Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 2:13

Judson Bible

အို ယေ​ရု​ရှ​လင်​သ​တို့​သ​မီး၊ သင်၏​အ​မှု၌​အ​ဘယ်​သက်​သေ​ကို ငါ​ပြ​ရ​မည်​နည်း။ အို​ဇိ​အုန်​သ​တို့ သ​မီး​က​ညာ၊ သင့်​ကို​နှစ်​သိမ့်​စေ​ခြင်း​ငှာ၊ သင်​နှင့်​အ​ဘယ်​သူ​ကို ငါ​ခိုင်း​နှိုင်း​ရ​မည်​နည်း။ သင်၏​ပြို​ပျက်​ရာ​သည် သ​မု​ဒ္ဒ​ရာ​ကဲ့​သို့ ကျယ်​သော​ကြောင့် အ​ဘယ်​သူ ပြု​ပြင်​နိုင်​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်​သည် ဗာ​လ​ပေ​ရ​ဇိမ်​မြို့​သို့​သွား၍ သူ​တို့​ကို​လုပ်​ကြံ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား​သည် ရေ​ထ၍ ဖြို​ဖျက်​သ​ကဲ့​သို့၊ ငါ့​ရန်​သူ​တို့​ကို ငါ့​ရှေ့​မှာ ဖြို​ဖျက်​တော်​မူ​ပြီ​ဟု ဆို​လျက်၊ ထို​အ​ရပ်​ကို ဗာ​လ​ပေ​ရ​ဇိမ်​အ​မည်​ဖြင့် တွင်​စေ​သ​တည်း။

ထို​မင်း၏​အ​မှု​မှာ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဟူ​မူ​ကား၊ ဇိ​အုန်​သ​တို့​သ​မီး​က​ညာ​သည် သင့်​ကို မ​ထီ​မဲ့​မြင်​ပြု၍ ပြက်​ရယ်၏။ ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​သည် သင့်​နောက်၌ ခေါင်း​ညိတ်၏။

မြေ​ကြီး​ကို လှုပ်၍ ခွဲ​တော်​မူ​ပြီ။ ကွဲ​အက်​ရာ​တို့​ကို တစ်​ဖန် စေ့​စပ်​စေ​တော်​မူ​ပါ။ တုန်​လှုပ်​လျက် ရှိ​ပါ​သေး၏။

ထို​မင်း၏​အ​မှု​မှာ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဟူ​မူ​ကား၊ ဇိ​အုန်​သ​တို့​သ​မီး​က​ညာ​သည် သင့်​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ပြက်​ရယ်၏။ ယေ​ရု​ရှ​လင်​သ​တို့​သ​မီး​သည် သင့်​နောက်၌ ခေါင်း​ညိတ်၏။

သင်​သည်​လည်း သူ​တို့​အား ပြော​ရ​မည့်​စ​ကား​ဟူ​မူ​ကား၊ ငါ​သည် နေ့​ည​မ​ပြတ် မျက်​ရည်​ကျ​ရ​မည်။ ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် အ​လွန်​ပြင်း​စွာ​သော ဒဏ်​ချက်​ကို​ခံ​ရ၍ အ​ရိုး​များ​ကျိုး​လေ​ပြီ။

ကိုယ်​တော်​သည် ယု​ဒ​ပြည်​ကို အ​ကုန်​အ​စင်​ပယ်​တော်​မူ​သ​လော။ ဇိ​အုန်​မြို့​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ​သ​လော။ ချမ်း​သာ​မ​ရ​အောင် အ​ကျွန်ုပ်​တို့​ကို အ​ဘယ်​ကြောင့် ဒဏ်​ခတ်​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ငြိမ်​သက်​ခြင်း​ကို​မျှော်​လင့်​သော်​လည်း၊ ကောင်း​ကျိုး​ကို မ​ရ​ကြ​ပါ။ ချမ်း​သာ​ကို မျှော်​လင့်​သော်​လည်း၊ ဘေး​နှင့်​သာ​တွေ့​ရ​ကြ​ပါ၏။

ဂိ​လဒ်​ပြည်၌ ဗာ​လ​ဇံ​ပင်​အ​စေး​မ​ရှိ​သ​လော။ ထို​ပြည်၌ ဆေး​သ​မား​မ​ရှိ​သ​လော။ ရှိ​လျက်​ပင် ငါ၏​လူ​မျိုး​သ​တို့​သ​မီး​သည် အ​ဘယ်​ကြောင့် အ​နာ​မှ မ​ထ​မြောက်​သ​နည်း။

ငါ​တို့​သည် မျက်​ရည်​ကျ၍၊ မျက်​ခမ်း​ထဲ​က​တွေ​တွေ စီး​ထွက်​စေ​ခြင်း​ငှာ၊ ထို​မိန်း​မ​တို့​သည် အ​လျင်​အ​မြန်​ပြု၍၊ ငါ​တို့​အ​တွက် ငို​ကြွေး​ခြင်း​ကို ပြု​ကြ​စေ။

အို ခ​ရီး​သွား​သော​သူ အ​ပေါင်း​တို့၊ ကြည့်​ရှု​ဆင်​ခြင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ပြင်း​စွာ အ​မျက်​တော်​ထွက်​သော​နေ့၌ ငါ့​ကို​ညှဉ်း​ဆဲ၍၊ ဖြစ်​စေ​တော်​မူ​သော ဒု​က္ခ​နှင့်​တူ​သော ဒု​က္ခ​ရှိ​သ​လော။

ဖာ​ရော​ဘု​ရင်​သည် ထို​လူ​များ​တို့​ကို​မြင်၍၊ ဓား​ဖြင့်​သေ​သော မိ​မိ​လူ​အ​လုံး​အ​ရင်း​ရှိ​သ​မျှ​တို့​ကြောင့် ပူ​ပန်​သော​စိတ်​လျော့၍၊ ဖာ​ရော​ဘု​ရင်​နှင့် မိ​မိ​ဗိုလ်​ခြေ​အ​ပေါင်း​တို့​သည် သက်​သာ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အ​ကျွန်ုပ်​တို့​တစ်​ဖက်၊ အ​ကျွန်ုပ်​တို့​ကို​အုပ်​သော တ​ရား​သူ​ကြီး​တို့ တစ်​ဖက်၌ မိန့်​တော်​မူ​သော စ​ကား​တော်​ကို တည်​စေ၍၊ အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ ကြီး​စွာ​သော​ဘေး​ဥ​ပဒ်​ကို ရောက်​စေ​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ယေ​ရု​ရှ​လင်​မြို့၌ ဘေး​ရောက်​သ​ကဲ့​သို့ ကောင်း​ကင်​အောက်​တွင် အ​ဘယ်​အ​ရပ်၌​မျှ မ​ရောက်​စ​ဖူး​ပါ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ