Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 1:3

Judson Bible

ယု​ဒ​သ​တို့​သ​မီး​သည် ညှဉ်း​ဆဲ​ခြင်း၊ ကြမ်း​တမ်း​စွာ စေ​စား​ခြင်း​ကို​ခံ​ရ​သော​ကြောင့် ပြောင်း​သွား​ပြီ။ သာ​သ​နာ​ပ​လူ​တို့ အ​ထဲ​မှာ​နေ​လျက် ချမ်း​သာ​မ​ရ။ လိုက်​သော သူ​အ​ပေါင်း​တို့​သည် ကျဉ်း​မြောင်း​ရာ၌ မီ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

22 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် မြို့​ထဲ​မှာ​ကျန်​ကြွင်း​သော​သူ၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ဘက်​သို့ ကူး​သွား​နှင့်​သော​သူ၊ ကြွင်း​သ​မျှ​သော​သူ​တို့​ကို သိမ်း​သွား​လေ၏။

ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​သည် ဟာ​မတ်​ပြည်​ရိ​ဗ​လ​မြို့၌ ထို​သူ​တို့​ကို ဒဏ်​ပေး၍ ကွပ်​မျက်​လေ၏။ ထို​သို့ ယု​ဒ​အ​မျိုး​သည် မိ​မိ​ပြည်​မှ သိမ်း​သွား​ခြင်း​ကို ခံ​ရ​သ​တည်း။

ခါ​လ​ဒဲ လူ​တို့​သည် မြို့​ရိုး​ကို​ဖြို​ဖောက်၍ မြို့​ကို​လည်း ဝိုင်း​နေ​သော​ကြောင့်၊ မြို့​သား​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် ည​အ​ခါ​ပြေး၍ မြို့​ရိုး​နှစ်​ထပ်​စပ်​ကြား ဥ​ယျာဉ်​တော်​နား တံ​ခါး​ဝ​ဖြင့်​ထွက်​ပြီး​မှ လွင်​ပြင်​သို့​သွား​ကြ၏။

ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​သည် ရှင်​ဘု​ရင်​ကို​လိုက်၍ ယေ​ရိ​ခေါ​လွင်​ပြင်၌ မီ​သ​ဖြင့်၊ ဇေ​ဒ​ကိ​မင်း၏ စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် လွင့်​ပြေး​ကြ၏။

တောင်​ဘက်​မြို့​တို့​ကို ပိတ်​ထား၍ အ​ဘယ်​သူ​မျှ မ​ဖွင့်​ရ။ ယု​ဒ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​ကို သိမ်း​သွား​ကြ​ပြီ။ အ​ကုန်​အ​စင် သိမ်း​သွား​ကြ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် တံ​ငါ​အ​များ​တို့​ကို စေ​လွှတ်၍၊ ဤ​လူ​မျိုး​ကို မျှား​စေ​မည်။ ထို​နောက်၊ မု​ဆိုး​အ​များ​တို့​ကို စေ​လွှတ်၍၊ ခပ်​သိမ်း​သော တောင်​ကြီး​တောင်​ငယ်၊ ချောက်​ကြား​တို့၌ ရှာ​စေ​မည်။

သူ​တို့​သည် ငါ​နှင်​ရာ​အ​ရပ်​ရပ်​တို့၌ ကဲ့​ရဲ့​ခြင်း၊ ပုံ​ခိုင်း​ခြင်း၊ ဆဲ​ရေး​ခြင်း၊ ကျိန်​ခြင်း​တို့​ကို ခံ​ရ​မည်​အ​ကြောင်း၊ ငါ​သည် မြေ​ပေါ်​မှာ တိုင်း​နိုင်​ငံ​ရှိ​သ​မျှ​တို့၌ နှောင့်​ယှက်​ညှဉ်း​ဆဲ​ခြင်း​သို့ သူ​တို့​ကို အပ်​လိုက်​မည်။

ထို​အ​ခါ ကိုယ်​ရံ​တော်​မှူး နေ​ဗု​ဇာ​ရ​ဒန်​သည် မြို့​ထဲ​မှာ​ကျန်​ကြွင်း​သော​သူ၊ ခါ​လ​ဒဲ​လူ​ဘက်​သို့ ကူး​သွား​နှင့်​သော​သူ၊ ကျန်​ကြွင်း​သ​မျှ​သော သူ​တို့​ကို ဗာ​ဗု​လုန်​မြို့​သို့ သိမ်း​သွား​လေ၏။

ထို​အ​ခါ ကိုယ်​ရံ​တော်​မှူး​နေ​ဗု​ဇာ​ရ​ဒန်​သည် မြို့​ထဲ​မှာ ကျန်​ကြွင်း​သော​ဆင်း​ရဲ​သား၊ ဗာ​ဗု​လုန်​ရှင်​ဘု​ရင်​ဘက်​သို့ ကူး​သွား​နှင့်​သော​မြို့​သား၊ ကြွင်း​သ​မျှ​သော​သူ​တို့​ကို သိမ်း​သွား​လေ၏။

ခါ​လ​ဒဲ​စစ်​သူ​ရဲ​တို့​သည် ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​ကို လိုက်၍၊ ယေ​ရိ​ခေါ​လွင်​ပြင်၌​မီ​သ​ဖြင့် ဇေ​ဒ​ကိ​မင်း၏​စစ်​သူ​ရဲ​အ​ပေါင်း​တို့​သည် လွင့်​ပြေး​ကြ၏။

မြို့​တံ​ခါး​ရွက်​တို့​သည် မြေ၌​မြှုပ်​လျက်​ရှိ​ကြ၏။ ကန့်​လန့်​ကျင်​တို့​ကို ချိုး​ဖဲ့​တော်​မူ​ပြီ။ ရှင်​ဘု​ရင်​နှင့် မင်း​သား​တို့​သည် သာ​သ​နာ​ပ​လူ​တို့​တွင် နေ​ရ​ကြ၏။ တ​ရား​တော်​မ​ရှိ။ ပ​ရော​ဖက်​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ကို မ​ခံ​မ​ရ​ကြ။

သွား​ကြ။ မ​စင်​ကြယ်​သော​သူ​တို့၊ သွား​ကြ၊ သွား​ကြ။ မ​ထိ​ကြ​နှင့်​ဟု သူ​တစ်​ပါး​တို့​သည် ဟစ်​တတ်​ကြ၏။ အ​ဝေး​သို့​ပြေး၍ အ​ရပ်​ရပ်​သို့​လှည့်​လည်​ရ​သော​အ​ခါ သာ​သ​နာ​ပ​လူ​တို့​က၊ သူ​တို့​သည် မ​တည်း​မ​နေ​ရ​ဟု ဆို​တတ်​ကြ၏။

ထမ်း​ပိုး​ကို အ​စဉ်​ထမ်း​ရ​ပါ၏။ မ​ရပ်​မ​နေ​ဘဲ လုပ်​ကိုင်​ရ​ပါ၏။

သင်၏​သုံး​စု​တို့​တွင်၊ တစ်​စု​သည် နာ​ဘေး​ဖြင့်​သေ၍၊ သင်၏​အ​လယ်၌ မွတ်​သိပ်​ခြင်း​ဘေး​ဖြင့် ဆုံး​ရ​လိမ့်​မည်။ တစ်​စု​သည် သင့်​ပတ်​လည်၌ ဓား​ဘေး​ဖြင့်​လဲ၍ သေ​ရ​လိမ့်​မည်။ တစ်​စု​ကို အ​ရပ်​ရပ်​တို့​က​လာ​သော လေ​ရှေ့​မှာ ငါ​လွှင့်၍၊ သူ့​နောက်​သို့ ဓား​ကို​လွှတ်​လိုက်​မည်။

ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သော ရန်​သူ၏​အ​မှု​ကို သင်​သည် မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​နှင့်​တ​ကွ၊ အ​ရာ​ရာ၌ ဆင်း​ရဲ​စွာ ဆောင်​ရွက်​ရ​လိမ့်​မည်။ သင်​သည် မ​ပျက်​စီး​မီ​တိုင်​အောင် သင့်​လည်​ပင်း၌ သံ​ထမ်း​ပိုး​ကို တင်​ထား​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ