Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 2:15

Judson Bible

လမ်း၌ လျှောက်​သွား​သ​မျှ​သော​သူ​တို့​က၊ ဂုဏ်​သ​ရေ​အထွတ်၊ မြေ​တစ်​ပြင်​လုံး ရွှင်​လန်း​ရာ​ဘွဲ့​ရှိ​သော မြို့​ကား ဤ​မြို့​လော​ဟု၊ ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​ကို လက်​ခုပ်​တီး​လျက်၊ ကဲ့​ရဲ့​သံ​ကို​ပြု​လျက်၊ ခေါင်း​ကို ညိတ်​လျက် မေး​တတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

38 ပူးပေါင်းရင်းမြစ်များ  

ထို​မင်း၏​အ​မှု​မှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဟူ​မူ​ကား၊ ဇိ​အုန်​သ​တို့​သ​မီး​က​ညာ​သည် သင့်​ကို မ​ထီ​မဲ့​မြင်​ပြု၍ ပြက်​ရယ်၏။ ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​သည် သင့်​နောက်၌ ခေါင်း​ညိတ်၏။

အ​ရပ်​မြင့်​သော ဤ​အိမ်​တော်​ကို​လည်း လမ်း၌​လျှောက်​သွား​သော သူ​အ​ပေါင်း​တို့​သည် အံ့​ဩ၍၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​ပြည်​နှင့် ဤ​အိမ်​ကို အ​ဘယ်​ကြောင့် ဤ​သို့​ပြု​တော်​မူ​သ​နည်း​ဟု တစ်​ယောက်​က​မေး​မြန်း​သော်၊

အ​ကျွန်ုပ်​သည်​လည်း သူ​တစ်​ပါး​တို့ ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း​ဖြစ်၍၊ သူ​တို့​သည် အ​ကျွန်ုပ်​ကို​မြင်​သော​အ​ခါ၊ ခေါင်း​ညိတ်​ခြင်း​ကို ပြု​ကြ​ပါ၏။

အ​ကျွန်ုပ်​ကို မြင်​သ​မျှ​သော​သူ​တို့​သည် ပြက်​ရယ်​ပြု​ခြင်း၊ နှုတ်​ခမ်း​ဖြဲ​ခြင်း၊ ခေါင်း​ညိတ်​ခြင်း​ကို ပြု​ကြ​ပါ၏။

မြေ​ကြီး​တစ်​ပြင်​လုံး ရွှင်​လန်း​ရာ ဇိ​အုန်​တောင်​ထိပ်​သည် အ​ဆင်း​လှ​ပေ၏။ မြောက်​မျက်​နှာ​ဘက်၌ မ​ဟာ​မင်း​ကြီး၏ မြို့​တော်​သည် တည်၏။

ထို​မြို့၏​ဘုံ​ဗိ​မာန်​တို့​တွင် ဘု​ရား​သ​ခင်၌ ခို​လှုံ​ရ​သည်​ကို သိ​ရ၏။

အ​သ​ရေ​တင့်​တယ်​ခြင်း​ပြည့်​စုံ​ရာ ဇိ​အုန်​တောင်​ပေါ်​မှာ ဘု​ရား​သ​ခင်၏​ရောင်​ခြည်​တော်​သည် ထွန်း​ပ၏။

သို့​ဖြစ်၍ မိ​မိ​တို့​လျှာ​သည် မိ​မိ​တို့​ကို တိုက်​စေ၍၊ မြင်​သော​သူ​အ​ပေါင်း​တို့​သည် ပြေး​သွား​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် အ​မှု​တော်​တည်း​ဟူ​သော၊ ထူး​ခြား​သော အ​မှု​တော်​ကို ပြု​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လုပ်​တော်​တည်း​ဟူ​သော၊ လုပ်​မြဲ​မ​ဟုတ်​သော အ​လုပ်​တော်​ကို လက်​စ​သတ်​ခြင်း​ငှာ​လည်း​ကောင်း၊ ပေ​ရ​ဇိမ်​တောင်​ပေါ်​မှာ ပြု​သ​ကဲ့​သို့ ထ​တော်​မူ​မည်။ ဂိ​ဗောင်​ချိုင့်​ထဲ​မှာ ရှိ​သ​ကဲ့​သို့ အ​မျက်​ထွက်​တော်​မူ​မည်။

ထို​မင်း၏​အ​မှု​မှာ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဟူ​မူ​ကား၊ ဇိ​အုန်​သ​တို့​သ​မီး​က​ညာ​သည် သင့်​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ပြက်​ရယ်၏။ ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​သည် သင့်​နောက်၌ ခေါင်း​ညိတ်၏။

ကိုယ်​တော်​ကို ဘိုး​ဘေး​တို့​ချီး​မွမ်း​ရာ​အ​ရပ်၊ အ​ကျွန်ုပ်​တို့၏ သန့်​ရှင်း​တင့်​တယ်​သော ဗိ​မာန်​တော်​ကို မီး​လောင်​ပါ​ပြီ။ အ​ကျွန်ုပ်​တို့ နှစ်​သက်​ဖွယ်​သော အ​ရာ​ရှိ​သ​မျှ​တို့​သည် သုတ်​သင်​ပယ်​ရှား​လျက် ရှိ​ကြ​ပါ၏။

ထို​သို့​ပြု၍ မိ​မိ​တို့​ပြည်​ကို လူ​ဆိတ်​ညံ​ရာ​အ​ရပ်၊ အ​စဉ်​ကဲ့​ရဲ့​သံ​ကြား​ရာ​အ​ရပ် ဖြစ်​စေ​သ​ဖြင့်၊ လမ်း၌​လျှောက်​သွား​သော သူ​အ​ပေါင်း​တို့​သည်​အံ့​ဩ၍၊ မိ​မိ​တို့​ခေါင်း​ကို ညိတ်​ကြ​လိမ့်​မည်။

ဤ​မြို့​ကို​လည်း လူ​ဆိတ်​ညံ​ရာ၊ ကဲ့​ရဲ့​သံ​ကို ကြား​ရာ​အ​ရပ် ဖြစ်​စေ​မည်။ လမ်း၌ လျှောက်​သွား​သ​မျှ​သော သူ​တို့​သည် ဤ​မြို့​ခံ​ရ​သော ဘေး​အ​လုံး​စုံ​တို့​ကို မြင်​သော​အ​ခါ၊ အံ့​ဩ၍ ကဲ့​ရဲ့​သံ​ကို ပြု​ကြ​လိမ့်​မည်။

ထို​လူ​မျိုး​များ​ဟူ​မူ​ကား၊ ယ​နေ့​ရှိ​သည်​အ​တိုင်း လူ​ဆိတ်​ညံ​ရာ၊ အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ ကျိန်​ဆဲ​ရာ ဖြစ်​စေ​ခြင်း​ငှာ၊ သောက်​ရ​သော ယေ​ရု​ရှ​လင်​မြို့​သူ၊ ယု​ဒ​ပြည်​သား၊ ယု​ဒ​ရှင်​ဘု​ရင်​များ၊ မှူး​မတ်​များ၊

ဤ​ပြည်​နှင့် ပြည်​သား​များ​ကို​လည်း​ကောင်း၊ ပတ်​ဝန်း​ကျင်၌​ရှိ​သော လူ​အ​မျိုး​မျိုး​တို့​ကို​လည်း​ကောင်း စစ်​တိုက်​စေ​ခြင်း​ငှာ၊ ငါ၏​ကျွန် ဗာ​ဗု​လုန်​ရှင်​ဘု​ရင် နေ​ဗု​ခဒ်​နေ​ဇာ​အ​စ​ရှိ​သော မြောက်​ပြည်​သား အ​မျိုး​မျိုး​အ​ပေါင်း​တို့​ကို ငါ​မှာ​လိုက်၍ ဆောင်​ခဲ့​ပြီး​လျှင်၊ ရှင်း​ရှင်း​ဖျက်​ဆီး၍၊ ဤ​ပြည်​သား​တို့​ကို အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​စဉ်​အ​မြဲ လူ​ဆိတ်​ညံ​ရာ ဖြစ်​စေ​မည်။

ဤ​အိမ်​ကို ရှိ​လော​ရွာ​ကဲ့​သို့ ငါ​ဖြစ်​စေ​မည်။ ဤ​မြို့​ကို​လည်း၊ မြေ​ပေါ်​မှာ လူ​အ​မျိုး​မျိုး ကျိန်​ဆဲ​သော​မြို့ ဖြစ်​စေ​မည်​ဟု မိန့်​တော်​မူ၏။

သူ​တို့​ကို ဓား​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး၊ ကာ​လ​နာ​ဘေး​ဖြင့် ငါ​ညှဉ်း​ဆဲ​မည်။ ငါ​နှင်​ရာ​အ​ရပ်​ရပ်​တို့၌ လူ​အ​မျိုး​မျိုး​တို့​တွင်၊ သူ​တို့​သည် ကျိန်​ဆဲ​ရာ၊ အံ့​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ကို​ကြား​ရာ၊ အ​သ​ရေ​ရှုတ်​ချ​ရာ​ဖြစ်​မည်​အ​ကြောင်း၊ မြေ​ပေါ်​မှာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့၏​နှောင့်​ယှက်​ခြင်း​သို့ သူ​တို့​ကို​ငါ​အပ်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​သည် ဣ​သ​ရေ​လ​ကို ကဲ့​ရဲ့​ပြီ​မ​ဟုတ်​လော။ သို့​ရာ​တွင်၊ သူ​သည် သူ​ခိုး​တို့​နှင့်​ပေါင်း​ဖော်​သည်​ကို တွေ့​ဖူး​သ​လော။ သူ၏​အ​ကြောင်း​ကို ပြော​လေ​ရာ​ရာ၌ သင်​သည် ခေါင်း​ကို​ညိတ်​ပါ​သည်​တ​ကား။

ဗာ​ဗု​လုန်​မြို့​သည် အ​မှိုက်​ပုံ၊ မြေ​ခွေး​နေ​ရာ​တွင်း၊ အံ့​ဩ​ဖွယ်​ရာ၊ ကဲ့​ရဲ့​သံ​ပြု​ရာ၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​လိမ့်​မည်။

အ​ကျွန်ုပ် ညည်း​တွား​သံ​ကို​ကြား​သော​သူ​တို့​တွင်၊ နှစ်​သိမ့်​စေ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ပါ။ အ​ကျွန်ုပ်၌ ရောက်​သော​အ​မှု​ကို အ​ကျွန်ုပ်၏ ရန်​သူ​အ​ပေါင်း​တို့​သည် ကြား​ရ​ကြ​ပါ​ပြီ။ ကိုယ်​တော်​ပြု​တော်​မူ​သည်​ကို ဝမ်း​မြောက်​ကြ​ပါ၏။ ကိုယ်​တော်​ချိန်း​ချက်​သော နေ့​ရက်​ကို ရောက်​စေ​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် အ​ကျွန်ုပ်​ကဲ့​သို့​ပင် ဖြစ်​ကြ​ပါ​စေ​သော။

ယေ​ရု​ရှ​လင်​မြို့ ပြစ်​မှား​သော​အ​ပြစ်​သည် အ​လွန်​များ​သော​ကြောင့်၊ ရွံ​ရှာ​ဖွယ် ဖြစ်​လေ၏။ သူ့​ကို ရို​သေ​ဖူး​သော​သူ​အ​ပေါင်း​တို့​သည် သူ၌ အ​ချည်း​စည်း​ရှိ​ခြင်း​ကို မြင်​သော​ကြောင့် မ​ထီ​မဲ့​မြင်​ပြု​ကြ၏။ သူ​သည်​လည်း ညည်း​တွား၍ နောက်​သို့​ပြန်​သွား​လေ၏။

သင်၏​ရန်​သူ​အ​ပေါင်း​တို့​သည် သင့်​တစ်​ဖက်၌ နှုတ်​ကို​ဖွင့်​ကြ၏။ ငါ​တို့​သည် သူ့​ကို​မျို​ပြီ။ အ​ကယ်​စင်​စစ် ဤ​သည်​နေ့​ကား၊ ငါ​တို့​မျှော်​လင့်​ခဲ့​ပြီး​သော နေ့​ဖြစ်၏။ ငါ​တို့​တွေ့​မြင်​ရ​ပြီ​ဟု ကဲ့​ရဲ့​သံ​ကို​ပြု​လျက်၊ အံ​သွား​ကို ခဲ​ကြိတ်​လျက် ဆို​ကြ၏။

ဝင်း​တော်​ကို တောင်​ယာ​ခြံ​ကဲ့​သို့ အ​မှတ်​ပြု၍ ချိုး​ဖျက်​တော်​မူ​ပြီ။ မိ​မိ​ပွဲ​သ​ဘင်​တော်​ကို ဖျက်​ဆီး​တော်​မူ​ပြီ။ ဇိ​အုန်​မြို့၌​ခံ​သော ဓ​မ္မ​ပွဲ​နေ့၊ ဥ​ပုသ်​နေ့​တို့​ကို ထာ​ဝ​ရ​ဘု​ရား မေ့​စေ​တော်​မူ​ပြီ။ အ​မျက်​တော်​အ​ရှိန်​ပြင်း၍ ရှင်​ဘု​ရင်​နှင့် ယဇ်​ပု​ရော​ဟိတ်​ကို မ​ရှု​မ​မှတ်​ပြု​တော်​မူ​ပြီ။

ထို​သို့ သင်​သည် ရွှေ​ငွေ​နှင့်​တ​ကွ၊ ဖဲ၊ ပိတ်​ချော၊ ချယ်​လှယ်​သော အ​ဝတ်​တန်​ဆာ​တို့​ကို ဆင်​လျက်၊ မုန့်​ညက်၊ ပျား​ရည်၊ ဆီ​ကို​စား​လျက်၊ အ​လွန်​တ​ရာ​လှ​သော​အ​ဆင်း​နှင့် ပြည့်​စုံ၍၊ မိ​ဖု​ရား​အ​ရာ​ကို ခံ​ရ၏။

ငါ​သည် ကိုယ်​အ​သ​ရေ​ကို သင်၌ အပ်​ပေး​သော​ကြောင့်၊ သင်​သည် လှ​သော​အ​ဆင်း​နှင့် စုံ​လင်၍၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်၌ ကျော်​စော​လေ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင့်​အစ်​မ​သောက်​သော​ခွက်၊ ကျယ်၍​ဇောက်​နက်​သော​ခွက်​ကို သင်​သောက်​ရ​မည်။ ထို​ခွက်၌ များ​စွာ​ဝင်​သည်​ဖြစ်၍၊ သင်​သည် ကဲ့​ရဲ့​ခြင်း​နှင့် ပျက်​ချော်​ခြင်း​ကို ခံ​ရ​မည်။

သင်​သည် ဣ​သ​ရေ​လ​ပြည်​ကို မ​နာ​လို​သော​စိတ်​အား​ကြီး​လျက် လက်​ခုပ်​တီး​ခြင်း၊ ခြေ​နှင့်​ဆောင့်​ခြင်း​ကို ဝမ်း​မြောက်​စွာ ပြု​သော​ကြောင့်၊

ဒေါ​သ​အ​မျက်​အ​ရှိန်​အား​ဖြင့် သင်၌ ပြင်း​စွာ​သော အ​ပြစ်​ဒဏ်​ကို ငါ​စီ​ရင်​သော​အ​ခါ၊ ပတ်​လည်၌ နေ​သော လူ​အ​မျို​မျိုး​တို့​တွင် သင်​သည် ကဲ့​ရဲ့​ပြစ်​တင်​ရာ၊ သ​တိ​ရ​ရာ၊ အံ့​ဩ​ဖွယ်​ရာ​ဖြစ်​လိမ့်​မည်။ ထို​သို့ ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အို​ဘု​ရား​ရှင်၊ ဖြောင့်​မတ်​တော်​မူ​ခြင်း တ​ရား​တော်​ရှိ​သ​မျှ​တို့​နှင့် အ​ညီ၊ သန့်​ရှင်း​သော တောင်​တော်​တည်း​ဟူ​သော ကိုယ်​တော်၏ ယေ​ရု​ရှ​လင်​မြို့​မှ ပြင်း​စွာ​သော ဒေါ​သ​အ​မျက်​တော်​ကို လွှဲ​တော်​မူ​ပါ​ဟု အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့ အ​ပြစ်​များ​မှ​စ၍ ဘိုး​ဘေး​တို့၏​အ​ပြစ်​များ​ကြောင့်၊ ယေ​ရု​ရှ​လင်​မြို့​နှင့် ကိုယ်​တော်၏​လူ​စု​သည် ပတ်​ဝန်း​ကျင်၌​ရှိ​သော သူ​တို့​တွင် ကဲ့​ရဲ့​စ​ရာ​အ​ကြောင်း ဖြစ်​ပါ၏။

အ​ကြောင်း​မူ​ကား၊ သင်​သည် ဩ​မ​ရိ​မင်း၏ စီ​ရင်​ထုံး​ဖွဲ့​ချက်​တို့​ကို​လည်း​ကောင်း၊ အာ​ဟပ်​မင်း​မျိုး ကျင့်​သော​အ​ကျင့် ရှိ​သ​မျှ​ကို​လည်း​ကောင်း ကျင့်​စောင့်၍၊ သူ​တို့၏​တိုက်​တွန်း​ရာ​သို့ လိုက်​တတ်၏။ သို့​ဖြစ်၍၊ သင့်​ကို ငါ​သုတ်​သင်​ပယ်​ရှင်း၍ မြို့​သား​တို့​ကို ဆဲ​ရေး​ရာ ဖြစ်​စေ​သ​ဖြင့်၊ သင်​သည် ငါ၏​လူ​တို့ ကဲ့​ရဲ့​ခြင်း​ကို ခံ​ရ​မည်။

သင်၏​အ​နာ​မ​ပျောက်​နိုင်။ ပြင်း​စွာ​ခံ​ရ၏။ သင်၏​သ​တင်း​ကို ကြား​သ​မျှ​သော သူ​တို့​သည် သင့်​အ​ပေါ်​မှာ လက်​ခုပ်​တီး​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို​မ​ခံ​ဘဲ လွတ်​သော​သူ​ကား အ​ဘယ်​သူ​နည်း။ ပ​ရော​ဖက်​နာ​ဟုံ စီ​ရင်​ရေး​ထား​သော အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

ထို​မြို့​က၊ ငါ​ရှိ၏။ ငါ​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ​မ​ရှိ​ဟု ဆို​လျက် သော​က​နှင့် ကင်း​လွတ်၍ ဝမ်း​မြောက်​လျက် နေ​ဖူး​သော​မြို့ ဖြစ်​ပါ​သည်​တ​ကား။ ယ​ခု​မှာ သုတ်​သင်​ပယ်​ရှင်း​ရာ၊ သား​ရဲ​အိပ်​ရာ​အ​ရပ် ဖြစ်​ပါ​သည်​တ​ကား။ လျှောက်​သွား​သော သူ​အ​ပေါင်း​တို့​သည် ကဲ့​ရဲ့​သံ​ကို​ပြု၍ လက်​ဖျား​ခါ​ကြ​လိမ့်​မည်။

လမ်း​မှာ သွား​လာ​သော​သူ​တို့​က​လည်း၊ ဗိ​မာန်​တော်​ကို ဖြို​ဖျက်၍ သုံး​ရက်​အ​တွင်း​တွင် တည်​ဆောက်​ပြန်​သော​သူ၊ ကိုယ်​ကို​ကိုယ်​ကယ်​တင်​လော့။-

လမ်း​မှာ​သွားလာ​သော သူ​တို့​က​လည်း၊ ဟဲ့၊ ဗိ​မာန်​တော်​ကို ဖြို​ဖျက်၍ သုံး​ရက်​အ​တွင်း​တွင် တည်​ဆောက်​ပြန်​သော​သူ၊-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ