Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 2:18

Judson Bible

သူ​တို့​သည် စိတ်​နှ​လုံး​ထဲ​က ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ၏။ အို ဇိ​အုန်​သ​တို့​သ​မီး၏ မြို့​ရိုး၊ သင်၏​မျက်​ရည်​သည် မြစ်​ရေ​စီး​သ​ကဲ့​သို့ နေ့​ည​မ​ပြတ် စီး​စေ​လော့။ ကိုယ်​ကို​ကိုယ် မ​ငြိမ်း​စေ​နှင့်။ သင်၏​မျက်​ဆန်​ကို​လည်း မ​ငြိမ်း​စေ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သူ​တစ်​ပါး​များ​တို့​သည် တ​ရား​တော်​ကို​မ​စောင့်​သော​ကြောင့်၊ အ​ကျွန်ုပ်​မျက်​စိ​တို့​မှ မျက်​ရည်​သည် မြစ်​ရေ​ကဲ့​သို့ စီး​ပါ​၏။

အ​ကျွန်ုပ်​သည် စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​အော်​ဟစ်​ပါ​၏။ အို​ထာ​ဝ​ရ​ဘု​ရား နား​ထောင်​တော်​မူ​ပါ။ အ​ထုံး​အ​ဖွဲ့​တော်​တို့​ကို စောင့်​ပါ​မည်။

သင်​တို့​သည် နား​မ​ထောင်​ဘဲ​နေ​လျှင်​မူ​ကား၊ သင်​တို့​မာ​န​ကြောင့်၊ ငါ့​စိတ်​ဝိ​ညာဉ်​သည် မ​ထင်​ရှား​သော​အ​ရပ်၌ ငို​ကြွေး​မည်။ ထာ​ဝ​ရ​ဘု​ရား၏​သိုး​စု​ကို သိမ်း​သွား​သော​ကြောင့်၊ ငါ့​မျက်​စိ​လည်း အ​လွန်​ငို၍ မျက်​ရည်​ကျ​မည်။

သင်​သည်​လည်း သူ​တို့​အား ပြော​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် နေ့​ည​မ​ပြတ် မျက်​ရည်​ကျ​ရ​မည်။ ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် အ​လွန်​ပြင်း​စွာ​သော ဒဏ်​ချက်​ကို​ခံ​ရ၍ အ​ရိုး​များ​ကျိုး​လေ​ပြီ။

အ​ကယ်​စင်​စစ် သား​ဖွား​သော​မိန်း​မ​ညည်း​သံ၊ သား​ဦး​ဖွား​သော မိန်း​မ၏​ဝေ​ဒ​နာ​ခံ​ရာ​အ​သံ​ကဲ့​သို့၊ ဇိ​အုန်​သ​တို့​သ​မီး အော်​ဟစ်​သံ​ကို ငါ​ကြား​ရ၏။ ထို​သ​တို့​သ​မီး​က၊ အ​ကျွန်ုပ်​သည် အ​မင်္ဂ​လာ​ရှိ​ပါ၏။ လူ​သတ်​များ​ကြောင့်၊ အ​ကျွန်ုပ်​စိတ်​ပျက်​ပါ၏​ဟု မိ​မိ​လက်​ဝါး​ကို​ဖြန့်၍ ငို​ကြွေး​လျက်​နေ၏။

ငါ၏​လူ​မျိုး​သ​တို့​သ​မီး​နှင့်​ဆိုင်​သော အ​သေ​ကောင်​များ​အ​တွက်၊ ငါ​သည်​နေ့​ည​မ​ပြတ် ငို​ရ​မည်​အ​ကြောင်း၊ ငါ့​ဦး​ခေါင်း​သည် ရေ​သက်​သက်၊ ငါ့​မျက်​စိ​တို့​သည် မျက်​ရည်​ထွက်​သော​စမ်း​ဖြစ်​ပါ​စေ​သော။

ထို​အ​ကြောင်း​ကြောင့် ငါ​သည်​ငို​ရ၏။ မျက်​ရည်​ကျ​လျက်​ရှိ၏။ ငါ့​အ​သက်​ကို ထောက်​မ၍ ငါ့​ကို နှစ်​သိမ့်​စေ​သော​သူ​သည် ငါ​နှင့်​ဝေး​ပါ၏။ ရန်​သူ​နိုင်​သော​ကြောင့် ငါ့​သား​သ​မီး​တို့​သည် ပျောက်​ပျက်​ကြ​ပြီ။

ည​အ​ခါ ပြင်း​စွာ​ငို​ကြွေး၍၊ သူ၏​ပါး​သည် မျက်​ရည်​နှင့် စို​စွတ်​လေ၏။ ရည်း​စား​အ​ပေါင်း​တို့​တွင် နှစ်​သိမ့်​စေ​သော​သူ တစ်​ယောက်​မျှ မ​ရှိ။ အ​ဆွေ​ခင်​ပွန်း​အ​ပေါင်း​တို့​သည် သ​စ္စာ​ပျက်၍ ရန်​သူ​ဖြစ်​ကြ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​သည် ဇိ​အုန်​သ​တို့​သ​မီး၏​မြို့​ရိုး​ကို ဖြို​ဖျက်​မည်​ဟု အ​ကြံ​တော်​ရှိ​သည်​အ​တိုင်း၊ ကြိုး​ကို​တန်း၍ အ​စဉ်​မ​ပြတ် ဖြို​ဖျက်​တော်​မူ​သ​ဖြင့်၊ အ​တွင်း​မြို့​ရိုး​နှင့် ပြင်​မြို့​ရိုး​တို့​သည် အ​တူ​ညည်း​တွား၍ ငို​ကြွေး​မြည်​တမ်း​ရ​မည် အ​ကြောင်း​ပြု​တော်​မူ​ပြီ။

သူ​တို့​သည် အိပ်​ရာ​ပေါ်​မှာ မြည်​တမ်း​သော်​လည်း၊ စေ​တ​နာ​စိတ်​နှင့် ငါ့​ကို မ​အော်​ဟစ်​ကြ။ ဆန်​စ​ပါး၊ စ​ပျစ်​ရည်​ကို​ရ​ခြင်း​ငှာ စည်း​ဝေး၍ ငါ့​ကို​ပုန်​ကန်​ကြ၏။

အ​ကယ်​စင်​စစ် ကျောက်​တစ်​လုံး​သည် ကျောက်​ထ​ရံ​ထဲ​က ဟစ်​ခေါ်၍၊ ထုပ်​တစ်​ချောင်း​သည် သစ်​သား​စု​ထဲ​က ထူး​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ