Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 2:12

Judson Bible

သူ​တို့​က​လည်း၊ ဆန်​စ​ပါး​နှင့် စ​ပျစ်​ရည်​သည် အ​ဘယ်​မှာ​ရှိ​သ​နည်း​ဟု၊ ရန်​သူ​ညှဉ်း​ဆဲ​သော​သူ​ကဲ့​သို့ မြို့​လမ်း၌​အား​ပျက်​လျက်၊ အ​မိ​ရင်​ခွင်၌ မိ​မိ​အ​သက်​ကို သွန်း​လျက်၊ အ​မိ​ကို မေး​တတ်​ကြ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မူ​ကား၊ ငါ့​နှ​လုံး​ကြေ​ကွဲ​ပြီ။ ဒု​က္ခ​ဆင်း​ရဲ​ခံ​ရာ​ကာ​လ​သည် ငါ့​ကို​မီ​ပြီ။

ထို​အ​ခြင်း​အ​ရာ​ကို ငါ​အောက်​မေ့၍ နေ​စဉ်​တွင်၊ ငါ့​စိတ်​နှ​လုံး​သည် ကြေ​ကွဲ​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် လူ​စု​များ​နှင့် ပေါင်း​ဖော်​လျက်၊ ရွှင်​လန်း​ခြင်း​အ​သံ၊ ထော​မ​နာ​ပြု​ခြင်း​အ​သံ​တို့​ကို ပြိုင်​ဆို၍၊ ဓ​မ္မ​ပွဲ​ခံ​သော​လူ​စု​များ​နှင့်​အ​တူ ဘု​ရား​သ​ခင်၏ အိမ်​တော်​သို့ ဖြည်း​ညင်း​စွာ သွား​လှ​လေ​ပြီ။

အို​လူ​များ​တို့၊ ဘု​ရား​သ​ခင်၌ အ​စဉ်​မ​ပြတ် ခို​လှုံ​ကြ​လော့။ ရှေ့​တော်၌ စိတ်​နှ​လုံး​ကို ဖွင့်​ပြ​ကြ​လော့။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ ဖြစ်​တော်​မူ၏။

သင်၏​သား​တို့​သည် မိန်း​မော​တွေ​ဝေ​ကြ၏။ ကျော့​ကွင်း၌​ဖမ်း​မိ​သော​စိုင်​ကဲ့​သို့ ခပ်​သိမ်း​သော လမ်း​ဝ​မှာ​အိပ်၍၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မျက်​ထွက်​တော်​မူ​ခြင်း၊ သင်၏​ဘု​ရား​သ​ခင် ဆုံး​မ​တော်​မူ​ခြင်း​နှင့် ဝ​ကြ၏။

ထို​သို့ မိ​မိ​အ​သက်​ကို သေ​ခြင်း၌​သွန်း၍၊ မ​တ​ရား​သော​သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့​ရောက်​သ​ဖြင့်၊ လူ​များ​တို့၏​အ​ပြစ်​ကို ဆောင်​ရွက်၍၊ မ​တ​ရား​သော​သူ​တို့​အ​ဖို့ တောင်း​ပန်​သော​ကြောင့်၊ လူ​ကြီး​တို့​ကို သူ၏​အ​ဖို့​ဖြစ်​စေ​ခြင်း​ငှာ ငါ​ခွဲ​မည်။ အ​စွမ်း​သ​တ္တိ​ရှိ​သော သူ​တို့​ကို သူ၏​လက်​ရ​ဥ​စ္စာ​ကဲ့​သို့၊ ကိုယ်​တိုင် ဝေ​ဖန်​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။

ထို​သူ​တို့​သည် သင်၏​အ​သီး​အ​နှံ​နှင့် သင်၏​မုန့်​ကို​စား​ကြ​လိမ့်​မည်။ သင်၏​သား​သ​မီး​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်၏​သိုး​နွား​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်၏​စ​ပျစ်​နွယ်​ပင်​နှင့် သင်္ဘော​သ​ဖန်း​ပင်​တို့​ကို​လည်း စား​ကြ​လိမ့်​မည်။ သင်​ခို​လှုံ၍ ခိုင်​ခံ့​သော​မြို့​တို့​ကို​လည်း​တိုက်၍ လုပ်​ကြံ​ကြ​လိမ့်​မည်။

သူ၏​လူ​အ​ပေါင်း​တို့​သည် ညည်း​တွား​လျက်၊ မုန့်​ကို​ရှာ​လျက် နေ​ကြ၏။ သေ​ဘေး​နှင့် လွတ်​ခြင်း​ငှာ မိ​မိ​စည်း​စိမ်​ကို စား​စ​ရာ​ဖို့ စွန့်​ရ၏။ အို​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​သည် ရှုတ်​ချ​ခြင်း​ကို ခံ​ရ​သော​ကြောင့် ကြည့်​ရှု​ဆင်​ခြင်​တော်​မူ​ပါ။

နို့​စို့​က​လေး​သည် နို့​ငတ်​သော​ကြောင့်၊ လျှာ​သည် အာ​ခေါင်၌ ကပ်​လျက်​ရှိ၏။ သူ​ငယ်​တို့​သည် မုန့်​ကို​တောင်း၍ အ​ဘယ်​သူ​မျှ​မ​ပေး။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ကို ငါ​ခိုင်​မာ​စေ၍၊ ငါ့​ဓား​ကို သူ့​လက်၌ အပ်​မည်။ ဖာ​ရော​မင်း၏ လက်​ရုံး​တို့​ကို ငါ​ချိုး​သ​ဖြင့်၊ သူ​သည် အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​သော​သူ အော်​ဟစ်​သ​ကဲ့​သို့၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ရှေ့​မှာ အော်​ဟစ်​ရ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ