအမျိုးသားတို့ သိမ်းယူရာဖြစ်ရသည်တိုင်အောင်၊ သင်တို့ကို သုတ်သင်ပယ်ရှင်း၍ ပတ်လည် ကိုက်စားသောကြောင့်လည်းကောင်း၊ သင်တို့သည် လူများပြောဆိုရာ၊ ကဲ့ရဲ့ရာဖြစ်သောကြောင့်လည်းကောင်း၊