မြည်တမ်းစကား 2:11Judson Bibleငါ၏လူမျိုး သတို့သမီးပျက်စီးသောကြောင့်၊ ငါသည်မျက်ရည်ကျ၍ မျက်စိပျက်လေပြီ။ ဝမ်း၌ ဆူလှိုက်ခြင်းရှိ၍ အသည်းလည်း မြေပေါ်မှာ သွန်းလျက်ရှိ၏။ အကြောင်းမူကား၊ သူငယ်နှင့် နို့စို့ကလေးတို့သည် မြို့လမ်း၌ အားပျက်လျက်နေကြ၏။ အခန်းကိုကြည့်ပါ။ |
ယခုမှာ ဣသရေလမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့သည် ကိုယ်ကိုကိုယ် ပယ်ဖြတ်လိုသောငှာလည်းကောင်း၊ မြေကြီးပေါ်မှာ လူအမျိုးမျိုးတို့တွင် ကဲ့ရဲ့ကျိန်ဆဲရာ ဖြစ်လိုသောငှာလည်းကောင်း၊ သွား၍နေသော အဲဂုတ္တုပြည်၌ အခြားတစ်ပါးသော ဘုရားတို့အား နံ့သာပေါင်းကို မီးရှို့လျက်၊ ကိုယ်တိုင်ပြုသောအမှုနှင့် ငါ၏အမျက်ကိုနှိုးဆော်သဖြင့်၊ သင်တို့တွင် တစ်ယောက်မျှ မကြွင်း၊ ယုဒအမျိုး ယောက်ျားမိန်းမ၊ သူငယ်နို့စို့ကလေးအပေါင်းတို့ကို ပယ်ဖြတ်မည်အကြောင်း၊ ကြီးစွာသော ဒုစရိုက်ကို ကိုယ်စိတ်ဝိညာဉ်တစ်ဖက်၌ အဘယ်ကြောင့် ပြုကြသနည်း။
ငါ၏လူမျိုး သတို့သမီးအော်ဟစ်သံကို ဝေးသောပြည်က ကြားရ၏။ ထာဝရဘုရားသည် ဇိအုန်မြို့၌ ရှိတော်မမူသလော။ မိမိရှင်ဘုရင်သည် မြို့ထဲ၌ ရှိတော်မမူသလော။ တစ်ကျွန်းတစ်နိုင်ငံနှင့်ဆိုင်သော အချည်းနှီးအရာ၊ ရုပ်တုဆင်းတုအားဖြင့် သူတို့သည် ငါ့အမျက်ကိုနှိုးဆော်ခြင်းငှာ အဘယ်ကြောင့် ပြုကြသနည်း။