Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



မြည်​တမ်း​စ​ကား 1:4

Judson Bible

အ​ဘယ်​သူ​မျှ ပွဲ​သ​ဘင်​သို့ မ​လာ​သော​ကြောင့်၊ ဇိ​အုန်​လမ်း​တို့​သည် ညည်း​တွား​ကြ၏။ သူ၏​မြို့​တံ​ခါး​ရှိ​သ​မျှ​တို့​သည် လူ​ဆိတ်​ညံ​လျက် ရှိ​ကြ၏။ သူ၏​ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း ညည်း​တွား​ကြ၏။ သူ၏​သ​မီး​က​ညာ​တို့​သည်​လည်း နာ​ကြည်း​သော​စိတ်​ရှိ၍၊ သူ​သည် ကိုယ်​တိုင် ညှိုး​ငယ်​လျက်​နေ​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သူ၏​တံ​ခါး​တို့​သည် ငို​ကြွေး​မြည်​တမ်း၍၊

အ​သံ​ကို ကြား​ရ၏။ အ​နီး​သို့​လာ၏။ ယု​ဒ​မြို့​တို့​ကို ဖျက်​ဆီး၍၊ မြေ​ခွေး​နေ​ရာ​တွင်း​ဖြစ်​စေ​ခြင်း​ငှာ၊ ကြီး​သော အ​သံ​ဗ​လံ​သည် မြောက်​မျက်​နှာ​က​လာ၏။

ယု​ဒ​ပြည်​သည်​ညည်း​တွား၏။ မြို့​တံ​ခါး​တို့၌ မြည်​တမ်း​သော အ​သံ​ရှိ၏။ နက်​သော​အ​ဝတ်​ကို မြေ​တိုင်​အောင်​ဝတ်၍၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့၏​ငို​ကြွေး​ခြင်း​အ​သံ​သည် တက်​လေ၏။

ငါ​သည် ယေ​ရု​ရှ​လင်​မြို့​ကို အ​မှိုက်​ပုံ၊ မြေ​ခွေး​နေ​ရာ​တွင်း ဖြစ်​စေ​မည်။ ယု​ဒ​မြို့​ရွာ​တို့​ကို​လည်း၊ လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​မည်။

အ​ကျွန်ုပ် ညည်း​တွား​သံ​ကို​ကြား​သော​သူ​တို့​တွင်၊ နှစ်​သိမ့်​စေ​သော​သူ တစ်​ယောက်​မျှ​မ​ရှိ​ပါ။ အ​ကျွန်ုပ်၌ ရောက်​သော​အ​မှု​ကို အ​ကျွန်ုပ်၏ ရန်​သူ​အ​ပေါင်း​တို့​သည် ကြား​ရ​ကြ​ပါ​ပြီ။ ကိုယ်​တော်​ပြု​တော်​မူ​သည်​ကို ဝမ်း​မြောက်​ကြ​ပါ၏။ ကိုယ်​တော်​ချိန်း​ချက်​သော နေ့​ရက်​ကို ရောက်​စေ​တော်​မူ​သော​အ​ခါ၊ သူ​တို့​သည် အ​ကျွန်ုပ်​ကဲ့​သို့​ပင် ဖြစ်​ကြ​ပါ​စေ​သော။

လူ​ပျို​တို့​သည် ကြိတ်​ဆုံ​ကို ထမ်း​ရ​ကြ​ပါ၏။ သူ​ငယ်​တို့​သည်​လည်း ထင်း​အောက်​မှာ လဲ​ရ​ကြ​ပါ၏။

အ​သက်​ကြီး​သူ​တို့​သည် မြို့​တံ​ခါး​ဝ၌​လည်း​ကောင်း၊ လူ​ပျို​တို့​သည် ပွဲ​သ​ဘင်၌​လည်း​ကောင်း ကွယ်​ပျောက်​ကြ​ပါ၏။

ဗာ​လ​ဘု​ရား​တို့​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့၍ နှာ​ခေါင်း​ဆွဲ​နှင့် လည်​ဆွဲ​တန်​ဆာ​ကို ဆင်​လျက် ရည်း​စား​များ​နောက်​သို့ လိုက်​သ​ဖြင့်၊ ငါ့​ကို မေ့​လျော့၍ ဗာ​လ​ဘု​ရား​တို့ လက်​ထက်၌ ပြု​မိ​သော​အ​ပြစ်​နှင့် အ​လျောက် ငါ​စီ​ရင်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သင်​တို့၏​သား​သ​မီး​များ​ကို ချီ​သွား၍၊ သင်​တို့၏​တိ​ရ​စ္ဆာန်​များ​ကို ဖျက်​ဆီး​လျက်၊ သင်​တို့​ကို​နည်း​စေ​ခြင်း​ငှာ၊ သား​ရဲ​များ​ကို​ငါ​စေ​လွှတ်​သ​ဖြင့်၊ သင်​တို့​သွား​ရာ​လမ်း​မ​တို့​သည် လူ​ဆိတ်​ညံ​ရာ​ဖြစ်​ကြ​လိမ့်​မည်။

ထို​ကြောင့်၊ သင်​တို့​အ​တွက် ဇိ​အုန်​တောင်​သည် လယ်​ကဲ့​သို့ ထွန်​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း မြေ​ပုံ​များ ဖြစ်​လိမ့်​မည်။ ဗိ​မာန်​တော်​တောင်​သည်​လည်း၊ တော​တောင်​ကဲ့​သို့ ဖြစ်​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ