Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 2:10

Judson Bible

ဇိ​အုန်​သ​တို့​သ​မီး၏ အ​သက်​ကြီး​သူ​တို့​သည် မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ​ပစ်​တင်​လျက်၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ မြေ​ပေါ်​မှာ​ထိုင်၍ တိတ်​ဆိတ်​စွာ​နေ​ကြ၏။ ယေ​ရု​ရှ​လင်​မြို့​သူ​က​ညာ​တို့​သည် ခေါင်း​ကို ငိုက်​ဆိုက်​ညွှတ်​လျက် နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

တာ​မာ​သည်​လည်း ခေါင်း​ပေါ်​မှာ ပြာ​ကို​တင်၍ အ​ဆင်း​အ​ရောင်​ထူး​ခြား​သော အ​ဝတ်​ကို​ဆုတ်​ပြီး​မှ၊ ခေါင်း​ပေါ်၌​လက်​တင်၍ ငို​ကြွေး​လျက် ပြန်​သွား၏။

လမ်း​ခ​ရီး​တို့​တွင် လျှော်​တေ​အ​ဝတ်​ကို ဝတ်​ကြ၍၊ အိမ်​မိုး​ပေါ်၌​လည်း​ကောင်း၊ လမ်း​မ၌​လည်း​ကောင်း ရှိ​သ​မျှ​သော​သူ​တို့​သည် ညည်း​တွား​မြည်​တမ်း၍၊ အ​လွန် မျက်​ရည်​ကျ​ကြ၏။

မွှေး​သော​အ​နံ့​အ​ရာ၌ ပုပ်​စပ်​သော​အ​နံ့၊ ခါး​စည်း​အ​ရာ၌ ခါး​ကြိုး၊ ကျစ်​သော​ဆံ​ပင်​အ​ရာ၌ ခေါင်း​တုံး​ခြင်း၊ ရင်​စည်း​တန်​ဆာ​အ​ရာ၌ လျှော်​တေ​ကြိုး၊ လှ​သော​အ​ဆင်း​အ​ရာ၌ သံ​ပူ​ထိုး​ချက်​ရာ ဖြစ်​ရ​လိမ့်​မည်။

သူ၏​တံ​ခါး​တို့​သည် ငို​ကြွေး​မြည်​တမ်း၍၊

ထို​အ​ခါ ဟိ​လ​ခိ​သား​ဖြစ်​သော နန်း​တော်​အုပ် ဧ​လျာ​ကိမ်၊ စာ​ရေး​တော်​ကြီး ရှေ​ဗ​န၊ အာ​သပ်​သား အ​တွင်း​ဝန်​ယော​အာ​တို့​သည် မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်​လျက်၊ ဟေ​ဇ​ကိ​မင်း​ထံ​သို့​လာ၍၊ ရာ​ဗ​ရှာ​ခ​စ​ကား​ကို ကြား​လျှောက်​ကြ၏။

အို ဗာ​ဗု​လုန် သ​တို့​သ​မီး​က​ညာ၊ ဆင်း၍ မြေ​မှုန့်၌​ထိုင်​လော့။ အို ခါ​လ​ဒဲ​သ​တို့​သ​မီး၊ ရာ​ဇ​ပ​လ္လင်​မ​ရှိ​ဘဲ မြေ​ပေါ်​မှာ​ထိုင်​လော့။ သင့်​ကို နူး​ညံ့​သိမ်​မွေ့​သော​သူ​ဟူ၍ နောက်​တစ်​ဖန်​မ​ခေါ်​ရ။

အို ခါ​လ​ဒဲ​သ​တို့​သ​မီး၊ တိတ်​ဆိတ်​စွာ ထိုင်​လော့။ မိုက်​ရာ​သို့ သွား​လော့။ သင့်​ကို နိုင်​ငံ​တို့၏​အ​ရှင်​မ​ဟူ၍ နောက်​တစ်​ဖန် မ​ခေါ်​ရ။

ငါ​တို့​သည် အ​ဘယ်​ကြောင့် ထိုင်​လျက်​နေ​ကြ​သ​နည်း။ စု​ဝေး​ကြ​ကုန်​အံ့၊ ခိုင်​ခံ့​သော မြို့​များ​အ​ထဲ​သို့​ဝင်၍ တိတ်​ဆိတ်​စွာ နေ​ကြ​ကုန်​အံ့။ ငါ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သော​ကြောင့်၊ ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို တိတ်​ဆိတ်​စွာ​နေ​စေ၍၊ ဆေး​ခါး​နှင့်​ရော​သော ရေ​ကို​တိုက်​တော်​မူ၏။

စည်​ပင်​ခဲ့​သော​မြို့​သည် လူ​ဆိတ်​ညံ​လျက် ထိုင်​လေ​သည်​တ​ကား၊ လူ​မျိုး​တို့​တွင် ကြီး​မြတ်​ဖူး​သော သ​တို့​သ​မီး​သည် မု​ဆိုး​မ​ကဲ့​သို့​ဖြစ်၏။ အ​ပြည်​ပြည်​တို့၏​သ​ခင်​မ​သည် အ​ခွန်​ပေး​ရ၏။

အ​ဘယ်​သူ​မျှ ပွဲ​သ​ဘင်​သို့ မ​လာ​သော​ကြောင့်၊ ဇိ​အုန်​လမ်း​တို့​သည် ညည်း​တွား​ကြ၏။ သူ၏​မြို့​တံ​ခါး​ရှိ​သ​မျှ​တို့​သည် လူ​ဆိတ်​ညံ​လျက် ရှိ​ကြ၏။ သူ၏​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ညည်း​တွား​ကြ၏။ သူ၏​သ​မီး​က​ညာ​တို့​သည်​လည်း နာ​ကြည်း​သော​စိတ်​ရှိ၍၊ သူ​သည် ကိုယ်​တိုင် ညှိုး​ငယ်​လျက်​နေ​ရ၏။

ထမ်း​ပိုး​ကို တင်​တော်​မူ​သော​ကြောင့် တစ်​ယောက်​တည်း​ထိုင်၍ ငြိမ်​ဝပ်​စွာ​နေ​စေ။

ထာ​ဝ​ရ​ဘု​ရား​သည် အ​မျက်​တော်​ထွက်၍ သူ​တို့​ကို ကွဲ​ပြား​စေ​တော်​မူ​ပြီ။ သူ​တို့​အ​မှု​ကို ကြည့်​ရှု​တော်​မ​မူ။ သူ​တစ်​ပါး​တို့​သည်​လည်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​ကို မ​ရို​သေ၊ အ​သက်​ကြီး​သူ​တို့​ကို အား​မ​နာ​ဘဲ​နေ​ကြ၏။

ကောင်း​မွန်​စွာ စား​တတ်​သော သူ​တို့​သည် ကိုး​ကွယ်​ရာ​မ​ရှိ၊ လမ်း၌​နေ​ကြ၏။ နီ​မောင်း​သော အိပ်​ရာ​ပေါ်​မှာ ပျော်​မွေ့​ဖူး​သော သူ​တို့​သည် နောက်​ချေး​ပုံ​ကို ဖက်​ရ​ကြ၏။

မှူး​မတ်​တို့​ကို လက်​ဖြင့် ဆွဲ​ထား​ကြ​ပါ၏။ အ​သက်​ကြီး​သူ​တို့​ကို​လည်း မ​ရို​သေ​ကြ​ပါ။

အ​သက်​ကြီး​သူ​တို့​သည် မြို့​တံ​ခါး​ဝ၌​လည်း​ကောင်း၊ လူ​ပျို​တို့​သည် ပွဲ​သ​ဘင်၌​လည်း​ကောင်း ကွယ်​ပျောက်​ကြ​ပါ၏။

သင့်​အ​ဖို့​အော်​ဟစ်၍ ပြင်း​စွာ​ငို​ကြွေး​ကြ​လိမ့်​မည်။ မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ ပစ်​တင်၍ ပြာ၌​လူး​ကြ​လိမ့်​မည်။

ဆံ​ပင်​ကို​လည်း​ဖြတ်၍ လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ ညှိုး​ငယ်​သော​စိတ်​နှင့် သင့်​အ​ဖို့ ပြင်း​စွာ ငို​ကြွေး​မြည်​တမ်း​ရ​သည်​ကား၊

သူ​တို့​သည်​လည်း လျှော်​တေ​အ​ဝတ်​ကို ဝတ်​စည်း​လျက်၊ ပြင်း​စွာ​သော ထိတ်​လန့်​ခြင်း​နှင့် ကိုယ်​ကို​ခြုံ​လျက်၊ တစ်​ယောက်​မျှ မ​ကြွင်း၊ မျက်​နှာ​ရှက်​ကြောက်​လျက်၊ ဆံ​ပင်​ဖြတ်​လျက် ရှိ​ကြ​လိမ့်​မည်။

အ​သက်​ငယ်​စဉ် လက်​ထပ်​သော ခင်​ပွန်း​အ​တွက် လျှော်​တေ​အ​ဝတ်​ကို​ဝတ်​သော သ​တို့​သ​မီး​ကဲ့​သို့ ငို​ကြွေး မြည်​တမ်း​လော့။

ထို​သို့​သော​ကာ​လ​သည် ဆိုး​ယုတ်​သော​ကာ​လ ဖြစ်​သော​ကြောင့်၊ ပ​ညာ​ရှိ​သော​သူ​သည် တိတ်​ဆိတ်​စွာ နေ​လိမ့်​မည်။

ထို​ကာ​လ၌ အ​ဆင်း​လှ​သော သ​တို့​သ​မီး​က​ညာ​များ​နှင့် လု​လင်​များ​တို့​သည် ရေ​ငတ်၍ မော​ကြ​လိမ့်​မည်။

ထို​ကာ​လ၌ နန်း​စဉ်​က​ချေ​သည်​တို့​သည် မြည်​တမ်း​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ များ​စွာ​သော အ​သေ​ကောင်​ရှိ၍၊ လူ​တို့​သည် တိတ်​ဆိတ်​စွာ ပစ်​ချ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

နိ​နေ​ဝေ​မင်း​ကြီး​သည် ထို​သ​တင်း​ကို​ကြား​သော​အ​ခါ နန်း​တော်​မှ​ဆင်း၍ မင်း​မြောက်​တန်​ဆာ​ကို​ချွတ်​ပြီး​မှ၊ လျှော်​တေ​အ​ဝတ်​ကို ဝတ်၍ ပြာ​ထဲ၌ ထိုင်​တော်​မူ၏။

ထို​အ​ခါ ယော​ရှု​သည် မိ​မိ​အ​ဝတ်​ကို​ဆုတ်၍ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​တို့​နှင့်​တ​ကွ၊ မိ​မိ​တို့​ခေါင်း​ပေါ်၌ မြေ​မှုန့်​ကို​တင်၍ ထာ​ဝ​ရ​ဘု​ရား၏​သေ​တ္တာ​တော်​ရှေ့​မှာ ညဉ့်​ဦး​တိုင်​အောင် ဝပ်​လျက်​နေ​ကြ၏။

ဖြစ်​ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း၊ ပင်​လယ်​ကူး​သော သင်္ဘော​ကို​ပိုင်​သော သူ​အ​ပေါင်း​တို့​အား ကိုယ်​စည်း​စိမ်​ကို​ပေး၍ ငွေ​ရ​တတ်​စေ​သော မြို့​ကြီး၊ တစ်​နာ​ရီ​ချင်း​တွင် ပျက်​စီး​ပါ​ပြီ တ​ကား​ဟူ၍​လည်း​ကောင်း အော်​ဟစ်​လျက်၊ မြေ​မှုန့်​ကို မိ​မိ​တို့​ခေါင်း​ပေါ်​မှာ ပစ်​တင်​လျက် ငို​ကြွေး၍ စိတ်​မ​သာ ညည်း​တွား​ကြ​လိမ့်​မည်။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ